Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

"သူရဲကောင်းရဲ့နောက်မှာ သူရဲကောင်းတွေရှိတယ်..."



သူရဲကောင်းရဲ့နောက်မှာ သူရဲကောင်းတွေရှိတယ်။

 
သတ္တိကောင်းသူရဲ့နောက်မှာ သတ္တိကောင်းသူတွေ ရှိတယ်။

သူခိုးကြမ်းပိုးနောက်မှာ သူခိုးကြမ်းပိုးတွေရှိတယ်။

ချစ်နိုင်(စိတ်ပညာ)

+++++++++++++++++++++++++++

လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကိုမျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကိုမျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။
(အမည်မသိ)

+++++++++++++++++++++++++++


လူတွေဟာ ပြောလို့မရဘူး။ မကြားဘူး။
ပြောရင် နားထောင်တယ်။ လိုက်မလုပ်ဘူး။
ပြရင် ကြည့်တယ်။မြင်တယ်။ လိုက်လုပ်တယ်။ထိရောက်တယ်။
ခေါင်းဆောင်ရဲ့ဥပဒေသ ဟာ စံနမူနာပြတာပါ။
ဒါကြောင့် စံနမူနာပြလိုက်ပါ။


ချစ်နိုင်(စိတ်ပညာ)


+++++++++++++++++++++++++++

လူဟာ တိရိစ္ဆာန်ထက်သာတဲ့အချက် သုံးမျိုး…

1။ ကျိုးကြောင်းဆင်ချဉ်အသိပညာကြီးခြင်း။
2။ ကိုယ်ကျင့်တရားရှိခြင်း။
3။ အလှအပကိုခံစားတတ်ခြင်း၊ ဖန်တီးတတ်ခြင်း။
(အောင်သင်း)
ဒီအချက်တွေမှာ မသာဘူးဆိုရင် လူဟာ တိရိစ္ဆာန်ပါပဲ။


+++++++++++++++++++++++++++


လူငယ်တွေအတွက်
ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး ဖြစ်တဲ့ (Warren Buffett )ရဲ့
အကြံပေးချက်တွေကတော့....

Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ။
မှတ်မိနေရမယ့် အရာတွေကတော့...

(၁)ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။
နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာ လုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ။
ကိုယ်ဝတ်ရတာ သက်တောင့်သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့။
တကယ်လိုအပ်နေတဲ့ သူတွေအတွက်သာ သုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။
ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး။

သူတို့ရဲ့ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

(Warren Buffett)




+++++++++++++++++++++++++++

Read the best book first or
You will not have another chance to read it at all.
အကောင်းဆုံးစာအုပ်ကို အရင်ဆုံးဖတ်ပါ။
သို့မဟုတ်ရင် အဲဒီစာအုပ်ကို ဖတ်ဖို့ အခွင့်အရေး
နောက်ထပ်ရမှာ မဟုတ်တော့ဘူး။

+++++++++++++++++++++++++++


အတုအယောင်ဟာ ဘယ်တော့မှ စိတ်ကို ကျေနပ်မှု
အစစ်အမှန်မပေးနိုင်ပါဘူး။
အစစ်အမှန်ဖြစ်မှသာ တကယ်ကျေနပ်မှု
အစစ်အမှန်ပေးနိုင်ပါတယ်။

+++++++++++++++++++++++++++

ကိလေသာအကြောက်ဆုံးဟာ
သူ့ကို သတိနဲ့ဉာဏ်နဲ့
အေးအေးဆေးဆေးကြည့်တာကို
အကြောက်ဆုံးပဲ။

+++++++++++++++++++++++++++

ဘဝရဲ့အရည်အသွေးကို ကောင်းစေတာ
အသိဉာဏ်ပါ။
အသိဉာဏ်ရှိဖို့ဆိုတာ အသိရှိမှ ဖြစ်မယ်။

+++++++++++++++++++++++++++

မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ
အားထားရာ ဖြစ်တယ်။
(ဗုဒ္ဓ)
+++++++++++++++++++++++++++

ကိုယ့်ကိုယ်ကို အားကိုးပါ။
သတိနဲ့မေတ္တာကို အဆောင်အဖြစ်ထားပါ။

+++++++++++++++++++++++++++

ဘဝဆိုတာ စိတ်နဲ့တန်သလို ဖြစ်တာပါ။
ကိုယ့်လောကကြီးကိုပြောင်းပစ်ချင်တယ်ဆိုရင်
ကိုယ့်စိတ်ကို ကြည့်ပြီးတော့
ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့၊
လွဲမှားနေတဲ့၊
မသင့်တော်တဲ့၊
သဘောထားတွေကို သတိနဲ့သိနေပါ။
သေသေချာချာသိနေရင် ပြင်ပြီးသား ဖြစ်သွားတာပါပဲ။

+++++++++++++++++++++++++++

အသိဉာဏ်ကြောင့် ဖြစ်တဲ့ ရင်ထဲက power ကအလွန်မြဲမြံတယ်။
ခိုင်မာတည်ကြည်သူ ဖြစ်သွားစေတယ်။
အမြဲတမ်းအားရှိတယ်။
စိတ်ကိုအင်မတန်အေးချမ်းစေတယ်။

+++++++++++++++++++++++++++

စိတ်ထားကောင်းတဲ့လူ၊
အသိဉာဏ်ရှိတဲ့လူ၊
အထူးသဖြင့် တရားနဲ့ပက်သက်ပြီးတော့
အသိအမြင်ရှိတဲ့လူဟာ အများအကျိုးကို ပိုပြီးဆောက်ရွက်ချင်တယ်။
တကယ်လည်းဆောင်ရွက်ပါတယ်။

+++++++++++++++++++++++++++

ကျွမ်းကျင်မှုနဲ့ အတူ ပျော်ရွှင်မှုဆိုတာ ဖြစ်လာတယ်။

+++++++++++++++++++++++++++

အလုပ်တစ်ခုကို ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မယ်
ဆိုတာသိပြီးတော့ ပိုင်ပိုင်နိုင်နိုင်လုပ်ရတာ
ပျော်စရာကောင်းပါတယ်။

+++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့