Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

စေတနာအမှားတွေ

စေတနာအမှားတွေက
ဝေဒနာပြတင်းတံခါးများကို ဖွင့်
လွင့်မျောတဲ့ အိပ်မက်မှာပဲ
ဘ၀က အဆုံးသတ်မှာလား.....
မတွေးဝံ့ဘူးကွယ်........။
တစ်ခါသေဖူးပေမယ့်
ပျဉ်ဖိုးနားမလည်နိုင်တဲ့သူတွေကြား
ခါးသီးခြင်းနံနက်ခင်းတွေကို
အလိုလိုလှပနေအောင် ဖန်ဆင်းတတ်လာတယ်...။
ဘယ်နေရာကြည့်ကြည့် ခံတွင်းပျက်နေတဲ့သူတွေ
ဘယ်နေရာသွားသွား တောပြောင်းလာတဲ့ကျားတွေ
ဘယ်မှာ အိပ်အိပ်  အိပ်ရေးပျက်စေတဲ့ အိပ်မက်တွေ နဲ့ 
ဘ၀က      အိပ်ဖို့    ခက်စေတယ်.....။
မနက်ဖြန်     နေကောင်းဖို့ 
ဒီနေ့  ဆေးသောက်နေရတဲ့      လူမမာတွေလိုပဲ
သူလည်းကိုယ့်လို အိပ်ရေးပျက်တဲ့သူဖြစ်လို့ 
ဒီနေ့ ညတော့  မီးမပျက်စေချင်ဘူး......။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့