Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

ရင်ခွင်အကျဉ်းထောင်

.ငါ့နှလုံးသားထဲမှာ
ငါ့ရဲ့အချစ်တွေရှိနေတယ်...
ငါ့ရဲ့အချစ်တွေထဲမှာတော့
ငါ့ရဲ့မင်းလေးအမြဲရှိနေတာပေါ့...ကောင်မလေးရေ
ငါ့ရဲ့နှလုံးသားထဲက
အချစ်အဆိပ်တွေကိုကုစားဖို့ 
မင်းရဲ့အချစ်ရေကြည်လေးတွေ
ငါအရမ်းလိုအပ်နေပါတယ်...
ငါ့ဘဝရဲ့အကောင်းဆုံးသောအချိန်ဟာ
မင်းငါ့အနားမှာရှိနေတဲ့အချိန်ပါဘဲ....ကောင်မလေးရေ
အပျော်ရွှင်ဆုံးသောအချိန်ကတော့
မင်းအတွက်အရာရာပြုလုပ်ပေးနေရတဲ့အချိန်ပေါ့......
ဘာမှမရှိတဲ့
ငါ့ဘဝရဲ့နေ့  ည တွေတောင်
မင်းနဲ့ တွေ့ ဆုံပြီးတဲ့နောက်
အားလုံးပြီးပြည့်စုံသွားခဲ့တယ်....
ဖြစ်နိုင်မယ်ဆိုရင်
မင်းရဲ့ရင်ခွင်အကျဉ်းထောင်ထဲမှာ
ငါ့ကို...
တသက်တကျွန်းအကျဉ်းချလိုက်ပါလား......ကောင်မလေးရေ.....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့