Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

ထာဝရ ကုသိုလ်(၆)မျိုးနှင့် မပေးလှူကောင်းသော အလှူ(၁၀)မျိုး

ထာဝရကုသိုလ် (၆)မျိုး
(၁) အာရာမရောပ ဒါန = ပန်းဥယျာဉ် သစ်သီးဥယျာဉ်များကို စိုက်ပျိုး၍ လှူဒါန်းခြင်း၊(၂) ၀နရောပါ ဒါန = အရိပ်ရပင် စားသုံးပင်စသော သစ်ပင်ကြီးငယ်တို့ကို စိုက်ပျိုး၍ လှူဒါန်းခြင်း၊(၃) သေတုကာရက ဒါန = တံတားခင်း လမ်းဖောက်၍ လှူဒါန်းခြင်း၊(၄) ပပါ ဒါန = ရေချမ်းစင်တည်၍ လှူဒါန်းခြင်း၊(၅) ဥဒပါန ဒါန = ရေတွင်းရေကန် ရေမြောင်းများတူး၍ လှူဒါန်းခြင်း၊(၆) ဥပဿယ ဒါန = ဇရပ် တန်ဆောင် ဂူ ကျောင်း ပြာသာဒ် နားနေရိပ်သာ ဆေးရုံ ဆေးခန်းစသော အဆောက်အုံများ ဆောက်လုပ် လှူဒါန်းခြင်း။ဤခြောက်ပါးသော ထာဝရကုသိုလ်တို့အနက် အလှူတစ်မျိုးမျိုးကို လှူဒါန်းသော အလှူရှင်သည် နေ့ရောညဉ့်ပါ အခါခပ်သိမ်း အမြဲထာဝရ ကုသိုလ်တရားတိုးပွားနေ၍ ကွယ်လွန်သည့်နောက် နတ်ပြည်သို့ လားရောက်ရသည်။


မပေးလှူကောင်းသည့် အလှူ(၁၀)မျိုး
(၁) မဇ္ဇဒါန = သေရည်အရက်ကို ပေးလှူခြင်း၊(၂) သမဇ္ဇဒါန = ဇာတ်ပွဲသဘင်ဖြင့် လှူဒါန်းပူဇော်ခြင်း၊(၃) ဣတ္ထိဒါန = မေထုန်အလို့ငှာ မိန်းမကို ပေးလှူခြင်း၊(၄) ဥသဘဒါန = နွားမအပေါင်းတို့၏ အလယ်၌ နွားလား ဥသဘကို လွှတ်ပေးခြင်း၊(၅) စိတ္တကမ္မဒါန = ကိလေသာထကြီစေတတ်သော ရုပ်ပုံ ပန်ချီကားများကို ပေးလှူခြင်း၊(၆) သတ္ထဒါန = လက်နက်ကို ပေးလှူခြင်း၊(၇) ၀ိသဒါန = အဆိပ်ကို ပေးလှူခြင်း၊(၈) သင်္ခလိကဒါန = သံခြေချင်းကို ပေးလှူခြင်း၊(၉) ကုက္ကုဋသူကရဒါန = ကြက်၊ ၀က်တို့ကို ပေးလှူခြင်း၊

(၁၀) တုလာကူဋ မာနကူဋဒါန = ချိန်စဉ်းလဲ၊ တောင်းစဉ်းလဲ (နှစ်ဘက်မညီမျှသော ချိန်ခွင်၊ တင်းမပြည့်သောတောင်း) တို့ကို ပေးလှူခြင်း၊

ဤ (၁၁)ပါးတို့သည် လောက၌ အလှူစာရင်းမ၀င်သော်လည်း အချိုသောသူတို့သည် ပေးလှူမိတတ်ကြ၏။ ပေးလှူမိလျှင် အပါယ်ဒုဂ္ဂတိဘ၀များသို့ ကျရောက်စေနိုင်သည်။ ထို့ကြောင့် ဤအလှူ (၁၀)မျိုးတို့ကို မပေးလှူမိကြရန် အထူးသတိထားသင့်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့