Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

အနာဂတ်နိုင်ငံအတွက် ကျနော်တို့ လူငယ်


အမိနိုင်ငံနဲ့ပတ်သက်ပြီး ကိုယ့်နိုင်ငံကိုချစ်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျနော့်လို လူငယ်ပြည်သူပြည်သားတွေအား
ဒီနေရာကနေ အားမနာ လျှာမကျိုး ပြောချင်တာ ပြောပါမယ် ။ အမှားတွေ ပါနိုင်တာမို့ .. ချင့်ချင့်ချိန်ချိန်နဲ့ နားလည်ပေး
စေချင်ပါသည် ။


လက်ရှိ ကျနော်တို့ နိုင်ငံမှာ .. လူတန်းစားအမျိုးမျိုးရှိကြပြီး .. အပြစ်ပြောစရာတွေ ရှိသလို ချီးမွမ်းစရာတွေလည်း ရှိနေပါ
တယ် ။ လူတိုင်းရင်မှာလည်း တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံအဖြစ်ကို ရရှိဖို့ မွတ်သိပ်နေကြလျက်ပါ ။ ခုလို အပြင်းအထန် ကြိုး
စားရမဲ့ အခြေအနေမှာ တစ်ကိုယ်ရည် ကြည့်တဲ့ စိတ်ထားမျိုး ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းလိုလို မထားသင့်ပါဘူး
လို့ အထူးပြောချင်မိပါတယ် ။ ဒီတော့ ကိုယ့်ကိုယ်ကို ချစ်သလို .. ကိုယ်မိသားစု ၊ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံကို ချစ်ကြပါ။
ပြီးတော့ အများပြောပြောနေတဲ့ ငြိမ်းချမ်းသာယာပြီး တရားမျှတမှုရှိတဲ့ နိုင်ငံဖြစ်လာဖို့ “ငါတို့ ဖြစ်အောင် ကြိုးစားမယ်
လို့” လည်း   စိတ်ထဲ အမြဲ စွဲထားပါ ။ စိတ်ထဲကို အမြဲ ထည့်ထားပါ .. ခဏလေးတောက်မဲ့ ကောက်ရိုးမီးအဖြစ်
မလုပ်ကြပါနဲ့ ။


ခုအချိန် မြန်မာခေါင်ဆောင်တိုင်းရဲ့ နှုတ်ဖျားမှာ .. ဦးတည်ချက်တစ်ခုကို အမြဲထည့်ပြောပြောနေပါတယ်.. ။ အဲ့ဒီစကား
(ဒီမိုကရေစီ ဖော်ဆောင်ရေးဆိုတဲ့ ) စကားကို လက်တွေ့ လုပ်ရပ်တွေမှာ အပြောနဲ့ အလုပ် ထင်ဟပ်လာအောင်
ကြိုးစားရမှာပါ ။ ခေါင်ဆောင်ကိုယ်တိုင်သာမက တိုင်းပြည်အတွင်းက ပြည်သူအဆင့်ဆင့်မှာပါ ကိုယ့်သက်ဆိုင်ရာ
နယ်ပယ်တွေကနေ ဖော်ဆောင်ကြပါ ။ ဒီမိုကရေစီဆိုတာ ခေါင်းဆောင်က ပေးတယ်လို့ ပြောလိုက်ရုံနဲ့  ရတာမဟုတ်
ပါဘူး ။ ။ စိတ်ထဲက သိနေရုံနဲ့လည်း   ဖြစ်လာမဲ့ အရာ မဟုတ်ပါဘူး … အားလုံးနားလည်ထားပြီး လုပ်ရပ်တိုင်းမှာ
ဒီမိုကရေစီဆန်နေမှ တဖြည်းဖြည်း ဖြစ်လာမဲ့ အရာပါ ။ ကျနော်တို့လို လူငယ်တွေနဲ့ ပြည်သူတွေအားလုံးလိုလို သူများ
ယောင်လို့ လိုက်ယောင်တဲ့သူတွေလည်း မဖြစ်ကြပါစေနဲ့ ။ ကိုယ့်အသိ ကိုယ့်စိတ်ဓါတ်မှာ တရားမျှတမှုဆိုတာကို
ရအောင် ယူပါ ။ ဒါကို ကျနော်တို့ လုပ်သင့်နေတာမဟုတ်ဘူး မဖြစ်မနေကို လုပ်ရမဲ့ အခြေအနေပါ ။ ဘာလို့လဲဆို
တော့ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်နိုင်ငံဟာ နောက်က ဖြစ်နေတာ လူတိုင်းအသိပါ ။ ဖွံ့ဖြိုးတိုးတက်မှုတွေ
မှာ တိုင်းတပါးသားတွေနဲ့ ယှဉ်လိုက်တဲ့အခါ ကျနော်တို့ ပြည်သူပြည်သားတွေမှာ မျက်နှာလေးတွေ ငယ်ငယ်နေကြ
ရပါတယ် ။ အဲ့ဒီအခြေအနေတွေကို မြင်ကြည့်လိုက်ပါ သတိလည်းထားကြည်ကြပါ ။
တွေ့ကြုံဖူးသူများ သိနေပါလိမ့်မယ် ။


ခုလို ပြောနေခြင်းဟာ သူတပါးကို မုဒိတာ မပွားနိုင်လို့ မဟုတ်ပါဘူး … ကျနော်တို့ လူငယ်တွေ ခုလိုအချိန်တွေမှာ
ကြိုးစားလို့ရနိုင်ပါလျှက် မကြိုးစားပဲ နေနေကြတာတွေကြောင့်ပါ ။ လူငယ်တော်တော်များများရဲ့ စိတ်တွေထဲမှာ ..
ငါတို့နိုင်ငံက ဘယ်လို ဘယ်ဝါနဲ့ ၊ နိုင်ငံရေးအခြေအနေနဲ့မို့ ငါတို့ အဆင်မပြေကြတာ .. ပြီး တစ်ခုခုအဆင်မပြေ
မအောင်မြင်တာမျိုးဆိုရင်လည်း ခေါင်းကြီးပိုင်းကလူတွေကို လက်ညိုးထောက်ပြကာ အပြစ်တင်ချင်သလိုလိုနဲ့ပါပဲ …။  
တချို့မှာကလည်း ဒါတွေ ငါတို့ လုပ်လည်း အပိုပါပဲ ဆိုတဲ့ အတွေးတွေနဲ့ ကိုယ်ကိုတိုင်ရဲ့  ကြိုးစားလိုစိတ်ဇွဲတွေကို
လျှော့ရင်းလျှော့ရင်း နည်းနည်းလာနေကြတာ ပါ ..။ အဲ့ဒီအမူအကျင့်တွေဟာ တဖြည်းဖြည်း လူငယ်အသိုင်းအဝိုင်း
တွေကြားမှာ စိတ်ချင်း ကူးစက်ပြီး .. ညံ့ညံ့လာနေကြတာပါ ။ ( ကျနော် ဟာ လူငယ်မို့ လူငယ်တွေမှာ ဖြစ်တတ်တာ
လောက်သာ ပြောပြတာပါ ) ။ ခုခေတ် လူငယ်အများစုမှာ သူများတိုးတက်တာတွေမြင်တော့ အားကျတတ်လိုက်
ကြတာ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကတော့  မကြိုးစားချင်ကြဘူး ။ တော်တော်များများဟာ အဆင့်သင့်ရှိနေတဲ့ လူငယ်
တွေ မဟုတ်သေးပါဘူး ။ စိတ်ထားတွေ ပြုပြင်ဖို့ ရှိနေတဲ့ လူငယ်တွေပါ ။ လူငယ်တွေရင်ထဲကို တိုးတက်လိုစိတ်
ကြိုးစားလိုစိတ်တွေကို ရိုက်သွင်းထားဖို့ လိုပါတယ် ။  အဲ့ဒါတွေကိုပြုပြင်နိုင်ဖို့ .. လေးစားအားထားရလောက်တဲ့သူ
တစ်ယောက်ယောက်ကနေ မြန်မာလူငယ်တွေ ဒီလိုနေ ၊ ဒီလိုထိုင် ၊ ဒီလိုကျင့် ၊ ဒီစိတ်တွေမမွေးနဲ့ ၊ ဒီလိုဖြစ်အောင်
ကြိုးစား ဆိုပြီး တိတိပပ ပြောပြမှ လူငယ်တွေဟာ လုပ်ရကောင်းမှန်း နားလည်ရကောင်းမှန်း သိလာမယ်လို့ ထင်မိ
ပါတယ် …။ (သို့သော် အပြည့်အဝ အာမ မခံပါ ) ။


ခုခေတ် ကျနော်တို့ လူငယ်တွေမှာ အပြိုင်အဆိုင် ကြိုးစားလိုစိတ် နည်းကြပါတယ် ။ အဖွဲ့အစည်းတစ်ခုဖြစ်ဖြစ် နိုင်ငံ
တစ်ခုဖြစ်ဖြစ် တိုးတက်နေခြင်းမှာ အပြိုင်အဆိုင် သူ့ထက်ငါ ပိုတော်အောင် လုပ်ဆောင်ရင်း ပိုကောင်းတဲ့ နည်းလမ်း
တွေ ရှာဖွေရင်း  တိုးတက်လာကြတာပါ ။ အရင်တစ်လောက ဖေ့ဘွတ် စာမျက်နှာမှာ ဟားဗတ်တက္ကသိုလ် အကြောင်း
နဲ့ အဲ့ဒီတက္ကသိုလ်က စာကြည့်တိုက်နံရံက သတိပေးစာလေးတွေအကြောင်း ဘာသာပြန် စာ တစ်စုကို  ဖတ်လိုက်ရ
ပါတယ် ။ ကောင်းပါတယ် တော်တော်လေးကို စိတ်ထဲ ကြိုးစားချင်စိတ်တွေ ချက်ချင်းဖြစ်မိသွားပါတယ် ။  ..ကျနော့်
လိုပဲ  ဖတ်သူ လူငယ်တိုင်းလိုလို သူတို့ရဲ့ အသိစိတ်ထဲမှာ ချက်ချင်းဆိုသလို ကြိုးစားလိုချင်စိတ်တွေ ဖြစ်သွားကြ
လိမ့်မယ်လို့လည်း ထင်မိပါတယ် ..။.. သို့သော် .. ဖတ်အပြီး တစ်နေ့ကူးလိုက်တဲ့အခါ … စောနကပြောတဲ့ တက်ကြွ
စိတ်တွေဟာ ကြွတက်လိုစိတ်တွေဖြစ်နေပြီး ခဏပန်းတောက်တဲ့  ကောက်ရိုးမီးတွေပါလားဆိုတာ ပြန်မြင်မိပါတယ်။

သို့သော် …………………

အဲ့ဒီလို ဖြစ်နေတဲ့ လူငယ်အားလုံးကိုလည်း အပြစ်မပြောလိုပါဘူး …။ ဒါပေမဲ့  ခုလို ကျဉ်းထဲ ကျပ်ထဲ ဖြစ်နေတဲ့ ကိုယ့်
နိုင်ငံမှာ စိတ်ဓါတ်တွေပြင်းထန်နေမဲ့အစားကြိုးစားမှုအပိုင်းမှာ တော်၏ရော်၏နဲ့ ပျော့ပျော့လေးလိုက်နေကြတာကို
တော့ ပြင်ကြပါလို့ ပြောချင်မိပါတယ်  ။ နောက် … လူငယ်တော်တော်များများ စိတ်ထဲမှာလည်း .. ခုလိုအခြေအနေမှာ
အခွင့်အရေးတစ်ခုခုက ကိုယ်တွေဆီ လာလေမဲ့ ပုံစံမျိုးဖြင့် မျှော်နေကြသလိုပါပဲ ။ အခွင့်အရေးက လာတော့ လာနေ
တာပါပဲ ကိုယ်က သတိမထားမိလိုက်ရင်တော့ လာနေတဲ့ အခွင့်အရေးက ကိုယ့်ရှေ့ကနေ ဖြတ်ကျော်သွားပါလိမ့်မယ်
ဒီတော့ သေချာလေး ပြင်ဆင်ထားရပါလိမ့်မယ် ။ ခုအခြေအနေမှာ တခြားနိုင်ငံက ရင်းနှီးမြှပ်နှံသူတွေ ဝင်လာတော့
ပါမယ် ..အဲ့ဒီအချိန်မှာ  ကိုယ်က စောင့်နေသူဆိုရင်တော့ သူများလက်အောက်မှာပဲ လုပ်ရတာ များပါလိမ့်မယ်
( ခုလောလောဆယ် တရုတ်လုပ်ငန်းရှင်တွေအောက်မှာ လုပ်နေရသလိုမျိုးပေါ့ ) ။ ဒီတော့ လူငယ်တစ်ယောက်အနေ
နဲ့ အခွင့်အရေး အလာကို စောင့်မနေတော့ပဲ လမ်းတစ်ဝက်လောက်ကနေ ပြေးစောင့်နေတာမျိုးက ပိုပြီး သေချာပါ
လိမ့်မယ် ။ ဒီအတွက် ကိုယ့်ကိုယ်ကို လုပ်ချင်ကိုင်ချင်စိတ် မောင်းနှင်အားတွေ တွန်းအားတွေ အမြဲလိုလို
ပေးထားဖို့လိုပါတယ် ။


အချိန်တိုင်းလိုလိုမှာလည်း  ကိုယ့်ကိုယ်ကို မေးကြည့်ပါ ..။ “တိုးတက်စေချင်တဲ့ငါက ခုကြိုးစားနေပါရဲ့လား” ဆိုတာ
ကို အမြဲမေးကြည့်ပါ ..။ ဘာလို့လဲဆို ကျနော်တို့ဟာ မေ့တတ်တာကြောင့် မို့ပါ ။ ကိုယ့်ကိုယ်ကို စစ်ဆေးမှုတွေ အမြဲ
လုပ်ထားပါ ။ ကိုယ်လိုချင်နေတဲ့ အရာအတွက် လုပ်ဆောင်ချက်တွေဟာ လွဲချော်နေတယ်လို့ထင်ရင် အားထုတ်မှု
အရှိန်ပြန်တင်ပါ ..။ တွန်းတွန်းတိုက်တိုက်ကစားပါ .. ။  ဒါမှ ရှေ့ကို ရောက်မှာပါ ။ ကျောင်းသားဆိုလည်း
ကျောင်းသားအလျှောက် ကြိုးစားကြပါ ။ အလုပ်သမားဆိုလည်း သေချာ ကြိုးစားစေချင်ပါတယ် … အဲ့ဒီလိုနဲ့ ကိုယ်
ကိုယ်တိုင်ဟာ တဖြည်းဖြည်း အနုတ်ဘက်ကနေ အပေါင်းဘက်ကို ကူးပြောင်းလာပါလိမ့်မယ် .. ။  အခုလို တစ်ဦး
တစ်ယောက်ချင်းကနေ .. အများစုကာ ငါတို့မြန်မာနိုင်ငံ တိုးတက်နေပြီဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်ကို အကောင်
အထည် ဖော်ကြပါလို့ .. ကျနော်နဲ့အတူ လူငယ်အားလုံးကို ပြောချင်မိပါတော့တယ် .. ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့