Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

နှစ်သက်ခုံမင်မိခဲ့သော ဘ၀ရဲ့ အပိုင်းအစတစ်ခု

အချစ်ဆိုတာ
နာကြင်မှုတွေ ပေါင်းစုံထားတဲ့
ဒဏ်ရာဆိုတာ ကြိုသိခဲ့ရင်
ချစ်ခဲ့မိမှာမဟုတ်ဘူး။
ကိုယ်တိုင်ကချစ်နေလျက်နဲ့
လမ်းခွဲစကားပြောနေတဲ့
ချစ်သူကို
ဒူးထောက်ပြီး မထားခဲ့ပါနဲ့လို့
ပြောလိုက်ချင်ပေမဲ့
မိန်းမတစ်ယောက်ရဲ့ မာနကခွင့်မပြုလို့
မက်တပ်ရပ်ရင်း
 စကားလုံးတွေ လည်ချောင်းဝမှာ
 ပျောက်ကွယ်သွားခဲ့တာပါ။
ချစ်မိခဲ့သူတိုင်း
ချစ်ခြင်းရဲ့ နောက်မှာ ပူးတွဲပါလာတဲ့
အလွမ်းရဲ့  ဒဏ်ကို
အနည်းနဲ့အများတော့
ခံစားရမှာဘဲလေ။
နင့်ကို ချစ်ခဲ့မိမှတော့
အလွမ်းဆိုတဲ့ မီးတောက်ရဲ့
ပူလောင်မှု ဒဏ်ကို
 ခံနိုင်အောင်ကြိုးစားရမှာပေါ့။
ငါတို့ နှစ်ယောက်ရဲ့ အချစ်တွေက
မျဉ်းပြိုင်နှစ်ကြောင်းလို
မဆုံတွေ့နိုင်တော့တဲ့
 ကံကြမ္မာကိုလည်း
အပြစ်မတင်ချင်တော့ပါဘူး။
နင့်ကိုချစ်ခဲ့လို့
ရခဲ့တဲ့ ဒဏ်ရာတွေနဲ့
မငိုပင်မဲ့သူ့အလိုလို စီးကျလာတဲ့
မျက်ရည်စက်တွေကို
ငါကိုယ်တိုင်က
 နှစ်သက်ခုံမင်နေမိတာပါ။
ဘ၀ကို  DVD ချပ်တစ်ခုလို
ရှေ့တိုး နောက်ဆုတ်
လုပ်လို့ရခဲ့မယ်ဆိုရင်
နင်နဲ့ ပတ်သတ်မိခဲ့တဲ့
ဘ၀ရဲ့ ခါးသီးဖွယ်နေ့ရက်တွေကို
ကျော်ပစ်လိုက်ချင်တယ်။
နင့်ကြောင့် နာကြင်နေတဲ့
နှလုံးသားတစ်စုံရယ်
ချစ်နေရက်နဲ့
ကျောခိုင်းသွားခဲ့တဲ့ နင့်ပုံရိပ်ရယ်
 မစတင်ခင်
ပျက်သုန်းသွားခဲ့တဲ့ အချစ်တစ်ခုရယ်
အလွမ်းဆိုတဲ့ ပူလောင်မှုကြောင့်
သူ့အလိုလို စီးကျနေတဲ့
မျက်ရည်စက်တွေကို
 ငါ့ဘ၀ထဲမှာ မရှိစေချင်တော့ဘူး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့