Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

ဘာသာမတူပဲ လက်ထပ်မယ့် မြန်မာမိန်းခလေးများသိစေရန်

မြန်မာမိန်းကလေးများ သိစေလို
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအနေဖြင့် အခြားဘာသာဝင်များနှင့် အိမ်ထောင်ပြုကြ သည့်အခါ လူမှုရေး၊ စီးပွားရေး
စသည့် အဘက်ဘက်၌ နစ်နာဆုံးရှုံးမှုများမဖြစ်စေရန် အကာအကွယ်ပေးထားသည့် ဥပဒေရှိသော်လည်းသိရှိမှုနည်း
ပါးခြင်းကြောင့် မလိုလားအပ်သောဆုံးရှုံးမှုများ ကြုံ တွေ့နိုင်ကြောင်းသိရသည်။ မြန်မာ့ဓလေ့ထုံးတမ်းများ နှင့် ဓမ္မသတ်
များ၌ ဘာသာခြားများနှင့် ထိပ်မြားလက်ထပ်မှုကိုတစ်စုံတစ်ရာ ပိတ်ပင်တားမြစ်ခြင်းမရှိသော်လည်း အကြောင်းတစ်စုံ
တစ်ရာကြောင့်ဘာသာခြားများနှင့် အိမ်ထောင်ပြုသည့်အခါ တရားဝင်မယားအဖြစ် အသိအမှတ်မပြုခြင်း၊ ကိုးကွယ်ယုံ
ကြည်မှုနှင့် အခြားရပိုင်ခွင့်များဆုံးရှုံးနစ်နာရခြင်းမျိုးကိုအများစု ကြုံ တွေ့နေရဆဲဖြစ်ကြောင်းသိရသည်။
ယင်းအတွက် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေအရ အပြည့်အဝအကာ
အကွယ်ပေးနိုင်ကြောင်း တရားရုံးချုပ် ရှေ့နေကြီးဦးမောင်မောင်ဝင်းကဆိုသည်။ ”ဒီဥပဒေကတိမ်မြုပ်နေသလို ဖြစ်နေ
တယ်။ တချို့ဆိုဒီနိုင်ငံမှာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်တဲ့အခါ ကာကွယ်ပေးတဲ့ ဥပဒေ
မရှိဘူးလို့တောင် ထင်ကြတယ်။ အမှန်ကဒီဥပဒေမှာ ပြဋ္ဌာန်းထားတာတွေအရ အပျော်မယားမဟုတ်ဘဲ တရားဝင်ဇနီး
မယားအဖြစ် သတ်မှတ်ရတယ်။ ကွာရှင်းတာ၊ ညှဉ်းပန်းနှိပ်စက် ခံရတာ၊ ကိုးကွယ်မှုနဲ့ပတ်သက်ပြီးစိတ်ဆင်းရဲအောင် ပြု
လုပ်ခံရရင် ယောက်ျားက နှစ်ဦးပိုင်ပစ္စည်းမှ သူ့ရပိုင်ခွင့်ကိုစွန့်ရတယ်။ နစ်နာကြေးပေးရတယ်။ မိန်းမကသားသမီးတွေ
အုပ်ထိန်းခွင့်၊ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် ကလေးစရိတ်ရခွင့်ရှိတယ်။ ဒီဥပဒေအရအဲဒါတွေ ခံစားခွင့်ရ
မှာပါ” ဟု ၄င်းကဆိုသည်။

သို့သော်လည်းယင်းဥပဒေအားသိရှိသူနည်းပါးသည့် အပြင် ယင်းသို့ ကြုံတွေ့ရပါကနားလည်တတ်ကျွမ်းသောပညာရှင်
များနှင့် တိုင်ပင်ဆွေးနွေး ဆောင်ရွက်မှုမှာလည်းအားနည်းကြကြောင်းသိရသည်။ ”ကျွန်တော်တို့ မြန်မာလူမျိုးတွေက
အိမ်ထောင်တစ်ခု ပြိုကွဲမှာ၊ ပျက်စီးမှာကိုအရမ်းကြောက်ကြတယ်။ ကံတရားပဲလို့ ဖြေကြတယ်။ ကိုယ့်မှာထိခိုက်နစ်နာတာ
မျိုးအဖြစ်မခံသင့် ပါဘူး။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကောင်းတဲ့သူရှိသလို၊ ဆိုးတဲ့သူလည်းရှိမှာပါပဲ။ ဘာသာရေးအရဖြစ်
ဖြစ်၊ ဥပဒေကြောင်းအရဖြစ်ဖြစ် သိသင့်တာတွေ၊ စောင့်ထိန်းလိုက်နာရမှာတွေကိုသိထားရင် အားသာတာပေါ့။
အသိဥာဏ်နည်းတာ ဘယ်နေရာမှ မကောင်းပါဘူး” ဟုလူမှုရေးအဖွဲ့အစည်းတစ်ခုမှ
လူငယ်ခေါင်းဆောင်တစ်ဦး က ပြောသည်။

အဆိုပါ ဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၂၅ အရထိမ်းမြားခဲ့သူ၊ ထိမ်းမြားခဲ့ကြသည်ဟုမှတ်ယူခြင်းခံရသူများ၏ လင်မယားကွာ
ရှင်းမှု ကိစ္စ၊ ပစ္စည်းခွဲဝေမှုကိစ္စ၊ သားသမီးထိန်းသိမ်းမှုကိစ္စ များတွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရသာ
ဆုံးဖြတ်ရကြောင်းပါရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့