သင်းထုံမွေးကြိုင်
လေအဝှေ့
ရနံ့ကွယ်သင်းပေမယ့်
ဂုဏ်သတင်းကမလှိုင်
အဆင်းလှပေမယ့်
ပန်တော်ဝင်သဇင်လို
လူတကာ မငေးတာမို့
လူမသိသူမသိ
ငါ့ဘဝ
ညဥ့်အချိန်မှာ ပွင့်ရပေတာမို့
ငါ့အဆင်းလူမသိနိုင်
ရနံ့ကွယ်သင်းကြိုင်ပေမယ့်
သြော်....ငါ့ဘဝ
ပန်းဆင်မယ်လူ မရှိပါလား
အမှောင်မှာ
ငါတယောက်တည်း
လူမသိတဲ့ ငါဘဝ
အဘယ်သူမှပန်ဆင်မယ့်သူမရှိတာမို့
အားငယ်လှငါ့ဘဝ
ငါတကိုယ်တည်း အထီးကျန်ဆန်လှတာမိုံ
ဘယ်သူများမြင်လာမလည်းဘယ်သူများပန်ဆင်မလည်း
အခါခါမျှော်လင့်ပေမယ့်
လမင်းနဲ့ ကြယ်စင်မှတပါး မြင်သူမရှိတဲ့ ငါဘဝ
ဘယ်သူမြင်ပါ့မလဲ
ပန်းစံယ်
တော်ဝင်သဇင်
အမဆူးနှင်းဆီတို့ဘဝ
လိုချင်စမ်းပါဘိ
ဘယ်ဘ၀က....၀ဋ်ကြွေး
ဝဋ်ရှိခဲ့ရင်ဖြင့်
ဒီဘ၀...ဒီမျှသာ
ကြေပါစေတော့
ပန်သူမယ့် ငါဘ၀။
ညမွှေးပန်း
အားလုံးကိုလေးစားလျှက်
ရှင်းသန့် မေ
No comments:
Post a Comment