Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

ကမ္ဘာမှာသြဇာအညောင်းဆုံး ပုဂ္ဂိုလ် က ဘယ်သူလဲ (2012 အတွက်)



နာမည်ကျော်ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ http://www.time.comကနေ ကမ္ဘာ့အာဏာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲ မှာ
မဲပေးကြပါရန် ဆန္ဒပြုအပ်ပါသည်။ မည်သို့သောအကြောင်းကြောင့် မဲရွေးသည်ဖြစ်စေ။ ကျွန်တော်တို့ မြန်မာပြည်က
အခု လွှတ်တော်ကိုယ်စားလှယ်က အနိုင်ရလိုက်တဲ့ NLD က အမေစု (ခ) ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ
ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန် နှစ်ဦးကို အဲ့ဒီ့ ရွေးချယ်ပွဲမှာ
ပါဝင်နေပါတယ်. ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်နေ မြန်မာပြည်ကြီး ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းခဲ့တဲ့ သမ္မတဦးသန်းစိန်ကို
ကျွန်တော် လှိုက်လှိုက်လှဲလှဲကျေးဇူးအထူးတင်ပါတယ်. ပြီးတော့ ဒီမိုကရေ စီနိုင်ငံဖြစ်အောင် အခုလိုမျိုး စိတ်ဓါတ်ခိုင်ခိုင်
မာမာနဲ့ ရပ်တည်ခဲ့ပြီး ယခုလို အနိုင်ရပါတီ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အမေစု ကိုလည်း အထူးပဲ လှိုက်လှိုက်
လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုပါတယ်.

နိုင်ငံရေးဖက်မှာ စိတ်ဝင်စားမှု့မရှိဘူးဆိုပေမယ့် အခုရွေးချယ်ပွဲမှာ မြန်မာပြည်က သမ္မတဦးသိန်းစိန်နှင့်
ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးဟာ ငါးပုံပုံရင် ၂ ပုံလောက်မှာ ရောက်နေပါတယ်. သူများတွေ မဲပေးထားတာ
သိန်းကျော်ပါတယ်. အခုအချိန်အထိ မြန်မာနိုင်ငံက ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ် နှစ်ဦးရဲ့ နာမည်ကတော့ အောက်ဆုံးနီးပါးမှာ
ရောက်နေပါတယ်. အဲ့အတွက်ကြောင့် မြန်မာပြည်က ဘယ်သူပဲဖြစ်ဖြစ် ထိတ်ဆုံးပါ ရောက်အောင် မဲပေးပေး
ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်. ဒါမှသာ အော်မြန်မာပြည်မှာလဲ ထောက်ခံသူ များနေပါလား ဆိုတာကို
အသိအမှတ်ပြုကြမှာပါ. ဒီစာကို အတတ်နိုင်ဆုံး ဖြန့်ဝေပေးဖို့အတွက် တောင်းဆိုလိုပါတယ်. မဲက သဘက်ခါဆိုရင်
(Friday, April 6 2012) ဆိုရင် မဲပိတ်ပါပြီ။

အမြန်ဆုံးသာ မဲပေးပေးကြပါ။
ယခုလက်ရှိအနိုင်ရရှိနေသောသူရဲ့ ရမှတ်နဲ့ ထောက်ခံမဲကိုသိချင်ရင်တော
ဒီမှာ ကြည့်လိုက်ပါ။




Occupation: Burmese President
When Burma's military regime, which has ruled in one form or another since a 1962 coup, announced it would
transfer power to a quasi-civilian government, few took the brutal junta seriously. The new President, installed
last March, is a former general, after all. But Sein shocked the world by releasing political prisoners and
meeting with Burmese opposition leader Aung San Suu Kyi. Could Sein be Burma's Gorbachev?

ကျွန်တော်တို့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ကို မဲပေးချင်လျှင် ဒီမှာ သွားပါ။

*****************





Occupation: Burmese opposition leader
Just two years ago, the democracy icon was under house arrest, part of her nearly two decades spent locked
up by the country's ruling junta. But since Burma's surprising transition to a quasi-civilian government, Suu Kyi
is running for a seat in the April 1 legislative by-elections. A single seat in parliament might not seem like much,
but for the Nobel laureate whose nonviolent commitment to freedom has inspired countless others, the
symbolism of finally joining the government would be truly revolutionary.



NLD ခေါင်းဆောင် အမေစု(ခ) ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးချင်လျှင် ဒီမှာ သွားပါ။



နိုင်ငံခြားသား အများစုဟာတော့ သူတို့နိုင်ငံက လေးစားတဲ့ ပုဂ္ဂိုလ် တွေကို ကိုယ်စီ မဲပေးနေကြပါတယ်.
ကျွန်တော်တို့လဲမြန်မာနိုင်ငံက ထိပ်ဆုံးမဟုတ်တောင် 1 to 10 ထဲ ပါရင် ရပါပြီ....



အားလုံးပဲ မဲအမြန်ပေးပေးဖို့ ဆန္ဒပြုနှိုးဆော်လိုက်ပါတယ်.
ဒါကနိုင်ငံရေးမဟုတ်ပါဘူး.
တကမ္ဘာလုံးမှာရှိတဲ့ ကျော်ကြားတဲ့ သူတွေကို ရွေးချယ်ပြီး မဲပေးခိုင်းတာဖြစ်တဲ့အတွက်
မြန်မာပြည်က ပါစေချင်ပါတယ်. မဲပိတ်တော့ပါမယ်
(၂)ရက်ပဲကျန်ပါတော့တယ်.
အမြန်မဲပေးလိုက်ကြပါ။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊
နိုင်ငံခြားသားတွေ မြန်မာပြည်က နိုင်သွားတယ် ထိပ်ဆုံးကရောက်သွားတယ် ဆိုရင်တော့
မြန်မာပြည်ဆိုတာကို အလိုလို သိလာမှာပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့