Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 April 2012

နှင်းဆီနက်....

တော်ဝင် မှာထက်…
မျက်နှာပန်း မလှတာ များတယ်
အဆိပ်မလူးပေမဲ့…
သိမ့်မွေ့နေတတ်ခဲ့တယ်
အရိုင်းမဟုတ်ပေမဲ့…
ညို့အားကောင်းအောင်တော့ လေ့ကျင့်ယူတယ်
အရောင်မစိုပေမဲ့…
မာယာမများတတ်ဘူး
ဒါပေမဲ့…
နှင်းဆီမှန်း သေချာအောင်တော့
ကျိန်ပြ၀ံ့တယ်…
ဆူးတွေနဲ့ မဟုတ်လား…
မှော်ဝင်အက္ခရာတွေနှင့် စီချယ်မထားတော့
ငြိမ်သက်ရတဲ့ နက္ခတ်တွေများတယ်
လရောင်ဆမ်းချင်ပေမဲ့…
နေ့အခါမှာ သတ္တိတွေ ထူးနေသလိုပဲ…
ဟန်ဆောင်ခြင်း ကင်းမဲ့အောင်လို့
ဝတ်ချပ်တွေက ပြုံးတတ်တယ် သိလား…
ငြိမ်သက်နေခြင်းက…
အားကောင်းဖြိုခွင်းတဲ့လား..
ဒါဆိုရင်…
တော်ဝင် ဖြစ်ဖို့ …
အရိုင်းပန်းတစ်ပွင့်…
မဖြစ်တန်ကောင်းပါရဲ့……။      ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့