Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 April 2012

အပါယ်ဘုံများ

လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဟူသော ချမ်းသာသမ္ပတ္တိသုံးမျိုးကို ရရာရကြောင်းဖြစ်သော ကုသိုလ်ကောင်းမူတို့ကို ပြုခွင့်များစွာမရ၊ အကုသိုလ်များသာ များပြားလှသော ဘုံဌာနများဖြစ်၍ အပါယ်ဘုံများဟု ခေါ်သည်။

ထိုအပါယ်ဘုံသည် ငရဲဘုံ တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ အသုရကာယ်ဘုံဟူ၍ လေးဘုံရှိသည်။

ငရဲဘုံများ
ငရဲဟူသည်မှာ ချမ်းသာသုခ မရှိ၊ ဒုက္ခအတိသာ ခံစားရသော ဘုံဖြစ်သည်။ ထို ငရဲဘုံသည် “သဉ္စိုး, ကာဠ-သံဃာတနှင့်၊ ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ် အ၀ီစီ” ဟူသော လင်္ကာအရ -သဉ္စိုး ၊ ကာဠသုတ်၊ သံဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အ၀ီစီငရဲ ဟူ၍ ငရဲကြီးရှစ်ထပ်ရှိသည်။ အကုသိုလ်ကံဘုံများဖြစ်၍ အချိန်ရှိသမျှ အကုသိုလ်ကံမကုန်မချင်း ဆင်းရဲဝေဒနာမျိုးစုံကို နည်းမျိုးစုံဖြင့် ခံစားနေကြရသော ဘုံများဖြစ်၍ ငရဲကျရောက်သွားလျှင် ကုသိုလ်ပြုခွင့် အလွန်နည်းသွားပြီး အကုသိုလ်များသာ နေ့စဉ်ဖြစ်ပွားနေ၍ ဆင်းရဲဒုက္ခအမျိုးမျိုးကို နှစ်ရှည်လျားစွာ ခံစားကြရ၍ ငရဲဒုက္ခမှ ကင်းဝေးစေရန် လူ့ဘ၀တွင် လူဖြစ်လာစဉ် အကုသိုလ်မူကို ရှောင်ကြဉ်ရပေမည်။

တိရစ္ဆာန်
မဂ် ဖိုလ်မှ ကန့်လန့်ဖီလာပြုလျက် သွားလာကျက်စားနေကြသော ကုန်းနေ၊ ရေနေ၊ လေနေ၊ သတ္တ၀ါအားလုံးကို တိရစ္ဆာန်ု ခေါ်သည်။ တိရစ္ဆာန်ဘုံ သီးခြားမရှိ၊ ဤလူ့လောကတွင်ပင် နေထိုင်ကြသည်။

ပြိတ္တာ
ချမ်းသာသုခမှ ဝေးကွာပြီး ဆင်းရဲစွာ နေရသော သတ္တ၀ါများကို ပြိတ္တာဟု ခေါ်သည်။ ဘုံသီးခြားမရှိ၊ တောတောင်မြစ်ချောင်း သုသာန်စသော အရပ်တို့၌ နေထိုင်ကြသည်။ တစ္ဆေ၊ မှင်စာ၊ သူရဲ၊ ဘီလူး စည်တို့သည် ပြိတ္တာများပင် ဖြစ်ကြ၍ နှစ်ပေါင်းများစွာ အစာ မစားရ၊ ရေမသောက်ရ၊ ဆာလောင်ငတ်မွတ် နေကြရသည်။ တချို့မှာ လူများစွန့်ပစ်သော ထမင်းလုံး၊ ဟင်းဖတ်၊ သလိပ်၊ တံတွေး၊ မစင် စသည်တို့ကို စားကြရသည်။ တချို့ ပြိတ္တာများ ဒုက္ခဝေဒနာမျိုးစုံ ခံစားနေကြရသည်။

အသုရကာယ်
ပျော်ပါးမူမရှိ၊ ရဲရင့်မူမရှိ၊ အမြဲတမ်း ကြောက်ရွံ့လျက်နေကြရသည်။ ဘုံသီးခြားမရှိ၊ သမုဒ္ဒရာမြစ်ကမ်း စသည်၌ နေတတ်ကြ၏။ အချိန်အလွန်ကြာ ဘုရားနှစ်ဆူ သုံးဆူပွင့်သော်လည်း တစ်ကြိမ်မျှ မစားသောက်ကြရသော ပြိတ္တာအသုရာတို့လည်း ရှိသည်။ အကုသိုလ်ကံ၏ အကျိုးပေးမူဖြစ်၍ ဆန်းကြယ်လှသည်။ ဂင်္ဂါမြစ်ထဲ ရေသောက်ရန် ဆင်းသော်လည်း အကုသိုလ်ကံကြောင့် ရေတွေ ပျောက်ကွယ်သွားသည်။ သူတပါးကို အစာရေစာငတ်ပြတ်အောင် ဆင်းရဲ ဒုက္ခရောက်အောင် ပြုလုပ်ခဲ့သော အကုသိုလ်ကံကြောင့် ဖြစ်ကြရသော ပြိတ္တာအသုရကာယ်များ ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့