Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

မာနမျဉ်းပြိုင်

မာနတွေတံခွန်ထူလို့ 
သုံးနဲ့ လေးလို ကျောခိုင်းရပြီ...
မင်းလမ်းမင်းလျှောက်
င့ါလမ်းငါလျှောက်
ဘယ်မှာလဲဆုံမှတ်
နောက်ပြန်လှည့်မကြည့်နိုင်အောင်
မာနတွေပြိုင်ကြရင်း
ရှေ့ ကိုသာဆက်လျှောက်
ကွဲကြေသွားတဲ့ အရာဝတ္တုဟာ
ပြန်ဆက်ကြလည်း
အရာလေးတော့ကျန်ခဲ့မယ်..
နှလုံးသားကြေကွဲမှုအတွက်
အမာရွတ်တော့ထင်ကျန်မယ်..
မျဉ်းပြိုင်နှစ်ကြောင်းအတွက်
ဆုံမှတ်နေရာကဝေးနေတယ်..
ရူပဗေဒသဘောအရ
အင်ဖနတီမှာ ဆုံမယ်လို့ ဆိုတယ်..
မာနတွေခ၀ါချလို့ 
မျက်နှာချင်းဆိုင်
ပြန်လျှောက်လှမ်းရင်တော့
တို့ နှစ်ယောက်ရဲ့ ဆုံမှတ်မဝေးပြီ....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့