Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 April 2012

"မျက်ရည်ရောသော.....မာယာမှတ်တမ်း"


အတိတ်ဆီကို ငါ့အသိစိတ်က
စီးမျောရောက်ရှိချိန် ခဏ
မင်းနဲ့ငါ့ရဲ့ အဖြစ်တွေက
အိမ်မတ်မှ မဟုတ်ပဲလေ.....
စချစ်ခဲစဉ်က
မထင်မှတ်တဲ့ အဖြစ်
အမှတ်တမဲ့ ရင်ခုန်ခြင်းက
ညင်သာစွာတိုးဝင်
အံ့သြမှင်သတ် မှု့တွေနဲ့
ငါရင်ခုန်တုန်လှုပ် ခဲ့ပါတယ်
ချစ်ခြင်းနဲ့ ရင်ခုန်ခြင်းကို
သေချာစွာ ဆန်းစစ်ကြည့်တော့
ထိန်းရခတ်တဲ့ ငါ့ရင်ခုန်သံ
ငါပြန်ကြားယောင် မိပါတယ်......
အေးစက်နေတဲ့ ငါ့နှလုံးသား
ပျောက်ဆုံးနေတဲ့ ၁၅၀၀
ပြီးတော့..........
ငါမေ့ထားတဲ့ အကြင်နာတွေဟာ
မင်းနဲ့တွေ့မှ အိမ်မတ်တခုပမာ
ရှင်သန်လာခဲ့ ရပြီကွာ...........
ရှေ့ ရေးကိုမျှော်တွေး
သက်ပြင်းရေးရေးလေး ချခဲ့မိတယ်ဆိုတာ...
ငါမညာချင်ပါဘူး.....
အချစ်မှာမျက်စိမရှိဆိုတဲ့ စကား
မယုံစားမိတာလည်း ငါ့အမှားလား
ညှို့ယူခြင်းပြင်းတဲ့ မျက်ဝန်းတစုံကြောင့်
ငါ့အနာဂတ် တခုလုံးယိမ်းယိုင်သွားလိမ့်မယ်လို့
ငါမထင်မှတ်ခဲ့တာ အမှန်ပါ
ချိုမြိန်လွန်းတဲ့ နှုတ်ခမ်းတစုံအောက်
ဒူးထောက်ရလိမ့်မယ်လို့လည်း
ငါမမျှော်လင့်ခဲ့ပါဘူး
ညအမှောင်မှာတွေဝေ
အတိတ်တစ္ဆေက
ချစ်ခြင်းမဲ့ ငါ့ရင်ခုန်သံကို
လှုပ်နှိုးလိုက်သလိုပါပဲ.....
လမ်းလျှောက်ရင်း လမ်းပျောက်ရတဲ့အဖြစ်
ငါ့ကိုငါ နှစ် နေတာတော့ မဟုတ်ရိုးအမှန်ပါ
စိတ်ပျက်စရာ သောကတစ်အိမ်မတ်ကြောင့်
အိပ်ရေးပျက်ခဲ့ရတဲ့ ငါ
ဝါးတားတား အတွေးထဲမှာတောင်
မင်းကြောင့် ရူးကြောင်ကြောင် ဖြစ်ခဲ့ရပါသေးတယ်....
မင်းမသိဘူးတဲ့လား အချစ်ရယ်.....
ဒါမှမဟုတ်
မသိချင်လို့ ရှာကြံ အပြစ်ရှာ
အချစ်စေရာကို တကောက်ကောက်လိုက်
အတ္တစိတ်ကို အရင်းတည်ပြီး
အပြစ်မဲ့တဲ့ ငါ့နှလုံးသားကို
အနှစ်မဲ့တဲ့ အပေါ်ယံအချစ်တွေနဲ့ပဲ
မင်းငါ့ကို နှစ်သိမ့်ခဲ့တာလား
ငါကတော့လေ
ဘ၀ဆိုတာနဲ့ ယှဉ်ပြီး မင်းကိုချစ်ခဲ့ရတာပါ
တကယ်တမ်းတော့.....
မာယာနဲ့အလွမ်း ရောယှတ်ပြီး ခင်းထားတဲ့လမ်းကိုမှ
ငါရွေးခဲ့မိပြီလေ.....
နှိမ့်ချတဲ့လေသံတွေနဲ့
နိမ့်ကျတဲ့ အညတြငါ့ကို
မင်းတစိမ်းဆန်ရက်တာတော့
"တောက်" ငါရင်နာတယ်ကွာ......
ဖြစ်နိုင်ရင်လေ မမေ့နိုင်တဲ့ညတွေနဲ့
တမ်းတနေမိတဲ့ နာရီတွေကို
တိုင်တည်ပြီးပြော လိုက်ချင်တယ်
ငါ့လိုကောင်မျိုးရဲ့ အချစ်
တကယ်အစစ်အမှန် မဟုတ်ခဲ့ရင်
အချစ်ဆူးစူးပါစေလို့........
လူချင်းခဏဝေး မတွေ့နိုင်သေးတဲ့ဘ၀မို့
အားငယ်နေသူကို
မင်းအမုန်းမာန် ခြယ်နေတာလား
မဆန်းပြားပေမယ့်
နှုတ်ခမ်းဖျားလေး တစုံအောက်မှာ
သွေးပျတ်ခြောက်ခြား သွားတဲ့
ရင်ခုန်သံ အကြောင်း
ငါမင်းကို အနည်းငယ် ပြောပြချင်လိုက်တာ
မင်းကို တက်မတ်ရုံသတ်သတ်ဆိုရင်
အနာဂတ်ဆိုတဲ့ စကား
မင်းသိအောင်ဘယ်ပြောထားပါ့မလဲ
သွားစမ်းလို့ မင်းစေရင် ငါမနေပါဘူး............
ကြွေစမ်းလို့မင်းစေရင် ငါမဝေပါဘူး............
မင်းအတွက်ငါ မဖြစ်တော့ဘူးဆိုရင်
ငါ့အတွက် မင်းပျော်ရွှင်ဖို့ တခုတည်းပါ......
နှုတ်ဆတ်ခွဲခွာ ရမှာလားကွာ
ရင်နင့်အောင် ကြေကွဲရမဲ့ဘ၀မျိုးကို
ငါတွေးပြီး ကြောက်လန့်မိပါရဲ့
ဘာအပြစ်မှ မရှိပဲ......
ချစ်လျှက်နဲ့ကြေကွဲရမဲ့ နှလုံးသားတွေနဲ့များ
ကမ္ဘာကြီးကို တည်ဆောက်ထားသလားကွာ
စိမ်းကားတဲ့စကားတွေ ဘယ်လောက်ပြောပြော
ရင်နာရုံအပြင် မာယာရှင်လို့
ငါမစွပ်စွဲ ချင်ပါဘူး
မညာပါဘူး ချစ်သူရယ်
မင်းကိုငါ အရမ်းမြတ်နိုးမိခဲ့တာပါ.......
ဘာပဲဖြစ်ဖြစ် ........
မင်းရှေ့မှာ ငါမငိုပါဘူး
ပြိုကွဲလုလု အနာဂတ်တခုကို
တစစီပြန်ကောက်ရင်းနဲ့
ငါ့ရဲ့အထီးကျန် ကမ္ဘာလေးထဲမှာ
မင်းရဲ့အပြုံးတွေ......
မင်းရဲ့စာသားတွေ.......
မင်းအမူအရာ တွေနဲ့
အရာရာ ကို နှလုံးသားထက်မှာ
ကဗည်းတင်ရင်း......
အနာဂတ်မှာ လှမ်းတက်လာမဲ့
ငါ့ခြေလှမ်းတိုင်းရဲ့ ရှေ့မှောက်မှာ
မမေ့ပျောက်နိုင်တဲ့ ပုံပြင်တပုဒ်
ဒဏ္ဍာရီ တအုပ်လို.......
မမုန်းနိုင်တဲ့ လူတစ်ယောက်ရဲ့
ခံယူနိုင်စွမ်းတွေနဲ့ "မာယာမှတ်တမ်း"လို့
ခေါင်းစဉ်တပ်လိုက်ပါတယ်
အဲ့ဒီအခါ...............
ငါ့မျတ်ဝန်းမှာ မိုးရွာခဲ့မယ်ဆိုရင်
ဒါဟာ...............
ပုံပြင်မဟုတ် ၊ ဒဏ္ဍာရီ မဟုတ်ဆိုတာ
အမြင်ကျယ်ကျယ် နားလည်ခဲ့မယ်ဆိုရင်
ငါ့ကို အရူး လို့ မတိုက်ခိုက်လိုက်ပါနဲ့
ယုံလိုက်စမ်းပါ ချစ်သူရယ်......
မညှာတာစိမ်း မာယာတစ်သိန်းနဲ့
မိန်းကလေး တစ်ယောက်အတွက်
သံသရာ အဆတ်ဆတ်
မကြိုလင့်တက်တော့ ဘူးဆိုတာ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့