Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

သိပ်မရီနဲ့နော်သူငယ်ချင်းတို့

၁။အကြွေးထဲက နှိမ်လိုက်နော်.....

ပြည့်တန်ဆာမှုနဲ့ စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို တရားသူကြီး
တစ်ယောက်က စစ်ဆေးနေ သည်။
မေး။ ။ နင့် နာမည်ဘယ်လိုခေါ်လဲ။
ဖြေ။ ။ အို ဘာလို့ မေးတာလဲ။ သူ သိသားနဲ့။
မေး။ ။ နင် ပိုက်ဆံယူပြီး ယောကျာ်းတွေကို ဖျော်ဖြေတယ်ဆိုတာဟုတ်သလား။
ဖြေ။ ။ အို မေးပြန်ပြီ၊ သူလည်း လာဖူးတာပဲ။
တရားသူကြီးမှာ ရှက်လာသည်။ သို့နှင့် ဆက်မမေးတော့ပဲ အမှုကို
အမြန်စီရင်ချက်ချလိုက်သည်။
“ပြစ်မှုကျူးလွန်တဲ့အတွက် ငွေဒဏ် (၂၀၀၀) ကျခံစေ။”
မိန်းကလေးက ပြန်ပြောလိုက်သည်။
“ဒါလေးများ - ရပါတယ်။ သူ့အကြွေးထဲက နှိမ်လိုက်ပေါ့။”
၂။အအို အအို အပျို
အဆောင်အတူနေတဲ့ အမျိုးသမီး သူငယ်ချင်းသုံးယောက် ဟာကုမဏီ တခုမှာ အလုပ်အတူတူလုပ်ကြတယ်။
သူတို့အလုပ်နဲ့ ကပ်လျှက် မှ ကြက်တူရွေး ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ တကောင်ဟာ လူစကားတော်တော်ပြော
တတ်တယ်..အမျိုသမီး ၃ ယောက် ဖြတ်လျှောက်သွားတိုင်း ကြက်တူရွေးက တခုခု လှမ်းလှမ်းအော်တတ်တယ်...
ကြက်တူရွေး။ ။""အဖြူ အပြာ အ၀ါ ......."" လို့လှမ်းအော်တယ် အမျိုးသမီး၃ ယောက် သိပ်ပြီးသတိမထားမိခဲ့ဘူး..
နောက်တရက်
ကြက်တူရွေး။ ။""အနီ အနက် အပြာ"" လို့ လှမ်းအော်တယ်..
အမျိုးသမီး ၃ ယောက် နဲနဲသတိထားမိသွားတယ်...နင်ရဲ့အောက်ခံဘောင်းဘီ ဘာရောင်လဲပေါ့..တယောက်က
ငါက အနီ...ငါက အနက်..ငါက အပြာ........
ဟယ် ..ကြက်တူရွေးက ငါတို့ဝတ်ထားတာကို လှမ်းမြင်ရလို့လား ...
သူတို့ မယုံနိုင်ဘူးဖြစ်နေတယ်...ဒါနဲ့တိုင်ပင်လိုက်တယ်..ငါတို့ တရောင်ထဲ ၀တ်ကြည့်ရအောင်..ပေါ့...
နောက်တရက်
ကြက်တူရွေး ။ ။ ""အနက် အနက် အနက်"" လို့လှမ်းအော်တယ်..
အမျိုးသမီး ၃ ယောက်တော်တော်လေး အံသြသွားတယ်...သူတကယ်သိတာလားပေါ့....
ဒါနဲ့ တယောက်က တိုင်ပင်တယ် ငါတို့ မနက်ဖြန် ဘာမှမ၀တ်ဘဲ လာကြမယ်..ကြည့်ကြသေးတာပေါ့
ကြက်တူရွေးရယ်လို့ ကြိမ်းဝါးလိုက်တယ်...နောက်တရက် အမျိုးသမီး ၃ယောက် ဖြတ်လျှောက်လာရင်
ဆိုင်ရှေ့ရောက်တော့ ကြက်တူရွေးကိုတောင် ပြုံးပြုံးလေး လှမ်းကြည့်လိုက်ကြတယ်...
ကြက်တူရွေး။ ။အမျိုးသမီး၃ ယောက်ကိုကြည့်ပြီး ခေါင်းခါလိုက်တယ်..စဉ်းစားရကြပ်တဲ့ပုံစံနဲ့...
နောက်ဆုံးတော့.............""အအို"" ""အအို"" ""အပျို"" လို့လှမ်းအော်လိုက်တယ်.............
၃။ ပြင်ဆင်မှု
"သမီး.....မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း"
"ဘာလုပ်ဖို့လဲ မေမေ"
"သမီးဖေဖေနဲ့ စကားပြောစရာရှိလို့"
၎။ ငြင်းပါ
အမျိုးသမီး။ ။ "ဒေါက်တာ...ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်"
ဒေါက်တာ။ ။ "ဟင့်အင်းလို့ ပြော"
၅။မမေ့ကြစေဖို့ပါ
အသက် 85 နှစ်အရွယ် အဘိုးကြီးနဲ့ အသက် 18 နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ရဲ့ မင်္ဂလာဦးညမှာပေါ့။
အဘိုးအို ။ ။ မင်း မင်္ဂလာဦးညကို ဘယ်လို ဖြတ်သန်းရသလဲ ဆိုတာ သိရဲ့လား။
ကလေးမ ။ ။ မသိပါဘူးရှင့်။
အဘိုးအို ။ ။ ဟင်၊ မင်းအမေက မပြောပြဘူးလား။
ကလေးမ။ ။ မပြောပြဘူးရှင့်။
အဘိုးအို ။ ။ ဒုတ်ခပဲကွာ။ မင်းကလဲ မသိ။ ငါကလဲ မေ့ကုန်ပြီ။
၆။သြော်....အချိန်ရဲ့ပြောင်း လဲခြင်း
တစ်ခါကချစ်သူ၂ယောက်ကန်ရေပြင်နား မှာတွေ့ဆုံနေစဉ်..ကောင်းကင်ယံမှာ ငှက်ကလေးတွေ ပျံသန်းသွား
တာကို တွေ့လို့ကောင်မလေးက ချစ်သူကိုမေးရာ..
ကောင်းမလေး:: မောင်..အဲဒါဘာငှက်ကလေးတွေလဲ?
ကောင်းလေး::အော်အချစ်ရယ်..အဲဒါအချစ်ငှက်ကလေးတွေ ပေါ့ကွယ်..
သူတို့၂ယောက်လက်ထက်ပြီး ကလေး၂ယောက်ရတဲ့အချိန်..ကောင်းလေးကအလုပ်သွားမလို့ လုပ်တုန်း
ကောင်မလေးက အိမ်ခေါင်မိုးပေါ်မှငှက်ကလေးတွေပျံသွားတာကိုမြင်လို့ မေးရာ. .
ကောင်မလေး:: မောင်..အဲဒါဘာငှက်ကလေးတွေလဲ ဟင်?
ကောင်လေး:: အဲဒါနင့်အမေလင်ငှက်တွေ ဟေ့.... .ဒီမှာအလုပ်နောက်ကျနေပါတယ်ဆိုမှ....တောက်
၇။အမလေးနော်
သူ့မိန်းမ က အဲဒီ့ အံဆွဲလေးကို အမြဲ သော့ခတ်ပြီး သော့ကိုသိမ်းထားတယ်။
သူတောင်းကြည့်လည်း ပေးမကြည့်ဘူး တရက်တော့ သူ့မိန်းမ ခရီးထွက်သွားတော့
သော့ ကိုဖျက်ဆီးပြီး ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ ဒေါ်လာ ၁သောင်း နဲ့ ကြက်ဥ ၃ လုံးကို တွေ့တယ်။
သူ့မိန်းမပြန်လာတော့ မေးတာပေါ့......
(ယောက်ျား)...“ မိန်းမ ဒီပိုက်ဆံနဲ့ ကြက်ဥ ၃ လုံးက ဘာလုပ်တာလဲ”။
(မိန်းမ)....“ ကျွန်မ တခါ ဖေါက်ပြန်တိုင်း ကြက်ဥ ၁လုံးဝယ်တယ။်
(ယောက်ျား)...“ အော် ငါမင်းကိုခွင့်လွှတ်ပါတယ် ငါနဲ့ပေါင်းလာတဲ့နှစ်တွေ ဒီလောက်ကြာတာတောင်
မင်း၃ခါပဲ ဖေါက်ပြန်ခဲ့တာပေါ့.... ဒါနဲ့ ဒီ ဒေါ်လာ ၁ သောင်းကရော”။
(မိန်းမ)...“ ကြက်ဥ ၁ ဖာ ပြည့်တိုင်း သွားသွားရောင်းတယ်လေ” ......... ......

နံပတ် ၁၊ ၂၊ ၃၊ ၄၊ ၅ ပေါ့..အသံထွက်အောင်ရီမိပါတယ်..
သူငယ်ချင်းတို့လည်းကိုယ်အကြိုက်
ဆုံး နံပတ်လေးတွေကို ကွန်မင့်ပေးခဲ့ပေးပါလား..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့