Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

ချစ်သူနားလည်ပါစေ>>>>>

ချစ်သူ ငါမချောမှန်းတော့သိပါတယ်...
ဒါပေမယ့်အခြားမိန်းကလေးတွေချောကြောင်းပြောပါနဲ့ လား.။။



ငါ အရမ်းသ၀န်တိုတတ်တဲ့ မိန်းကလေးမဟုတ်ပေမယ့်..
နင့်အရင်ရည်းစားအကြောင်းတွေခဏခဏတော့
မပြောပါနဲ့လား။။။

ချစ်သူ ငါစိတ်ကောက်တယ်ဆိုတာ..
အချော့ခံချင်လို့ ဆိုတာ နားလည်ပေးပါ။

ချစ်သူ သူငယ်ချင်းတွေနဲ့ နေတာ ငါမကြိုက်တာမဟုတ်ပါဘူး..
ငါတို့ နှစ်ယောက်တွေ့ ချိန်တွေနည်းကုန်မှာစိုးတာကြော
င့်ပါ။။။



ငါစကားတိုင်းကိုလေးနက်မှုမထားရင်နေပါ..

ငါချစ်တာကိုတော့ အလေးအနက်ထားပေးပါ။။


ငါ ကိုရစ်တယ်လို့ မထင်ပါနဲ့ လား...
ငါရစ်တယ်ဆိုတာ နင်ကိုချစ်လို့ ဆိုတာ လက်ခံပေးပါ။။။

ငါအလှမကြိုက်တတ်တာ ချစ်သူ သိပါတယ်။။

ဒါပေမယ့် ချစ်သူများစိတ်ကုန်သွားလာဆိုတဲ့
စိတ်ကြောင့် မှန်တော့ခဏခဏကြည့်ဖြစ်တယ်။။

စကားမပြောချင်ဘူးဆို ငါကိုအေးဆေးပြောပါ......
ပြဿနာတော့မရှာပါနဲ့ဟာာာာာာာာာာာ
ာ။

ချစ်သူကို ယုံကြည်မှုထားသလို ငါကိုလည်းယုံကြည်ပေးပါ။။။
သူများတွေနဲ့စကားပြောရင် အမြဲပြုံးတတ်တယ်နော်။။
ငါနဲ့ ပြောရင်လည်းအဲလိုလေးနေပေးပါလား ချစ်သူ။။

ငါမှာလည်း ချစ်သူလိုပဲသူငယ်ချင်းရှိတယ်ဆို
တာ နားလည်ပေးပါ။။။
ငါကို အရမ်း မချုပ်ချယ်ပါနဲ့ ငါလွတ်လပ်မှုကိုကြိုက်တာ ချစ်သူသိပါတယ်။။။

ငါဟာ ချစ်သူအထင်ကြီးတဲ့မိန်းကလေးမဟုတ်မှ
န်းသိပါတယ်။။။
နင်အထင်ကြီးတတ်တဲ့ သူတွေအကြောင်းတော့မပြောပါနဲ့ 
ငါအရမ်းစိတ်ကောင်းဖြစ်ရလို့ ပါ။။။

ငါကို နားလည်မှုမရှိဘူးလို့ မပြောနဲ့ ..
ချစ်သူစိတ်ထဲမှာအခြားအကြောင်းအရာတွေရောက်ကုန်ရင်
ငါကိုမေ့သွားမှာစိုးတာကြောင့်ပါ။။
ငါကို အချိန်တိုင်းမဟုတ်ရင်တောင် ချစ်သူအားနေတဲ့
အချိန်လေးတော့ သတိရပေးပါလား။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့