Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

ညီ၊ ညီမလေးဖတ်ဖို့

ညီမလေး..
ဘဝအရေးတွေ တွေးမပူနဲ့...
ရှေ့လမ်းမှာ ပင်ပန်းစရာရှိရင်

အကို ကျောပိုးလို့ထားမယ်...။
မင်းတို့သွားမယ့်လမ်း..
ကျောခင်းလို့ တံတားထိုးထားမယ်..

ကြောက်ရွှံလို့ နောက်တွန့်မသွားနဲ့...

မင်းတို့ အိမ်မက်တွေလှဖို့

ညတို့ရောက်တိုင်း လမင်းတစင်း

ငါထွန်းလင်းထားတယ်..အဲဒါငါ...။
ညီမလေး..
ခေတ်ပျက်မိန်းမပျိုတွေအားမကျနဲ့..

အကျင့်ပျက်မိန်းမပျိုတွေနဲ့ မရောနဲ့...

သုံးဆယ်ရှစ်ဖြာ မဂ်လာတရားနဲ့ညီစေ...

အမိဖကို မင်းချွေးနဲ့ကျွေးမွေးနိုင်ပါစေ..။
ညီမလေး...
ရောင်စုံညမီးရောင်အောက်မှာ

အပျော်မကျူးမိစေနဲ့..

အိမ်လည်ကျူးတတ်တဲ့ ခြေကိုထိန်း..

မိန်းမပြိန်းလိုမတွေးနဲ့...

အကျင့်တရားကိုစောင့်သိ...

သစ္စာတရားကို မြတ်နိုး..

မင်းတို့သွားမယ့်လမ်း..ငြိမ်းချမ်းလိမ့်မယ်..။

ညီမလေး...

သာယာမူ့တွေ့တိုင်း မပျော်မွေ့နဲ့..

နာကျင်မူ့တွေထက် မင်းဂုဏ်ရည်ပျက်လိမ့်မယ်..။

လောကမှာ လူ့အကျိုးမသယ်ပိုးနိုင်ပါစေ..

ကိုယ်အကျိုးအတွက် သူတပါး...

နှလုံးသား မင်းမတိုက်စားနဲ့....

ပဋိစ္စသမုပ္ပါဒ် လည်နေသခိုက်မှာ..

သံသရာအမှိုက်မပါပါစေနဲ့....။

ညီမလေး..

ချစ်ခြင်းမေတ္တာ သင့်တွေ့ခဲ့ပါလျှင်..

မေတ္တာမပျက်သစ္စာဖက်လို့..

စောင့်သိနားလည် ကြင်နာတတ်ပါစေ....။

အခတ်အခဲတွေ့တိုင်း စိတ်ဓာတ်မကျ..

အားမာန်တင်လို့ မင်းဘဝငယ်ကို

အလင်းမျှခြယ်ဖို့ သပါလေ...။

ကိုယ်ကိုစတေး ဘဝကိုပေး..

ကာမတဏှာ ကြည့်သာရှောင်လော့..

အမျိုးဂုဏ်အမိအဖ ဂုဏ်ကိုတွေးလို့..

မွေးရကျေးဇူးနပ်ပါစေ...။

မကောင်းတော့ မီး...

ကောင်းတော့ ထီး..

မိဘအရိပ် ချွေးသိပ်လို့ပေးနိုင်ပါစေ...။

စိတ်အပျော်လိုက်ကျူး

မိန်းမရူးလို မနေနှင့်...

ရက်ကွက်အိမ်အလည် မိဘဂုဏ်ရယ် တင့်ပါစေ...

ခေတ်မီအဝတ်စား ..ဆင်ယင်ပါငါမတား...

သို့သော်...

.ခေတ်ပျက်လွန်ကျူး..လင်တရူးတို့လို

တမင်တာကာကျူးလို့ မဖော်လင့်နှင့်..

ဘာသာတရား ဆုံးမစကား..

မိဝယ်အဖစကား မြေဝယ်မခါးအောင်..

နာယူမှတ်သား အသိတရားထားရ်ျ..

ကာလံဒေသအချိန်အခါမျှလို့ ဝတ်စားဆင်ယင်

ထုံးဖွဲ့တတ်ပါစေ..။

ညီမလေး..

မိခင်စိတ်ထားမွန်မြတ်တရားသည်..

မိန်းမသားတို့တန်ခိုး...

ယောက်ကျာ်းတို့ တန်ဖိုးထက်ပင်မြတ်၏..

မိခင်စိတ်ဓာတ် ယောက်ျားတို့၌မ၇ှိ..

ရင်ဝယ်သားသို့ သိမ်မွေ့ယဉ်သာ..

စကားအရာရှိပါစေ.....။

နူတ်ထွက်စကား တန်ဖိုးထားလို့..

ကိုယ်ကျင့်တရား စောင့်ထိန်းပါလေ...

အို..ညီမငယ်ရေ...။

...................................

.....................................
လာ...ညီ..
ငါတို့ အိမ်မတ်တွေ

ဘယ်လောက်ခါးတယ်ဆိုတာ

ဟောဒီလမ်းမကြီးတွေ သိတယ်...။
မင်းမငိုနဲ့.....
ငါ့သွေးတွေ ရဲနီသွေးသရ်ျ့..

မင်းတို့ရှေ့မှာ မက်မက်..

ငါရပ်လျတ်ရှိနေမယ်....။
မင်းစိတ်တွေ မညှိးနဲ့...
လူတကာလတ်ညှိးထိုးခံဘဝကို

မင်းခံသာအောင်နေ..

ခပ်ပြုံးပြုံးလေးနဲ့

ငါတို့ရဲ့ လိုအပ်မူ့ကို...

ရအောင်ယူလိုက်...။
နှိမ်ချင်တာ လူ့မနော..
ဟန်ဆောင်ကောင်းတာ လူ့သဘော...

အပြုသဘောလောက်တော့..

သူတို့ကောင်းကြတယ်...။
မရှိ၇င်တောင်းစား...
လူလိမ်သူခိုး မလုပ်နဲ့..

မသိရင်မေးလိုက်..

လူတတ်ကြီးမလုပ်နဲ့....

မချစ်ရင် မုန်းလိုက်..

နောက်ကျောဓားထိုးသူ..မဖြစ်နဲ့...

မတည်ရင်မပေးနဲ့...သစ္စာမဲ့သူ မလုပ်နဲ့...

မကြိုတ်ရင် မလုနဲ့...

ကြာကူလီ မဖြစ်စေနဲ့....

မိုက်သူကို ပြန်မမိုက်နဲ့..

မင်းပဲ ခွေးဖြစ်မယ်....

လူ့ ၊လူ ၊လူး ထက်..

လူ့ခွေး မဖြစ်စေနဲ့....

သူ့တရား ငါ့တရား လက်သာကိုင်ထား..

ကမ္ဘာကြီးဟာလည်း တရားတယ်....

ငါ့တို့ စီရင်ချက်အတိုင်း...

ငါတို့ လည်စင်းခံ..

သူတို့တ၇ား သူတို့စီရင်ပါစေ.....။
မ၇ှိမာနကို လက်ဆုတ်...
ဟောဒီကမ္ဘာကြီး မတုန်လှုပ်သ၇်ျ့

မင်းတို့ရှေ့မှာ..

ငါ ၇ှိနေမယ် ညီ......။
ငါတို့မှာ ကိုယ်ပိုင်အိမ် မရှိဘူး...
ငါတို့မှာ အိမ်ခြံမြေမရှိဘူး....

ငါတို့မှာ ရွေးချယ်ခွင့်မရှိဘူးး...

ငါတို့ ပိုင်တာ ငါတို့အကျင့်..

ငါတို့အသိ..မခြွတ်ယွင်းစေနဲ့...

ဒင်းတို့ မိုက်သလို..

မင်း..မမိုက်နဲ့...

ငါ နာကျင်မူ့ကိုကြည့်ပြီး..

မင်းမငိုနဲ့.....

ငါက မင်းတို့အတွက်...စာသင်ခန်းမ.....

မင်းတို့ ဖတ်..

မင်းတို့တက်ဖို့ ငါ့သွေးတွေနဲ့..

စာတွေ ရေးပြမယ်...

လူတိုင်းကို မင်းတို့ မယုံနဲ့.....

လူဆယ်ယောက်မှာ သုံးယောက်သာ

မင်း ယုံကြည်..ထိုသူဟာ

အမိနဲ့အဖ..ကျန်တာက

မင်းရွေးချယ်မူ့.....

မှန်မယ်ထင်ရင်တောင်...ကျန်တစ်ယောက်ကို

မင်းစိတ်မချသေးနဲ့...ညီ။

အမြင်ကောင်းဖို့အတွက်..

နေစရာမလိုဘူး...

အမြင်တော်အောင်သာနေ...

ဘယ်သူပျက်ပျက်..

မင်း မဖျက်နဲ့.....။
လာ..ညီ..
ငါတို့ အနာဂက်တွေပိတ်မှောင်အောင်

မည်းနက်ပါစေ..

ငါတို့ မနတ်ဖြန်တွေ ခမ်းခြောက်အောင်

ပူပါစေ..

မင်းတို့ အရိပ်အေးမြစေဖို့..

ငါ့ရင်ခွင်မိုးလို့ထားမယ်....မင်း မငိုနဲ့....။
ငါဘယ်လောက် နာနာ..
ငါဘယ်လောက် မောမော...

ဘယ်သူ ဘယ်လိုပြုပြု...

ငါ့မှာ ခံနိုင်ရည်ရှိတယ်....ညီ..

အဲဒါ...

ယောက်ျား...မာန..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့