Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

ကျေနပ်စွာနေတတ်ခဲ့သူ

ဝေးကွာဖို့ဦးတည်နေတဲ့
မင်းရဲ့စကားသံတွေထဲမှာ
ကြင်နာခြင်းကိုရှာနေခဲ့မိတာ
ငါရူးသွပ်နေခဲ့လို့ပါချစ်သူ
ဖွဖွလေးပြုံးတတ်တဲ့
မင်းရဲ့နှုတ်ခမ်းပါးတွေက
ငါ့တယောက်ထဲအတွက်လို့
ယုံကြည်နေခဲ့မိသူပါ
မရေးတာကြာနေတဲ့Diaryထဲ
သတိရခြင်းစာမျက်နှာတွေ
ကျန်ရစ်သူနဲ့ချန်ရစ်သူကြား
အလွမ်းကကြားခံနယ်ဖြစ်ခဲ့ပြီ
ပြုံးပြနှုတ်ဆက်ဖို့တောင်
မလွယ်ကူတော့တဲ့ဘ၀တွေမှာ
သူစိမ်းဆန်တဲ့အကြည့်တချက်ကိုပဲ
တမ်းတနေတတ်မိတာ
ငါ့ရဲ့ညံ့ဖျင်းမှုသက်သက်ပါပဲ.........ချစ်သူရယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့