တိတ်တိတ်လေးနေချင်တဲ့ ငှက်
ဘ၀ပျက်နေ့ တွေများလို့ 
အတောင်ပံတွေ ဖြန့် ထားရတယ်။
အဖြူရောင် တိမ်တိုက်လေးဖြစ်ချင်ခဲ့သူ
ခပ်ယဲ့ယဲ့ နှလုံးသားကို
ဘယ်သူမှ မသနားတော့
သမင်တွေစားတဲ့
အညှာတာမဲ့ ကျားတစ်ကောင်ဖြစ်ခဲ့။
သစ်ခက်တွေ ဝေဆာတဲ့သစ်တစ်ပင်လို
ငှက်တစ်သောင်းမက နားခိုရာဖြစ်ချင်ခဲ့သူ
အခါခါကြိုးစားသမျှ
မြေနိမ့် တဲ့နေရာပဲ မိုးကြိုးတွေ ခဏခဏကျလို့ 
ကိုယ့်အရိပ် ကိုယ် ပြန်မခိုနိုင်ဘူး။
အိပ်မက်တွေပြိုကျရင်း
ကြယ်အစင်းစင်းတွေ ကြွေ
ရင်ထဲက ဆန္ဒတွေ
နာကျင်လျှက် သေလေပြီ။
No comments:
Post a Comment