Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

ပညာသည် အဓိက

ပညာသည် အဓိက
မှတ်ယူကြ ဒီအချိန်
မီးမှိန်မှိန် အမှောင်လမ်း
လျှောက်လှမ်းရင်း နှစ်တွေကြာ
သမုဒ္ဒရာရေတွေမခမ်းသ၍
ကမ္ဘာမှာ မြန်မာဟေ့..လို့
ကြွေးကျော်သံ မိုးထိညံခဲ့
တွင်းထွက်ရွှေ ကျွန်းသစ်တွေနဲ့
ပြည်တန်ကျောက် မြေမှာပေါက်လိုက်
ပင်လယ်အောက် ရေနံဖောက်လိုက်
မရိုးနိုင် ဒို့မြန်မာမြေကြီး
လယ်ယာမြေ ဆန်စပါးနှင့်
မြစ်၊ချောင်း၊ကန်၊ပေါလှပေတည်း..။

ပြည်ကြီးက သစ္စာရှိ
မြေကြီးက တာဝန်သိ
တန်ဖိုးရှိ တိုးတက်ရေး
တောက်ကြွားဖို့ ပျိုးထောင်ပေး
ဥာဏ်ပညာ ကင်းဆိတ်ငြားသော်
ပွဲလယ်တင့် ကမ္ဘာ့အဆင့်သို့
ရောက်နိုင်ဖို့ဝေးလေစွ
ဆွေးတသ မဖြစ်ကြနှင့်
ကြိုးစားသင် ပညာရင်နို့
သောက်ကြဖို့ ဒို့တွေနိုးကြား
ကမ္ဘာမှာ မြန်မာဟေ့..လို့
နောင်တချိန် ပညာစီးပွား
ထွဋ်ဖျားက အော်နိုင်ငြားအံ့..။


ပညာရေးသည်နိုင်ငံ၏ဆေးဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့