Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

************တိုင်တည်မိတာပါ..လောကကြီးရယ်**********

လောကကြီးရယ်..ချစ်တဲ့သူဆီက

အချစ်ကိုမရတဲ့အပြင်

မချစ်မနှစ်သက်တဲ...ရင်ခွင်ပါ

ထပ်ဝင်ရမယ်ဆို...ငါအတွက်တရားရဲ့လား

လောကကြီးရေ....
မေတ္တာမဲ့နေတဲ့နှလုံးသားဖြစ်ရတဲ့အပြင်

အချစ်ပါငတ်လိုက်သေး

လောကကြီးရယ်..ငါကပဲကံဆိုးတာလား
လောကကြီးရေ.........လာစမ်းဟဲ့လောကဒဏ်ရယ်လို့

ဘယ်လိုပဲစိန်ခေါ်စိန်ခေါ်

လောကကြီးကတော့ဘာမှမသိပါဘူး

သူသွားမြဲသွားနေတာပါပဲ

တခါတလေမှာ... လောကကြီးကိုစိတ်ပျက်မိတယ်။……

တခါတလေမှာ.... လောကကြီးကလှနေပြန်ရော်

တခါတလေမှာ... လောကကြီးက ငါ့ကိုလှောင်နေသလိုပါပဲ

တခါတလေတော့လည်းအောင်နိုင်သူအပြုံးနဲ့
ငါလောကကြီးကိုမော်ကြည့်ဖူးချင်တယ်

လောကကြီးကထိုးနှက်ချက်တွေများလိုက်တာ

လောကကြီးကဘက်မလိုက်တတ်တာတော့သိပေမယ့်

လောကကြီးရယ်မင်းရဲ့နွေးထွေးမူတွေကိုငါရချင်မိတယ်

တခါတလေတော့လည်း...ငါလောကကြီးကိုဟားတိုက်ရီလိုက်ချင်တယ်

ငါတယောက်တည်းကံဆိုးနေတာလားလို့

ငါကပဲရူးသွပ်နေမိတာလားလောကကြီးရယ်။
ဒီလိုအဖြစ်မျိုးဘယ်သူမှမဖြစ်ပါစေနဲ့
လေးစားချစ်ခင်လျှက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့