Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 April 2012

ဗုဒ္ဓနုဿတိဘာဝနာ

(၁) သော ဘဂ၀ါ ဣတိပိအရဟံ၊ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း
အရဟံ-အရဟံဟု သုံးတန်ဘုံလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏ ။
(၂) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-သိစရာရှိသမျှ ဥေယျဥဿုံအလုံးစုံတို့ကို အကုန်အစင် ဉာဏ်သမ္ပဇဉ်ဖြင့် ထင်ရှားပိုင်ပိုင်
သိမြင်တော်မူနိုင်သော ဤအကြောင်းကြောင့်လည်း
သမ္မာ သမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓဟု လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏ ။
(၃) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-ဤသို့ အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏ ပြည့်ဝစုံလင်
ဂုဏ်တင်ဖွယ်ကောင်း ဤအကြောင်းကြောင့်လည်း
ဝိဇ္ဇာစရဏသမ္ပန္နော-၀ိဇ္ဖာစရဏသမ္ပန္နဟု လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏ ။
(၄) သောဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-ဤသို့ စကားဆိုရန် ခွန်းခြောက်တန်တွင် မှန်လည်းမှန်ဘိ၊
အကျိုးရှိလတ် ကောင်းမြတ်သော နုတ်ခွန်းစကားကိုသာ ဆိုတော်မူတတ်သောကြောင့်လည်းကောင်း
ကောင်းမြတ်ရာမှန် နိဗ္ဗာန်ရွှေမြို့သို့
ကြွသွားတော်မူတတ်သော ဤအကြောင်းကြောင့်လည်းကောင်း
သုဂတော-သုဂတဟု လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏ ။
(၅) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-ဤသို့ သတ္တ၀ါအလုံးစုံ ဘုံအနန္တ သင်္ခါရဟု လောကသုံးပါး ပိုင်းခြားထင်ထင်
သိမြင်တော်မူတတ် ဤဂုဏ်သကတ်ကြောင့်လည်း
လောက၀ိဒူ-လောက၀ိဒူဟု သင်းကြူပျံ့ထုံ ဘုံအနန္တ မကျန်ရအောင်
လုံးဝကုန်စင် ထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏ ။
(၆) သောဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-ဤသို့ ဆုံးမသင့် ဆုံးမထိုက်သော သတ္တ၀ါအပေါင်းတို့အား
တုတ်ဓားမပြ တရားချလျက် ဆုံးမပဲ့ပြင် သွန်သင်ရေးဝယ်
အတုမရှိ ထူးမြတ်တော်မူသော ဤအကြောင်းကြောင့်လည်း
အနုတ္တရောပုရိသ ဒမ္မသာရထိ-အနုတ္တရောပုရိသ ဒမ္မသာရထိဟု
လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေသည်။
(၇) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-ဤသို့ နတ်လူတို့၏ ဆရာသခင် ဖြစ်တော်မူသောကြောင့်လည်းကောင်း၊
သတ္တ၀ါအများတို့ကို သံသရာဘ၀ ၀ဋ်ဒုက္ခမှ ကယ်တင်ရာ၌
ကုန်သည်မှူးကြီးပမာ ရှေ့ဆောင်ဦးစီး အကြီးအမှူး ဖြစ်တော်မူသောကြောင့်လည်းကောင်း
သတ္တဒေ၀မနုဿာနံ-သတ္တာဒေ၀မနုဿာနဟု
လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေသည်။
(၈) သော ဘဂ၀ါ- ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-ဤသို့ သစ္စာလေးတန် တရားမှန်တို့ကို ကိုယ်တော်တိုင်သိ ဝေနေယျတပည့်တို့အားလည်း
သိတော်မူစေသော ဤအကြောင်းကြောင့်လည်းကောင်း၊
ဗုဒ္ဓေါ-ဗုဒ္ဓနာမံ ဘွဲ့တော်ခံလျက် သုံးတန်ကုန်လုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေသည်။
(၉) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-ဤသို့ သစ္စာလေးတန် တရားမှန်တို့ကို ကိုယ်တော်တိုင်သိ ဝေနေယျတပည့်တို့အားလည်း
သိတော်မူစေသော ဤအကြောင်းကြောင့်လည်းကောင်း၊
ဗုဒ္ဓေါ-ဗုဒ္ဓနာမံ ဘွဲ့တော်ခံလျက် သုံးတန်ကုန်လုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေသည်။
သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ-ဤသို့ ဣဿရိယ-ဓမ္မ-ယသ-သိရီ-ကာမပယတ္တကုန်လုံ
ဘုန်းခြောက်စုံနှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း
ဘဂ၀ါ-ဘဂ၀ါဟု လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏ ။
(ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)
                                                                                   ပွားမျာ၍ ဉာဏ်တက်ပါစေ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့