Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

ချစ်တာ တစ်ခုထဲနဲ့တော့..

ချစ်တာ တစ်ခုထဲနဲ့တော့..

အိမ်ထောင်ရေးမှာ အချစ်သည်အနှစ်ဖြစ်၏။ အချစ်မပါသော အိမ်ထောင်ရေးသည် အနှစ်မပါသောအကာ သတ်သတ်
ဖြစ်တက်၏။ထိုကြောင့်အိမ်ထောင်ပြုရာတွင် ချစ်ခြင်း မေတ္တာအရေးကြီးသည် သို့ သော်နေရာတိုင်းမှာ အစွန်းတစ်ရား
များ ရှိ၏။တစ်ဖက်သတ်ကျသော အယူအစများသည် မှားယွင်းတက်၏။အိမ်ထောင်ရေးတွင် အချစ်သည် အရေးကြီး
သော လိုအပ်ချက်ဖြစ်သော်လည်း ချစ်တာတစ်ခုထဲနှင့်လည်း အိမ်ထောင်သာယာရေးအတွက် ပြည့်စုံသည်မဟုပ် လူ့ 
ဘ၀တွင် စားဝတ်နေရေး လိုအပ်ချက်များ ၇ှိသေး၏။လင်နှင့်မယား ချစ်ပင်ချစ်သော်လည်း စားဝတ်နေရေးမပြည့်စူုံလျှင်
အိမ်ထောင်သာယာမှု့ မပြည့်စုံနိုင်။



ဆယ်ကျော်သက်တို့ သည် ဘ၀အတွေ့ အကြုံမရင့်ကျတ်သေး သို့ သော်အရွယ်ကလေးက ပြောင်းလာသည်နှင့် အမျှ
ရင်ထဲမှာ ပုဇွန်ဆိတ်ကလေးများ ခုန်ခြင်လာကြ။ပီ။အချစ်အကြောင်း စိတ်ဝင်စားလာကြသည်မှာ အရွယ်၏သဘာဝပင်
ဖြစ်သည် စိုးရိမ်စရာမဖြစ်သေး သို့ သော်စိတ်ကူးယဉ်ရာမှ လက်တွေ့ စမ်းခြင် ရှေ့ တစ်ဆင့် တက်လာလျှင် စိုးရိမ်စ၇ာ
ဖြစ်လာ၏။ အထက်တန်းကျောင်းသား ကျောင်းသူ အရွယ်မှာ ရည်းစားထား၊ကျောင်းပြေး၊ပန်းခြံထဲမှာ ချစ်သူနဲ့ ချိမ်းတွေ့ 
ပါများသောအခါ အချစ်မှတစ်ပါး ဘာကိုမှ စိတ်မ၀င်စားနိုင် အောင်ဖြစ်လာကြသည်။လောကမှာ အချစ်သာအရေးကြီး
ဆုံးအချစ်သာ ပဓာနဟု ယူဆလာကြသည်။


“ ချစ်သူ့ ရင်ခွင်ထဲ ခိုဝင်နေရလျှင် တစ်လောကလုံး ဘာမှမလိုခြင်တော့ပါ ” ဟု မိန်းခလေးကဆိုလျှင် “ ချစ်သူကို
သာ ဟောဒီလိုရင်ခွင်ထဲမှာ ပွေ့ ပိုက်ထားရရင် တစ်လောကလုံးက ရတာနဲ့ အတူတူပဲ ” ဟု ယောက်ျားလေးက
ပြောလာသည်။နောက်ဆုံးတော့ ပညာမစုံခင်မှာပဲ ခိုးရာလိုက်ပြေးသည့် အဆင့်တွေ ဖြစ်လာကြရြ့ပီ…………………


သာဓကလေးတစ်ခုပါ။
မိတ်ဆွေတစ်ဦး၏ သမီးငယ်သည် ကိုးတန်းမအောင်သေး။ယောက်ျားလေးက ဆယ်တန်း ဒုတိယနှစ်။ထွက်ပြေးကြစဉ်
က အသိမိတ်ဆွေ အိမ်မှာ ချစ်လိုက်ကြ ပျော်လိုက်ကြ ရက်ပိုင်းမျှကြည်နှုးခဲ့ ကြသော်လည်း ကြာလာတော့ မိတ်ဆွေ
အတွက်ဝန်တက်လာပြီး ယောက်ျားလေး ဖခင်ထံ ပြန်လည်အပ်နှံပေးသည်ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်ခြင်း မရှိသောကြောင့် ယောက်ျားလေး၏အိမ်မှာ မှီခိုခဲ့ရသည်။ယောက်ျားလေး၏ ဖခင်မှာ ရုံးအုပ်
အငြိမ်းစား ဖြစ်သည်။မိခင်မရှိ အစ်မသုံးရောက်က အလုပ်ကိုယ်စီနှင့် အစ်မကြီးက စာရင်းစစ်၊ အလတ်က စာရေးမ၊
အငယ်က ဆရာမ၊ ထိုအစ်မတွေ၏ လုပ်စာကိုထိုင်စားရသောကြောင့် မိန်းခလေးမှာ မျက်နှာငယ်ရသည်။မိန်းခလေး၏
မိဘများကလည်း စိတ်နာပြီးသမီးကို လုံးဝပြစ်ပယ်ထားသည်။



{(ဒီနေရာမှ စကားချပ်အနေနဲ့  ကျွန်တော်ရေးထားတဲ့ post အရှက် နှင့် မေတ္တာတရားထဲကလိုပါ။
မိဘဆိုတာ သားသမီးတိုင်းကို ချစ်တယ်ဆိုတာ နားလည်ပါတယ် လူတိုင်းလဲသိသလို အားလုံးလည်းလက်ခံထား
ကြတဲ့ ဒသန တစ်ခုပါ။ ဒါပေမယ့် အရှက် တရားနဲ့ ယှဉ်လာရင်ကော မိဘက သားသမီးကို ချစ်ကောချစ်ကြရဲ့လား
အရှက် နဲ့  ချစ်ခြင်းတရားကို ယှဉ်ထိုးကြည့်ရင် ဘယ်အရာက အလေးသာမယ်ထင်ပါသလဲ။သမီးကို ရှက်လို့ ပဲပြစ်
ပယ် ဘာနဲ့ ပဲပြစ်ပယ်ပြစ်ပယ်ပါ။သမီးဟာ သမီးပါပဲ ကျွန်တော်သိတာက မိဘဆိုတာ သားဆိုးသမီးဆိုးကို စွန့် လွှတ်
ရိုး ထုံးဆံမရှိပါဘူး ။သို့ ပေမယ် တစ်ချို့ အရာလေးတွေကတော့ လွဲနေသလားလို့ ပါ။)}



မိန်းခလေးခဗျာ ယောက်ျားလေး အစ်မတွေ ကျေနပ်အောင် မီးဖိုချောင်ဝင်းပြီးချက်ပြုတ် တစ်အိမ်လုံးရဲ့ အ၀တ်
အစားတွေကို လျှော်ပေးရတယ်။သူတို့ မောင်ကို ချစ်သောအစ်မများကလည်း မိန်းကလေးကြောင့် သူတို့ မောင်
ပျက်စီးသည်ဟု မိန်းခလေးအပေါ် မကျေမနပ်ဖြစ်နေတော့ မျက်နှာငယ်နှင့် လုပ်သော်လည်း အကောင်းအမြင်
အမျိုးမျိုးအပြစ် တင်ကြသည်။ကုန်ဈေးနှုန်းကြီး၍ မလောက်သောအခါ လူပိုရှိလာ၍ဟု ငြူစှုကြသည်။ မိန်းခလေး
ခင်ဗျာတော့ နေ့ စဉ်နှင့်အမျှ မျက်ရည်နှင့် မျက်ခွက် ငိုကျွေးနေရသည်။ယောက်ျားဖြစ်သူမှာ ပညာမတက်၍ ဘာ
အလုပ်မျှ တူတူတန်တန်မရ။ ရရာအလုပ်ကို လုပ်ဖို့ ကြတော့လည်း အလုပ်ကြမ်းသာဖြစ်၍ မလုပ်ချင်။



မိန်းခလေးမှာ ကိုယ်ဝန်ရှိသောအခါ မိန်းခလေး၏ အစ်မများက ငြူစှုလာကြသည်။နောက်ထပ်တိုးလာမည့် ပါးစပ်
ပေါက်အတွက် စိုးရိမ်လာကြသည်။တစ်နေ့  မိန်းခလေးသည် ဈေးဝယ်သွားရင်း ပျို့ အန်ပြီးခံတွင်း ချဉ်၍ ဆီးထုပ်ဝယ်
စားမိသည်။အစ်မကြီးက ဈေးစာရင်း ရှင်းရာမှ ဆီးထုပ်ဖိုးတွေ့ သောအခါ မကျေနပ်မှု့ အခုအခံများသော အစ်မကြီးက


“ ဟင် .. ငါစိတ်ညစ်တယ် ဘာမှအလုပ်မရှိ အကိုင်မရှိတွေ အိမ်ပေါ်တင်ကျွေးထားရတာ ခု နောက်ထပ် ပါးစပ်တစ်ပေါက်
က ထပ်တိုးပြန်အုံးမယ်”


ဟူ၍ မကျေမနပ် ပြောဆိုသည်။မိန်းခလေးမှာလည်း ခံစားရလွန်းသောကြောင့် နှုတ်တုံ့ ပြန်မိသည်။ ညီအမ
သုံးယောက်၏ ၀ိုင်းဝန်းဖိနှိပ်ပြောဆိုကြသောကြောင့် မိန်းခလေးခင်ဗျာ ၀မ်းပမ်းတနည်း ငိုကျွေးရသည်။


မိန်းခလေးမှာ စကားများရသည့်အကြောင်းရင်းကို ယောက်ျားဖြစ်သူ ပြန်လာသောအခါ သူခံစားချက်များကို အိပ်
သွန်ဖာမှောက် ပြေပြသည်။ယောက်ျားဖြစ်သူက သူ့ ၏ပညာအရည်အချင်းနှင့်ဆိုလျှင်
“ ဆိုက္ကားနင်းသော အလုပ်သာရနိုင်ကြောင်း ပြောသည် ”



မိန်းခလေးက ဆိုက္ကားနင်းသောအလုပ်ကိုပင် လုပ်သင့်ကြောင်း ဆင်းရဲလျှင်အတူ ခံမည်။မိဘအိမ်တွင်တော့ မနေလို ဟု
ပြောဆိုမိသောအခါ ။ယောက်ျားလေးက မိမိကို ဆိုက္ကားနင်းခိုင်းသော မိန်းမဟု ဒေါသဖြင့် ကြိမ်းမောင်းပြီး လင်မယား
ရန်ဖြစ်ကြသည်။ယောက်ျားဖြစ်သူက ဒေါသအလျှေက်လက်ပါ၍ ရိုက်နှတ်သည်။ချစ်လှပါချည့်ရဲ့ဆိုတဲ့ ချစ်ခြင်း မေတ္တာ
တရားတွေ ပျောက်ကွယ်ကုန်ကြပြီ။



မိန်းခလေးခဗျာ ဗိုက်တစ်လုံးနှင့် အိမ်ပေါ်က ဆင်းခဲ့ရသည်။စလယ်ဝင်ဖင်မမည်းဘဲ ချစ်လှချည်ရဲ့ ဆိုသူတို့ ကွဲခဲ့ရလေပြီ။
ယခုအခါ ထိုမိန်းခလေးမှာ လင်နှင့်လည်းမပေါင်း၊မိဘအိမ်သို့ လည်းမပြန်ဝံ့ပဲ ကလေးတစ်ယောက်နှင့် ရန်ကုန်မြို့ ၏
ဆင်ခြေဖုံးဈေးတစ်ခုတွင် အထည်ဟောင်းဝယ်ရောင်းအဖြစ် ဆင်းရဲစွာ အသက်မွေးရရှာသည်။


မြတ်နိုးကိုးကွယ်ရာဟု ယူဆခဲ့သော အချစ်ဆိုသည်မှာ နာကျည်းစက်ဆုတ်စရာ ဖြစ်သွားခဲ့လေသည်။


သူ့ နေရာမှာ စိတ်ဓါတ်မခိုင်မာသော မိန်းခလေးအချို့  ကေတီဗွီ၊မာဆက်နှင့် မကောင်းသောမိန်းမများအဖြစ်အသက်
မွေးနေကြသည်မှာ အများအပြားပင် ဖြစ်သည်။တစ်ခါတစ်ရံ စိတ်ကူးယဉ်ဘ၀ကလေးသည် စိတ်ကူးယဉ်ဘ၀ထဲသာ
ကောင်းတာပါ။လက်တွေ့ နဲ့တော့ အများကြီးကွာခြားပါတယ်။


ကျွန်တော်တင်ထားတဲ့ (post ကြုံရဆုံရ လူသားဘ၀ ထဲက …..

တစ်ချိန်ကြရင် များသောအားဖြင့် တော်တော်များများ အိမ်ထောင်ပြုကြမှာပါ။အဲဒီအခါ..

မိမိ လက်ထပ်ရမဲ့သူဟာ မိမိဘဝနဲ့ လိုက်လျောညီထွေ ရှိမရှိ၊ မိမိက သည်းခံခွင့်လွှတ်နိုင်မည့်စရိုက် ဟုတ်မဟုတ်၊ မိမိ
အတွက် စိတ်ချမ်းမြေ့မှု ဖြစ်မဖြစ်၊ မိမိဘဝတစ်သက်တာ လက်တွဲနိုင်မနိုင် သေသေချာချာစဉ်းစားဆင်ခြင်ပြီးမှ
ရွေးချယ်ဖို့ လိုပါတယ်။



ခုမြင်၊ ခုကြိုက်၊ ခုသဘောကြပြီး လက်တွဲဖို့ မဆုံးဖြတ်ပါနဲ့။ သူတို့ရဲ့ဘဝ သူတို့ရဲ့အမှုအကျင့်တွေကို လေ့လာဖို့ အချိန်
ယူပါ။ လတ်တလော သာယာမှုကို ဦးစားမပေးပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ချစ်သူဘဝမှာ ဟန်ဆောင်ဖုံးကွယ်ထား
တတ်တော့စရိုက်အမှန်ကို တိုတောင်းသော အချိန်ကာလ အတွင်းမှာ မြင်သာနိုင်ခြင်း မရှိလို့ပါပဲ။



လက်တွဲရယူပြီးမှ ပြုပြင်မယ်ဆိုတဲ့ စိတ်ကူးယဉ် နှစ်သိမ့်မှုမျိုးနဲ့ ဘယ်တော့မှ မရွေးချယ်မိပါစေနဲ့။ လူတစ်ယောက်ဟာ
အခြားလူတစ်ယောက်ရဲ့ လိုအင်ဆန္ဒမှန်သမျှကိုပြည့်ဝကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို
လည်း သတိပြုဖို့ လိုတယ်နော်။


နောက်တစ်ခုကတော့

အိမ်ထောင်တော့ ပြုလိုက်ကြပါတယ်..ဒါပေမယ့် အဆင်မပြေမှု့  တွေနဲ့ ကြုံတွေ့ ကောင်းတွေ့ ကြရမှာပါ။
လူ့ဘဝဆိုတာ တိုတိုကလေးပါ။ လူတစ်ယောက်ဟာ မွေးဖွားလာတဲ့ အချိန်အခါကိုလိုက်ပြီး ကံကြမ္မာရေစီးပေါ်မှာ
လှော်ခတ်မျောပါကြရတာမျိုးပါ။



ဒါကြောင့် ကံတရားကြောင့်ဖြစ်စေ၊ လွဲမှားသော ဆုံးဖြတ်ချက်ကြောင့်ဖြစ်စေ ဘဝတစ်ခုကို မှားယွင်းစွာ တည်ဆောက်
မိတတ်ပါတယ်။ အဲဒီအခါမှာ မထူးဇာတ်ခင်းပြီး စိတ်ဆင်းရဲမခံဖို့ သေသေချာချာမှာချင်ပါတယ်။ မိမိဘ၀အတွက်ဘယ်
လိုမှ သဟဇာတမဖြစ်နိုင်တဲ့ လက်တွဲဖေါ်ကို ကျောခိုင်းစွန့်ခွာဖို့ သတ္တိရှိပါ။


မိမိအတွက် ချမ်းမြေ့သာယာခြင်း မရှိနိုင်သော ဘဝထဲက ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ။ ချော်လဲ ရောထိုင်မလုပ်ပါနဲ့၊
မတ်တတ်ရပ်ပြီး လမ်းမှာလည်း မငိုပါနဲ့။ လူတစ်ယောက်အသက်ရှင်နေသရွေ့ အချိန်ဆိုတာ ရှိပါတယ်။


ဘဝကို ပြုပြင်ပြောင်းလဲတည်ဆောက်ရဲရပါမယ်။မှားပြီးရင် အမှန်ကို ပြင်ရဲရပါမယ်။ နောက်တစ်ခေါက် ရွှေးခြယ်မှု့ မှာ
တော့နှစ်လုံးသားနဲ့အတူ ဦးနှောက်ကိုပါ ထည့်သွင်းတာဝန်ပေးပြီး အချိန်ယူဆုံးဖြတ်ပါ။ မိမိကိုယ်တိုင် အသင့်ဖြစ်နေမှ
သာ ဘဝတစ်ခုကို စတင်ပါ။ အရွေးမမှားပါစေနဲ့တော့။


ဖတ်ရှု့ အားပေးကြသော သူငယ်ချင်းများ ကျမ်းမာချမ်းသာစေကြောင်း ဆုတောင်းပြုရင်း ….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့