မှတ်တမ်းအဖြစ် ပြန်တွေးစိတ်တွင်
တတူတူခေါ် ဖုံးအော်သံကြောင့်
သူငယ်ချင်းစုံညီ လျှောက်လည်မည်ပြော
သူသဘောကို ချစ်စိတ်တိမ်ဖုံး
လုံးလုံးမငြင်း သူခေါ်ရာသို့လိုက်ခဲ့သည်................။
သူငယ်ချင်းတသိုက် ကားပေါ်လိုက်ပါ
မဏ္ဍပ်အစုံ ရေပက်ခံလည်း
ထွက်ခဲ့သည်..........................................................။
သင်္ကြန်ရေအေး လေအဝှေ့တွင်
ချမ်းမြအေးစွာ ခိုက်ခိုက်တုန်လည်း
သူကမချမ်း ပရမ်းပတာ
အော်ဟစ်ဆိုက မြူးပျော်သည်မှာ
ရှက်ကီတန်ခိုး ကြောင့်ဖြစ်ခဲ့သည်............................။
နေလည်းပူပြင်း သင်္ကြန်တွင်းဝယ်
နေခင်းခဏ နားချိန်ကြတွင်
အင်းယားကန်ဘောင် ဦးဆောင်ခေါ်ခဲ့
ထိုစဉ်ခဏ အချိန်မှတွင်
တူယှဉ်ထိုင်တွဲ ရင်ခွင်ထဲသို့
သူဆွဲခေါ်ငင် စိတ်မရွှင်ပဲ
ပြန်စွာအရုန်း ကုန်းမထနိုင်
လက်မှိုင်ချငေး သင်္ကြန်ကာလ
ဆယ်မရနိုင် ပန်းကလေးပင် နွမ်းခဲ့သည်..............။
(ရှက်ကီ=အရက်)
(သင်္ကြန်အတွင်းပန်းကလေးများ မနွမ်းစေရန် ရည်ရွယ်ပါသည်)
No comments:
Post a Comment