Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 April 2012

သီလစွမ်းရည် လောကီအကျိုး၊ လောကုတ္တရာအကျိုး

သီလစွမ်းရည် လောကီအကျိုး
ပါဋလိရွာသားများကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့တာ သီလရဲ့အကျိုး (၅) ပါး ရှိပါတယ်။
"ပစ္စည်းရလွယ်၊
ဂုဏ်ကောင်းကြွယ်၍၊
မငယ်မျက်နှာ၊
မတွေကာသေ၊
ရောက်လေနတ်ရွာ၊
ဤငါးဖြာ မှန်စွာသီလ အကျိုးတည်း။"
... လို့... ဆိုတဲ့အတိုင်း
(၁) ပစ္စည်းလာဘ်လာဘတွေ ရလွယ်မယ်။
(၂) ကျော်ဇောသတင်း ပျံ့သင်းမယ်။
(၃) ပရိဿတ်အလယ်ကို ရဲရဲရင့်ရင့် ၀င်နိုင်မယ်။
(၄) မကြောက်မရွံ့ မတွေမဝေဘဲ သေရမယ်။
(၅) သေပြီးနောက်မှာ နတ်ရွာသုဂတိကိုရောက်မယ်။
သီလစွမ်းရည် လောကုတ္တရာအကျိုး
သီလနဲ့ပြည့်စုံပြီဆိုရင် စိတ်ကြည်လင်တယ်။
စိတ်ကြည်လင်ခြင်းကြောင့် ကျေနပ်မှုဖြစ်မယ်။
ကျေနပ်မှုဖြစ်ခြင်းကြောင့် နှစ်သက်မယ်။
နှစ်သက်ခြင်းကြောင့် ကိုယ်စိတ်တို့ရဲ့ပူပန်ခြင်း ငြိမ်းအေးမယ်။
ကိုယ်စိတ်တို့ရဲ့ ပူပန်မှု ငြိမ်းအေးခြင်းကြောင့် ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်။
ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းကြောင့် စိတ်ဓါတ်တွေ ကြည်လင်တယ်။
စိတ်ဓါတ်တွေ ကြည်လင်ခြင်းကြောင့် အမှန်တရားကိုမြင်တယ်။
အမှန်တရားကို မြင်ခြင်းကြောင့် ရုပ်နာမ်အပေါ်မှာ ငြီးငွေ့တယ်။
ငြီးငွေ့ခြင်းကြောင့် ရုပ်နာမ်အပေါ်မှာ တပ်မက်ခြင်းကင်းတယ်။
ရုပ်နာမ်တို့အပေါ်မှာ တပ်မက်ခြင်းကင်းခြင်းကြောင့် ကိလေသာတွေ ကင်းစင်တယ်။
ကိလေသာကင်းခြင်းကြောင့် နိဗ္ဗာန်ကိုမြင်တယ်။
နိဗ္ဗာန်ကိုမြင်ခြင်းကြောင့် နောင်ပဋိသန္ဓေနေရခြင်း ... စတဲ့ဘေးတွေက အပြီးတိုင်ကင်းလွတ်တယ်။
(မဒေါက်မြို့၊ အဂ္ဂမဟာပဏ္ဍိတ ပန်းငွေရုံဆရာတော်ဘုရားကြီး၏ ဒေသနာပန်းခင်း...မှ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့