Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

အချစ်မှာ မျက်စိရှိဖို့လိုပါတယ်

မိန်းကလေးတွေတစ်ဘ၀လုံးအတွက်” ရွာတစ်ရွာမှာပေါ့ သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးရှိကြတယ် အရမ်းလဲချစ်ကြတော့
နီးစပ်ဖို့အရေးကြိုးစားကြတာပေါ့…….လုလင်ပျိုက လုံမလေးကို ခိုးပြေးဖို့ချိန်းပါတယ်…..ညသန်းခေါင်ယံမှ လုံမလေး
အိမ်ရှေ့က စံပယ်ရုံအကွယ်ကနေ ရွှေဂျိုးကူသံပြုရင်လုံမလေးက ထွက်လာဖို့ချိန်းတယ်…..ချိန်းဆိုတဲ့ညမှာ လုံမလေး
လဲ တကူ….ကူး …..ကူ ဆိုတဲ့အသံကြားတာနဲ့ အထုတ်ဆွဲထွက်လာခဲ့တယ်……နှစ်ယောက်သား တောထဲကိုထွက်ပြေး
ကြတာပေါ့……တော်တော်လေးလဲ ခရီးရောက်တော့ ဗိုက်ကဆာလာတာပေါ့…….အဲဒီမှာဘဲ လုံမလေးပါလာတဲ့
ထမင်းထုပ်ကို နှစ်ယောက်ခွဲစားမယ်လုပ်တယ်…….ထမင်းထုပ်ကိုဖွင့်လိုက်တော့ ပုဇွန်ထုပ်ကတစ်ကောင်ဘဲပါလာ
တယ်……အဲဒီတော့ လုလင်ပျိုက ပုဇွန်ထုပ်ကိုထမင်းပုံအလယ်မှာထောင်ထားမယ်…ထမင်းထုပ်ကိုနှစ်ယောက်တူတူ
စားရင်း ပုဇွန်ထုပ်လဲသွားဘက်က သူကပုဇွန်ထုပ်ကို စားဖို့ ပြောတယ်…..အဲလိုနဲ့ လုလင်လဲ ဆာဆာနဲ့စားလိုက်တာ
ထောင်ထားတဲ့ ပုဇွန်ထုပ်က လုလင်ဘက်ကိုလဲသွားတာပေါ့……


အဲဒီတော့ လုလင်ကပုဇွန်ထုပ်ရဲ့ ခေါင်းပိုင်းကို စပြီးစားလိုက်တယ်….လုံမလေးကတွေးမိတယ်အော် ခေါင်းပိုင်းမို့ ငါ့ကို
မကျွေးတာပေါ့….နောက် လုလင်ကအမြီးပိုင်းကို ကိုက်လိုက်တယ်…..လုံမလေးလဲ တွေးပြန်တယ် အော်အမြီးပိုင်းမို့
ငါကိုမကျွေးတာနေမှာပါပေါ့…….နောက်ဆုံး လုလင်ကပုဇွန်ထုပ်ကြီးရဲ့ အလယ်ပိုင်းကို စားလိုက်တယ်….လုံမလေးလဲ
ပုဇွန်ထုပ်ကိုနည်းနည်းမှ မစားလိုက်ရဘူးပေါ့……ထမင်းလဲ စားပြီးရော လုလင်ကရေဆာတယ်ဆိုပြန်တယ် ….အဲဒီမှာ
လုံမလေးလဲရေရှာပြီးတိုက်ရပြန်တာပေါ့……ရေသောက်ပြီး လုလင်ပျိုလဲ မောမောနဲ့လုလင်ပျိုလဲ အိပ်ပျော်သွားတာပေါ့


အဲဒီအချိန်မှာဘဲ လုံမလေးလဲရွာဘက်ကို အပြေးပြန်လာပါတော့တယ်…..နောက်နေ့မှာ လုလင်လဲ ရွာပြန်ရောက်ပြီး
သန်းခေါင်ယံမှာ လုံမလေးအိမ်ရှေ့က စံပယ်ရုံနောက်ကွယ်ကနေ ရွှေဂျိုးကူသံပေးပါတယ်….. အဲဒီအချိန်မှာတော့
လုံမလေးကထွက်မလာတော့ပါဘူး….အခန်းပြတင်းကနေဘဲပြောလိုက်ပါတယ် ……


တော်ပါတော့မောင်ကြီးရယ် ပုဇွန်ထုပ်လဲ ကတည်းက စိတ်ဝမ်းကွဲပေါ့လို့……”


မိန်းကလေးတွေ တစ်ဘ၀လုံးအတွက်ရည်ရွယ်ထားရင် အချစ်မှာမျက်စိရှိဖို့လိုပါတယ်…အပေါ်ယံအရေပြားက
အလှတရားထက် ကိုယ်နဲ့ တစ်ဘ၀လုံး အေးအတူပူအမျှစိတ်ထားနိုင်မယ့်သူကို ရွေးချယ် မှု့မမှား ကြဖို့ပါ……..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့