Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 April 2012

*********အွန်လိုင်းသူငယ်ချင်း**********


တစ်ယောက်ကိုတစ်ယောက်ချစ်ကြပေမယ့်
ချစ်သူတွေတော့မဟုတ်ဘူး
တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပေမယ့်
မိသားစုလည်းမဟုတ်ဘူး
ဘေးမှာရှိနေပေမယ့်
ဆွေမျိုးသားချင်းလည်း မဟုတ်ခဲ့ဘူး
အဖေတစ်ယောက်လို့ ကာကွယ်တယ်
  အမေတယောက်လိုနွေးထွေးမူပေးတယ်
  အစ်မတစ်ယောက်လို ဂရုစိုက်တယ်
  အစ်ကိုတစ်ယောက်လို ဒေါသထွက်တတ်တယ်
မင်းဘယ်သူလဲ ဆိုတာ ငါမသိဘူး
မင်းဘယ်လိုလူလည်းငါသေချာမသိဘူး....
မင်း ဘယ်က လာသလဲ ဆိုတာလဲ ငါ အသေအချာမသိခဲ့ပြန်ဘူး....
မင်း ရုပ်ဆိုးလား ရုပ်လှလား ဆိုတာလဲ

ငါဂရုမစိုက်ဘူး
မင်း ဆင်းရဲရဲ ချမ်းသာသာငါ့အတွက်မလိုဘူး......
ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မင်းဟာ ငါ့ရဲ့  သူငယ်ချင်းပဲလေ
မမြင်ရတဲ့ အဖြူရောင် သံယောဇဉ်တွေနဲ့ 

ငါတို့ တွေ တစ်ဦးနဲ့ တစ်ဦး ရစ်ပတ်ခဲ့ကြတယ်......

အသိတွေ ဖလှယ်ခဲ့ကြတယ်.....စာတွေအတူတူုရေးတယ်
မင်းအရောက်လာမဲ့  ကွန်ပျုတာဖန်သားပြင်ကို
  ငါစောင့်မျှော်ကြည်ခဲ့ဖူးတယ်
မင်းရောက်မလာရင်
မင်းများနေမကောင်းဖြစ်နေလားစိတ်ပူပန်မူနဲ့အတူ

မင်းအရောက်လာမဲ့ လမ်းကို မျှော်နေခဲ့ဖူးတယ်......
ချစ်သူမဟုတ်ပေမယ့် ချစ်သူထက်တစ်ခါတစ်လေ နားလည်ပေးပါတယ်
  ကိုယ်နဲ့ သွေးမတော်သားမစပ်ဘဲ
တစ်ယောက်နဲ့ တစ်ယောက်ကူညီတယ် မျှဝေတယ် ခံစားပေးတယ်....
.မင်းဟာငါအတွက်တော့  အဖိုးမဖြတ်နိုင်တဲ့
  အွန်လိုင်းသူငယ်ချင်းပါပဲ။။

သူငယ်ချင်းအားလုံးကိုချစ်ခင်လေးစားလျှက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့