Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 April 2012

သို့...အမေ

သို့...အမေ
အမေ...
အများသိထားတဲ့ April Fool Day
အရူးလုပ်မှာ စိုးတယ် အမေ....
ကျွန်တော် ပညာမတက်ပါဘူး
ဒါပေမယ့်
စာဖတ်တက်တယ်..
ဆင်ခြင်တုံတရား ရှိပါတယ် အမေ...
တစ်ချို့ကျတော့
ပညာတက်တယ်..၊စာလည်းတက်တယ်...
ဗလာဦးဏှောက်ကြီးနဲ့
ဘယ်လိုလုပ်မလဲ အမေ...
သနားစရာကောင်းပါတယ် အမေရယ်...
အမေ့ပုံလွှာ စတေကာ
ကလေးတစ်ယောက်ကို ပေးမိတာ
မယူရဲဘူး အဖမ်းခံရလိမ့်မယ်တဲ့....
အမေသိမှာပါ..
ဘယ်သူ “ မင်း “ လုပ်လုပ်
ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ အတွေးနဲ့
မျက်နှာလွှဲ ခဲပြစ်တဲ့ လူဦးရေ
ဘယ်သူ့ကို အပြစ်တင်မှာလဲ အမေ...
အမေ....
သားတို့ငယ်ငယ်တုန်းက ကြားဘူးတဲ့သီချင်း
“ ဗိုလ်အောင်ဆန်းလိုကွယ် သူရဲကောင်းတွေ မွေးရမယ် “
ဘယ်သူ သတ်ပြစ်လိုက်တာလဲ အမေ...
တကယ်တော့...
အမေ့ကို အမေလို့ဘဲ ခေါ်ထိုက်ပါတယ် အမေ...
အားလုံးလွတ်လပ်ဖို့ အမေ အချုပ်အနှောင်ခံခဲ့တယ်
ကျည်ဆံတွေရှေ့တိုးခဲ့တယ်
ရင်နှစ်သည်းချာတွေနဲ့ ဝေးရဲခဲ့တယ်...
ဝန်ခံပါတယ်  အမေရယ်...
ကျွန်တော်မှာ အမေ့လို သတ္တိမရှိခဲ့ဘူး
ဒါပေမယ့် အမေရယ်...
April Fool Day
အရူးလုပ်မှာဆိုးခဲ့တယ်.......။          ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့