ငါ့ အတ္တတွေနဲ့ ......မွေးစကပေါ့ 
ဆာလာရင်ငါကငို
ငါငိုတော့ ငါလိုတာငါရ
ငါ့ မေကနို့ ချိုကြွေး....အေးဆေးခဲ့ ငါ့ ဘ၀........
ငါ့ အတ္တတွေနဲ့ .....ငါလိုခြင်ငါကပူ
ငါပူတော့ ငါ့ ဖေပေး
အေးဆေးခဲ့ ငါ့ ဘ၀......
***************======**************
( ဘ၀အလယ် ...)
ငါ့ အတ္တတွေနဲ့ .....ငါ့ ဘ၀ကိုစလို့ ထူထောင်
ငါအိမ်ထောင်တွေကျခဲ့ တယ်
ငါ့ မယားငါ့ သား ငါ့ သမီးငါ့ မြေး
ကျွေးမွေးနိင်ရေးအတွက်
ယနေ့ ထက်ထိ ငါချိနေအောင်
အသိမဲ့ စွာငါရုန်းကန်ခဲ့ ရတယ်........
ငါ့ အတ္တတွေနဲ့ .....ငါ့ မာန...ငါ့ လောဘ
ငါ့ ဒေါသ...ငါ့ မောဟတွေနဲ့ 
လောကကိုအကြိမ်ကြိမ်
ငါစိမ်ခေါ်ခဲ့ မိတယ်......
ငါ့ အတ္တတွေနဲ့ ....ငါ့ ကိုမလှုပ်နိင်အောင်
ထောင်သွင်းအချုပ်ချခဲ့ တဲ့ 
ငါ့ အိမ်ထောင်စုဝင်တွေရဲ့ 
သမုဒယသံယောစဉ်အကျဉ်းစခန်းမှာ
ငါချာချာလည်နေခဲ့ ရတာ
ဘဂ၀ါမသိ တရားမရှိနဲ့ 
ငါချိနေအောင်ရုန်းကန်ခဲ့ ရတာ.........
ငါ့ အတ္တတွေနဲ့ .....ငါ့ မိသားစုတွေလှပဘို့ 
ခိုးရမှာငါ မကြောက်
လုရမှာငါမကြောက်
သတ်ရမှာငါမကြောက်
ငါလျှောက်နေတဲ့ လမ်း
ဘယ်လောက်ကြမ်းသလည်းဆို
ကျောင်းကန်ဆိုတာငါမရောက်ဘူးခဲ့ .......
ငါ့ အတ္တတွေနဲ့ ......ငါသိ ခဲ့ တာက
ဘယ်သူရှိရှိမရှိရှိ ငါ့ မိသားစုတွေရှိနေ ဘို့ 
ဘယ်သူငတ်ငတ်မငတ်ငတ်
ငါ့ မိသားစုတွေမငတ်ဘို့ 
ငါ့ အတ္တတွေနဲ့ ငါ ၇ုန်းကန်ခဲ့ ရတာ.......
*****************----------***********************
(ဘ၀အဆုံး)
အခုတော့ ..ငါ့ အတ္တတွေနဲ့ .. ငါ့ ဘ၀ချုပ်ငြိမ်းရတော့ မယ်
ငါ့ ဘ၀တလျှောက်လုံး ငါ့ အတ္တတွေသုံးပြီး
ဘုန်းကြီးကျောင်းတစ်ခေါက် မရောက်နိုင်ခဲ့ အောင်
ငါ၇ှာဖွေကျွေးမွေးခဲ့ ရတဲ့ 
ငါ့ နှမငါ့ သားငါ့ မယားငါ့ အဆွေ
လာငိုနေကြတာကလွဲလို့ 
မောဟတောကငါ့ အတ္တစွဲတွေကို
မျှဝေယူပေးနိုင်တဲ့ သူမရှိခဲ့ ပါဘူး....
အခုတော့ .....ငါ့ အတ္တတွေနဲ့ 
ငါ့ လမ်းငါလျှောက်ရတော့ မယ်
တစ်ယောက်တည်းချောက်မဲမဲက
အောက်ထည်းကငရဲကိုလေ......
No comments:
Post a Comment