Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

★ အချစ်ဆိုသော ထိုအရာ ♪♫

အချစ်ဆိုသော ထိုအရာ

ရင်ခုန်ခြင်းမှ စီးဆင်းလာတဲ့
စိတ်ခံစားမှုက
ဖြူဖြူမဲမဲ မသဲကွဲပဲ
အချစ် ဆိုတာကို ခုတုံးလုပ်
နှလုံးသားကို ကကြိုးဆင်
အဟုတ် တကယ်ကိုပင်
သွက်သွက်ခါ
ရူးစေ လွမ်းစေ နွမ်းလျှစေရယ်လို့
အမိန့်ပေးနိုင်စွမ်းရှိသတဲ့
တွေ့ချိန်ခဏ ကြည့်မ၀တဲ့သူ့မျက်နှာ
ဝေးချိန်ခဏ လွမ်းရတဲ့ဝေဒနာက မသက်သာ
ချစ်သူ လာမဲ့အချိန်ကိုတမ်းတ
နွမ်းလျှလှပါဘိ ရွှေရင်မှာ
အော်...
ဝေဒနာရယ်က အမျိုးမျိုး
ပိုတိုးလို့ ချစ်လာလေ
ဝေးရမှာ စိုးရွံ့လေပဲ
တကယ်ပဲ ဆန်းကြယ်လွန်းတဲ့
အချစ်ဆိုသော ထိုအရာ
" မ " ကိုစချစ်မိတဲ့ အချိန်ကစလို့
ကျွန်တော့် ရင်မှာ
စတင် ၀င်ရောက် မွှေနှောက်နေလေပြီ.။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ကြိုးစားပါအုံးမည်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့