Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

အချစ်စစ်နှင့်.....ချစ်စေသတည်း

အချစ်သည်
အံ့သြဆန်းဖွယ် ရှိလှချေ၏။
မြတ်နိုးတွယ်တာ
ရှိမိပါလျှင်
သူချစ် မချစ်
ကိုယ်က ချစ်၏။
အံ့သြဆန်းဖွယ်
အချစ်နယ်၌
တဖတ်သတ်လည်း
ချစ်ကြလေသည်။
နှစ်ဦးနှစ်ဘက်
ရည်တူမျှတူ
ချစ်ကြသူလည်း
ရှိပါလေ၏။
အချစ်မည်တွင်
ထိုသည်ဟာလျှင်
စစ်စစ်မှန်မှန်
ဖြစ်ပါလေလျှင်
သာယာဖြောင့်ဖြူး
ပန်းနှယ်ဖူးလိမ့်
ချစ်ဦးသူသာ
ချစ်တတ်ပါစေ....။
ချစ်ဦးသူနှင့်
ချစ်သည့်ခါစ
ချစ်ခွန်းမျှလျှင်
အလွမ်းနွံနစ်
မဖြစ်စေအောင်
အချစ်စစ်နှင့်
ချစ်စေသတည်း.....................။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့