Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 April 2012

ကိုးကွယ်ရာ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

ရတနာသုံးပါး ရှိပါငြားလည်း

ကိုကြီးကျော်တင်
ကိုးမြို့ရှင်နှင့်
မနှဲလေး ကို အဖော်ပြုရင်းနေမည်လော

မိမိကိုသာ ကိုးကွယ်ရာဟု

ရှင်တော် ဗုဒ္ဓ ဟောသော်ငြားလည်း

ဘိုးဘိုးအောင်နှင့် ဘိုးမင်းခေါင်တို့

ဝိဇ္ဇာ ရှစ်သောင်း ဆရာပေါင်းလည်း
မမေ့စေဘဲ
မ ပါစေကြောင်း
တောင်းဆုချွေရင်း
တင်လိုက်ရသည့်ကန်တော့ပွဲ

ငှက်ပျောဖိုးကုန် အုန်းဖိုးကုန်နှင့်

ကိုယ့်အားမ မ သူသာ မ သွား
စဉ်စားပါလား ငမိုက်သား

မေးခြင်ပါသည်

မိကျောင်းမစီး ကျားကိုစီးသော
ရေငန်ပိုင်စား ငရှင်ကြီးအား
ကျားကို အဘယ်မှရသနည်း . . . . .

အို - - - - - - - - - -

လူ့ပြည် လူ့မြေ လူတို့ရွာ ၌
ငါ့လင် ငါ့သား ငါ့မယား ဟု
ငါစွဲများလှ
လူသားအပေါင်းတို့
ထိုငါ အစွဲ ဒုက္ခပေး၍
သေသောခါဝယ်
ငရဲပျော်ကာနေမည်လော - - - - - - -

နေလိုလလို ရောင်ဝါထွန်းလင်း

လောကသုံးပါး အမှောင်ကင်းအောင်
ဟောကြားပြသ ဆုံးမဆိုသော
ရှင်တော်ဗုဒ္ဓ တရားတော်များ
နှလုံးဝယ်ကိန်း ငြိမ်းအေးခြင်းဖြင့်
ဒုက္ခ ကင်းသော
နိဗ္ဗာန်၌ နေမည်လော
စဉ်းစားပါလား - - - - - - - - -

အို - - - - - - - -လူသား

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့