Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

အကျင့်ဆိုးတစ်ခုကို တာရှည်လက်မခံထားပါနှင့်။

အကျင့်ဟူသည် စိတ်စွဲလမ်းမှုတစ်ရပ်ဖြစ်၍ ထိုအကျင့်သည် ကြလာလျှင် ခိုင်မြဲသွားတတ်၏။ ဆေးလိပ်မသောက်၊ ကွမ်း
မစားသော အကျင့်ကဲ့သို့ ကောင်းသောအကျင့်မျိုးဆိုလျှင် ကောင်းသော်လည်း အရက်သောက်၊ လောင်းကစားလုပ်
တတ်သော အကျင့်ဆိုးမျိုး ဆိုလျှင် အမြန်ဆုံးပြုပြင်နိုင်ခြင်း မရှိပါက လူကို အန္တရယ်ပေးတတ်သောကြောင့် အမြန်ဆုံး
ပြုပြင်ရမည်ဖြစ်၏။


အမှားအယွင်းမကင်းနိုင်သောသူသည် မကောင်းသောအကျင့်ဆိုးများသည် အနည်းနှင့် အများဆိုသလို ရှိကြသည်
ချည်းဖြစ်၏။ ထိုအကျင့်ဆိုးတို့သည် မကောင်းသော ကိုယ်အမူအရာ ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ များကို
လိုက်၍ စွဲနေတတ်၏။


မကောင်းသောအကျင့်တစ်ခုသည် မိမိက လက်ခံထားသဖြင့် မိမိထံရောက်လာခြင်းဖြစ်၍ ထိုအကျင့်ဆိုးကို မိမိက လက်
မခံဘဲ မောင်းထုတ် ဖယ်ရှားပစ်လိုက်လျှင် ရနိုင်ပါ၏။ မိမိကိုယ်တိုင်အပေါ်သာ တည်နေပါ၏။


သို့သော် မိမိဖိတ်ခေါ်၍ ရောက်လာသည့် ဧည့်သည်ကို မိမိက မလိုလားဘဲ နှင်လိုက်လျှင် လွယ်သော်လည်း မိမိထံစွဲ
ကပ်နေသော အကျင့်ဆိုးတစ်ခုကို မိမိကိုယ်တိုင် မောင်းနှင်ဖယ်ရှားရသောအခါ ထင်သလောက်မလွယ်ချေ၊ မကောင်း
မှန်းသိသော်လည်း ပြုပြင်ရန် ၀န်လေးနေတတ်သည်၊ နေ့ရွှေ့ညရွှေ့ ထားကြသည်။ ကြာလာသော အခါ ထိုအကျင့်
ဆိုးသည်.နေမြင့်လေ အရူးရင့်လေ ဖြစ်ပြီး ခိုင်မာသွားတတ်ကျသည်။ စဉ်းစားဥာဏ်ရှိသော လူတို့သည်  မကောင်းသော
အကျင့်တစ်ခုရလာလျှင် ဤအကျင့်အားမကောင်း အကျိုးမရှိ၊ နစ်နာဆုံးရှုံးရန်သာရှိ၏။


ထို့ကြောင့်အကျင့်ဆိုးကို ထုတ်ပယ်ရန် ကြိုးစား၏၊ မိမိ၏အကျင့်ဆိုးတစ်ခုကို ပြုပြင်ရာ၌ စိတ်သည်သာ မဓာနဖြစ်၍
စိတ်ဓာတ်ပြတ်သားမှု ရအောင် အရင်မွေးမြူ ထားကြရမည်ဖြစ်၏။


ဥပမာအားဖြင့် ငါးရာ့ငါးဆယ် နိပါတ်တော်လာ ၀တ္တုတစ်ပုဒ်တွင် ငယ်စဉ် ကလေးဘ၀ကပင် အမျက်စောင်မာန် ကြီးမား
လှသော မင်းသားတစ်ယောက်အကြောင်းကို ဖတ်ရဖူး၏ အမျက်ဒေါသကြီးလွန်းသဖြင့် တစ်နန်းတော်လုံး က သူ့အား
မုန်းကြ၏ နောင်တစ်ချိန်တွင်ဤမင်းသား မင်းဖြစ်မည်ကိုပင် စိုးရိမ်ပူပင်နေကြ၏။ ထိုအကြောင်းကိုသိသော ဆရာ
ပုရောဟိတ်ကြီးသည် မင်းသားငယ်အား ဥယာဉ်ထဲသို့ ခေါ်သွားပြီး တမာပင်ငယ်လေး တစ်ပင်ကို လက်ညှိးထိုးပြ၍
ပြောဆိုမေးမြန်း၏။ မင်းသားငယ်လည်းပြန်ဖြေ၏


"မင်းသား. . . .ဤအပင်ငယ်ကို ကြည့်ပါ. . .တမာပင်ငယ်ကလေးဖြစ်ပါသည်. . ဤသည်မှာ ထိုအပင်ငယ်မှ တမာရွက်
ဖြစ်ပါသည်. . .လျှာပေါ်တင်၍၀ါးကြည့်ပါ. . . အရသာ မည်သို့ရှိပါသနည်း. . . "


"ဆရာ အလွန်ခါးလှပါသည်. ."

"ဤအပင်ငယ်လေးဘ၀ကပင် ဤမျှခါးသည်ဆိုလျှင် အပင်ကြီးရင့်၍ အဆီအနှစ်ပြည့်ဝလာသော အခါ အရသာ
မည်သို့ရှိပါမည်နည်း "

"ယခုထက်အဆပေါင်းများစွာ ခါးလာမည် မုချတည်း.  "

"ဤသို့ဆိုလျှင် ကြာလေခါးလေဖြစ်လာမည့် တမာပင်ကို ယခုကပင် ပယ်နုတ်လိုက်ရလျှင် မသင့်လျော်ပြီလော. ."


"မှန်ပါသည် ဆရာ ၊ကြာလေလေ. . ခါးလေလေ ဖြစ်မည့် တမာပင်ကို ယခုကဲ့သို့ ငယ်စဉ်ကပင် နုတ်ပယ်ပစ်လိုက်
သည်က အကောင်းဆုံး ဖြစ်ပါသည်. "


ထိုအခါ ပုရောဟိတ်ဆရာကြီးက တမာပင်ငယ်ကို လက်ဖြင့် နုတ်လိုက်ရာ . . ထိုတမာပင်ငယ်သည်. . ပုရောဟတ်ဆရာ
ကြီး၏ လက်တွင် ပါလာလေသည်. . ထိုအခါ ပုရောဟိတ်ကြီးက မင်းသားအား. .

"မင်းသား . . .ဤ တမာပင်ငယ်ကို မြေမှ နုတ်ပယ်လိုက်ခြင်းဖြင့် အခါးသံသရာပြတ်၍ နောက်တစ်ဖန် ခါးသော အရာသာ
ကို မပေးနိုင်တော့ပါ. . ထို့အတူ သင်မင်းသာငယ်သည် ယခု ငယ်စဉ်ကလေး ကပင် ဤမျှ ဒေါသအမျက်ကြီးနေလျှင်
နောင်ဘုရင် ဖြစ်လာလျှင် ဒေါသကုမ္မာရမင်းဟု အမည်တွင်လျက် ပြည်သူအများ ဆင်းရဲရပါတော့မည်. အခါးနှင့်တူသော
ဒေါသကို ယခုလို ငယ်စဉ်ကပင် ပယ်ဖျောက်သင့်သည်. . မဟုတ်ပါလေ . . "



မင်းသားငယ်သည် ဆရာကြီးစကားကြောင့် ဥာဏ်အလင်းရကာ မိမိ၏ဒေါသကို ပယ်ဖျောက်ရန် ဆုံးဖြတ်လိုက်လေသည်. .
ဤမင်းသားငယ်၏ ဥပမာကိုယူ၍ မည်သူမဆို မိမိထံရောက်လာသော အကျင့်ဆိုးတစ်ခုကို တမာပင်ငယ်ကို မြေမှ အမြစ်
ပါမကျန် နုတ်ပယ်လိုက်သကဲ့သို့ အမြန်ဖယ်ရှားပြုပြင်လိုက်ခြင်းသည် အကောင်းဆုံးနှင့် အမှန်ကန်ဆုံးသော
နည်းလမ်းတစ်ရပ်ဖြစ်ပါတော့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့