Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

ဟာသလေး တွေ့လို. တင် ပေး လိုက်တာပါ

ပုဒ်မ(၁)။ပိုးပန်းသူများသောအမျိ
ုးသမီးများသည်မိမိနှစ်သက်ရာတဦးတယောက်ကို
ရွေးချယ်ပြီးကျန်သောယောင်္ကျားလေးများအားလိုအပ်နေသောသူများထံသို့ လွှဲပြောင်း
ပေးရမည်။
ပုဒ်မ(၂)။ပူအိုက်သောရာသီတွင်ရင်စေ့၊လက်ရှည်၊ထမီနဲ့ လုံအောင်ဖုံးထားသောအမျိုး
သမီးများအား"သဘာဝအလှတရားများကိုအန်တုသူများ"အဖြစ်အရေးယူရမည်။(ဒီမျှနဲ့ 
မလုံလောက်ပါကအတိုအပြတမ်ဝတ်သူများကိုသေဒဏ်ပေးမည်ဖြစ်သည်။

ပုဒ်မ(၃ ခ)။ချစ်သူရှိသောအမျိုးသားတဦးကိုအခြားသောအမျိုးသမီးတဦးမှချစ်စဖွယ်အမူအရာ

များဖြင့်သိမ်းသွင်းခြင်းကိုနွားခိုးမှုဖြင့်လည်းကောင်းအရေးယူမည်။
ပုဒ်မ(၃ က)။ယောင်္ကျားတို့ ကိုဂရုမစိုက်သောအမျိုးသမီးများအား"ဒုတ်ခရောက်နေသူကို
လျစ်လျူရှုမှုဖြင့်လည်းကောင်း၊
ပုဒ်မ(၃ ခ)။ချစ်စဖွယ်စကားဆိုပြီးညာညာခိုင်းတတ်သောအမျိုးသမီးများအား"လုပ်အားခမ
ပေးပဲစေခိုင်းမှုဖြင့်လည်းကောင်း၊
ပုဒ်မ(၄ ခ)။မိဘချင်းရင်းနှီးမှုကိုအသုံးချပြီးချဉ်းကပ်လာသောအမျိုးသမီးများအားယုံကြည်မှု
အားအလွဲသုံးစားပြုမှုဖြင့်လည်းကောင်း၊
ပုဒ်မ(၄ က)။ရီးစားထည်လဲတွဲတတ်သူများအားပြည်သူပိုင်ပစည်းအလွဲသုံးစားပြုမှုဖြင့်လည်း
ကောင်း၊
ပုဒ်မ(၄ ဂ)။မိမိ၏ချစ်သူအားလက်ဖျားနှင့်ပင်မထိ၊shopping mall၊လှော်ကား၊ချောင်းသာ၊
စသောသမီးရီးစာတို့ ၏ဆောင်ရွက်ဖွယ်caseတို့ ကိုမပြုလုပ်ပါကအလုပ်တာဝန်လစ်ဟင်း
မှုဖြင့်လည်းကောင်းအရေးယူမည်။
ပုဒ်မ(၅ က)။အိမ်ထောင်ရှိမိန်းမတို့ ကိုပိုးပန်းသူယောင်္ကျားများအား"တားမြစ်နယ်မြေတွင်
အမဲလိုက်မှုဖြင့်အရေးယူမည်။
ပုဒ်မ(ရ)။အသက်(၂၅)နှစ်ပြည့်သူအမျိုးသားအမျိုးသမီးတိုင်းအိမ်ထောင်မပြုရသေးလျှင်
မိဘကိုဒုတ်ခပေးသူအဖြစ်အရေးယူမည်။
အယူအဆ

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။

ပန်းကန်ပြားပျံထဲကနေ ဂြိုလ်သားတစ်ကောင် ထွက်လာပြီး လယ်သမားနဲ့
စကားပြောတယ်။ ဘာသာစကားချင်း မတူတော့ ခြေလက် အမူအရာတွေနဲ့
စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ

လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က
ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့
ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့
ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်"

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့

လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့
သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက
လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့
ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လည်းလန့်ပြီး
လစ်တော့တာပဲ"။

ခပ်မာမာပဲ


လူတစ်ယောက်က သူ့သူငယ်ချင်းကို

ပြောပြနေတာပါ။

“ ငါ့မိန်းမ စိတ်တိုပြီဆိုရင် ငါ့ကို

ကုန်းအော်တော့တာပဲ။ အဲဒီအချိန်မှာ၊
ငါတို့ ကလေးတွေ ငြိမ်သွားကုန်ရော။
အိုကွာ၊ အိမ်မှာရှိတဲ့ ခွေးတွေပါမကျန်
တစ်ယောက်မှ သူ့ကို ခံမပြောရဲကြဘူး ”

“ ငါစိတ်တိုပြီ ဆိုရင်လည်း အိမ်က

ပြတင်းပေါက်တွေ၊ တံခါးတွေကို ထ
ဟောက်ပစ်တာပဲ။ ဒီဟာတွေ အကုန်လုံး
တုတ်တုတ်တောင် မလှုပ်ဝံကြဘူးကွ ”
ရှောင်လို့ မရပါလား...

ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက် စွဲလမ်း နေမိသည်။

တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။
ဆရာမက ကျောင်းသားနှင့် ဆရာမမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း
အမျိုးမျိုး ပြောဆိုဆုံးမခဲ့ သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊
ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်း ပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်သာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူး ဟူသည့် သဘောဖြင့်

"ဆရာမ ကလေးမလိုချင်ဘူး" ဟု ပြောလိုက်ရာ ကျောင်းသား ပြန်ပြော လိုက်သည်မှာ
"ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။


ဆုတောင်းတော့ပြည့်ပါရဲ့ 

တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမည်းတစ်ယောက်ဟာ
နတ်မီးခွက် တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက်
စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက
ခဏလောက် စဉ်းစားပြီး ...
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမည်းဟာ......
--------
--------
--------
--------


အိမ်သာအိုး တစ်လုံး ဖြစ်သွားသတဲ့ ...။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့