Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

ကမ္မဿကတာဉာဏ်နှင့် ကံ၏အစွမ်းသတ္တိ

ကမ္မဿကတာဉာဏ်
လောက၌ လူများသာမက အလုံးစုံသော သတ္တ၀ါဟူသမျှတို့သည် -

- ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကုန်၏။

- ကံသာလျှင် အမွေအနှစ်ရှိကုန်၏။

- ကံသာလျှင် အဆွေအမျိုးရှိကုန်၏။

- ကံသာလျှင် အဆွေခင်ပွန်းရှိကုန်၏။

- ကံသာလျှင် ကိုးကွယ် အားထားရာရှိကြကုန်၏။

- ကံသည်ပင်လျှင် သတ္တ၀ါဟူသမျှတို့ကို အယုတ် အလတ် အမြတ် စသည် ထူးခြား ကွဲပြားအောင် စီမံဖန်တီး ပေးတတ်၏။

ဤသို့ “ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ မိမိပြုလုပ်သော ကံမှတပါး လောကကြီးအား စီမံဖန်တီးသူမရှိ” ဟူသော သိသောဉာဏ်သည် ကမ္မဿကတာဉာဏ် ဖြစ်သည်။ ထိုသို့ သိမှတ်ယုံကြည်ခြင်းကို ကမ္မဿကတာ သမ္မာဒိဋ္ဌိဟုလည်းခေါ်သည်။

ကံ၏အစွမ်းသတ္တိ
ကံသည် ဤကမ္ဘာလောကကြီး၌ ရှိရှိသမျှသော သတ္တ၀ါအပေါင်းတို့တွင် -

- အချို့သောသူတို့အား မင်းမှူးမတ်ဖြစ်စေ၏။

- အချို့သောသူတို့အား သူဌေးသူကြွယ်ဖြစ်စေ၏။

- အချို့သောသူတို့အား လူမွဲလူဆင်းရဲဖြစ်စေ၏။

- အချို့သောသူတို့အား အနာရောဂါနည်းစေ၏။

- အချို့သောသူတို့အား အနာရောဂါများစေ၏။

- အချို့သောသူတို့အား နား၊ နှာ၊ ခြေ၊ မျက်စိ စသော အင်္ဂါကြီးငယ် ပြည့်စုံစေ၏။

- အချို့သောသူတို့အား နား၊ နှာ၊ ခြေ၊ မျက်စိ စသော အင်္ဂါကြီးငယ် ချို့တဲ့စေ၏။

- အချို့သောသူတို့အား အလွန်လှပတင့်တယ်ခြင်း၊ တန်ခိုးအာဏာကြီးမားခြင်း၊ အသိ အလိမ္မာ ဉာဏ်ပညာကြီးခြင်း၊ အသက်ရှည်ခြင်း၊ အမျိုးမြတ်ခြင်း စသော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံစေ၏။

- အချို့သောသူတို့အား အဆင်း အရောင် မလှ မပ မတင့်တယ်ခြင်း၊ တန်ခိုးအာဏာ နည်းပါးခြင်း၊ အသက်တိုခြင်း စသော အယုတ်တရားတို့နှင့် ပြည့်စုံစေရန် ဖန်တီးခြင်းငှါ စွမ်းနိုင်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့