Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

နားလည်မူ။

နေရာတကာတွင် ငါသာသိ၊ ငါသာတတ်ငါတကောကောနေတတ်သူတို့သည်မိမိကိုယ်ကိုယ် နားမလည်သူများ
 ဖြစ်ကြသည်။ထိုသူတို့သည် သူတစ်ပါးအပေါ် နားလည်နိုင်ရန်ခဲယဉ်းလှသည်။ အရာရာတွင် ကိုယ်နှင့် နှိုင်းပြီး
ဆင်ကန်းတောတိုး လုပ်တတ်ကြသည်။စင်စစ်မှု နားလည်မှုသည် မိမိကိုယ်တိုင် အရင် ကျင့်သုံး လိုက်နာရမည့်
လူမှုရေး ကျင့်စဉ်တစ်ခုသာ ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်တိုင် နားလည်မှသာ မိမိအပေါင်းအ
သင်း ၊ မိမိပတ်ဝန်းကျင်အပေါ်နားလည် နိုင်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူတစ်ပါးကို နားလည်လိုလျှင် ၊ နားလည်မှုကို ပေးလိုလျှင် မိမိကိုယ်ကို နားလည်အောင် အရင်
လုပ်ရမည်ဖြစ်သည်၊ပေါင်းသင်းဆက်ဆံရေးနှင့် မကင်းသောသူသည် လူအချင်းချင်း ပြေလည်ချောမွေ့စွာ
 ပေါင်းသင်းနေထိုင်ရန် အရေးကြီးလှသည်။တစ်ဦးသဘောကို တစ်ဦး သိမြင်နားလည်ကာ ပျော်ရွှင်ချမ်းမြေ့
ဖွယ် လူမှု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် လိုအပ်သည်။ထိုအခါ တစ်ဦးအပေါ်တစ်ဦး နားလည်မှုသည် မရှိ
မဖြစ် အရေးတကြီး လိုအပ်လာသည်။ ပေါင်းသင်းဆက်ဆံရေး ရှိသောလူသည်မိမိကိုယ်ကိုယ် နားလည်ထား
ရုံမျှနှင့် မပြီးသေးပါ။ ပတ်ဝန်းကျင်ရှိ မိမိဘ၀ခရီးဖော် အခြားလူများအပေါ် နားလည်အောင် လုပ်ရမည့် တာ
ဝန်သည် ယဉ်ကျေးသော လူသားတစ်ဦး၏မွေးရာပါ ဘ၀ပေးတာဝန်ဖြစ်သည်။

သို့မှသာ မိမိအမြင်၊ မိမိသဘောနှင့် အခြားလူများ၏ အမြင်သဘောကို နှိုင်းချိန်ဆက်စပ်ကာ အများအကျိုး၊
လူ့လောကအကျိုးကို အောင်မြင်စွာ သယ်ပိုး ဆောင်ရွက်ကြမည်ဖြစ်သည်။

အများအပေါ် နားလည်မှုရရှိနိုင်ရန် အောက်ပါနည်းလမ်းများကို ကျင့်သုံးနိုင်ပါသည် -
၁. မိမိကိုယ်ကို ဝေဖန်၍ နားလည်သဘောပေါက်အောင် လေ့လာခြင်း။
၂. မိမိနှင့် ထိတွေ့ဆက်ဆံနေရသူတို့အပေါ် စိစစ်လေ့လာခြင်း။
၃. ကိုယ်ချင်းစာနာစိတ် မွေးမြူခြင်း၊
၎ အကောင်းမြင် ၊ အပြုသဘောကို ဆောင်ထားခြင်း။ တို့ဖြစ်ပါသည်။

ထို့ကြောင့် လူတိုင်းသည် မိမိကိုယ်ကိုယ် နားလည်အောင် ပထမဦးစွာ လေ့လာဆန်းစစ်ပြီး အခြားလူများ
အပေါ်တွင်နားလည်သဘောပေါက်ရန် အားထုတ်သင့်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့