Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 April 2012

ကန့်သတ်ချက်နယ်မြေ

လမင်းကြီးရေငါ့မျက်ဝန်းထဲကိုနင်ဝင်မလာပါနဲ့
ငါ့ရဲ့ကန့်သတ်ချက်နယ်မြေထဲမှာ
အချစ်တုတွေကိုလောင်ကျွမ်းပြာချထားတယ်
အလွမ်းတွေကို လောင်စာအဖြစ်အသုံးပြုလို့
နင့်အတွက်ရေးရေးနေတဲ့ အချစ်ပုရပိုက်တွေကို
ငါဆက်မရေးချင်တော့ဘူးလေ...........
တကယ်လို့နင်ငါ့ဆီကို အခိုးအငွေ့အဖြစ်နဲ့
ရောက်လာခဲ့မယ်ဆိုရင်တောင် ငါက
လေပွေတစ်ခုကို ဖန်တီးလို့ အဝေးကို
ခေါ်ဆောင်သွားခိုင်း ရလိမ့်မယ်

လမင်းကြီးရေ တကယ်တော့ငါ့က
သောကတွေကိုဖန်တီးနေတဲ့သူ
အတ္တဆန်တဲ့ ဂွကျကျလူလို့သတ်မှတ်လိုက်ပါ
ဒါမှ ငါ့ရဲ့ကန့်သတ်ချက်နယ်မြေထဲမှာ
အချစ်စစ်တွေကိုဖန်တီးလို့
အဖြူရောင်ဆန်တဲ့ငြိမ်းချမ်းမှုတွေနဲ့အတူ
ဒီလောကကြီးထဲမှာ...........
ငါတကယ်ချစ်တဲ့ ချစ်သူအတွက်
ထာဝရအချစ်စစ်တွေကိုပေးနိုင်မှာပါ
ဒါကြောင့် ငါ့ရဲ့ကန့်သတ်ချက်နယ်မြေထဲကိုနင်ဝင်မလာပါနဲ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့