Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 April 2012

“ သွားပါများ ခရီးရောက်.....တွေးပါများ အသိရ ”

           ခရီးသွားခြင်းသည် ဒေသန္တရဗဟုသုတ ရပါသည်။ မိတ်ဆွေလည်း ပေါများပါသည်။ ဒါပေမဲ့ ပြည့်တွင်း ၊ ပြည်ပ
မည်သည့်ခရီးစဉ်ကို သွားသွားငွေကုန် ကြေးကျတော့ တော်တော်များပါသည်။ ပင်ပန်းမှုစိတ်ဆင်းရဲမှု စိတ်၏ထွက်ပေါက်
အပေါင်းကိုခရီးသွားခြင်းဖြင့် စိတ်အပန်းဖြေသင့်ပါသည်။ မြန်မာလူမျိုးများသည် ခရီးသွားခြင်းကို မွေ့ပျော်ပါသည်။ ခရီးစဉ်များ၌
တစ်ဦးနှင့်တစ်ဦး မမြင်ဖူးပေမဲ့ ရင်းရင်းနှီးနှီးကူညီ ကြပါသည်။ ကမ္ဘာတွင်မရှိသော လူသားချင်းချစ်ကြည်မှု
ရိုင်းပင်းမှုသည် မြန်မာနိုင်ငံတွင် ထိန်းသိမ်းရှိနေသေးသည့် ဓလေ့ဖြစ်ပါသည်။ သို့ပေမဲ့မြန်မာနိုင်ငံမှ ထွက်ခွာသွားသော လူများသည်
တစ်ခြားကမ္ဘာ၏ဓလေ့များကို တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုး ပုံစံဖြင့်ကူညီရိုင်းပင်း ပျူဌာသော မြန်မာမျာ၏ ဓလေ့ကို ဖျောက်ပစ်၍
အခြားကမ္ဘာက ဓလေ့ကိုအတုခိုး ကြပါသည်။ ဝမ်းနည်းဖွယ် ကောင်းပါသည်။ ရေတစ်ခွက်တောင်းသောက် ၍မရသောသူများကို
အတုခိုးပြီး ရေတစ်ပုံးလုံး ချိုးရသည့်အထိ သဒ္ဓါတရား ပြည့်ဝသောမြန်မာ ဓလေ့ကိုဖျောက် ပစ်ကြသည်။ မြန်မာလို့ပြောရမှာ
သူတို့ဘာကြောင့် မနှစ်သက်ပါသလဲ။ တကယ့်အဖြစ်အပျက်လေး တွေကို ကျွန်မကြားရပါသည်။
             U.S.A တိုင်းပြည်ရှိ တက္ကသိုလ်တွင် ဖြစ်ပါသည်။ ကျောင်းသူတစ်ဦးသည် နောက်ဆုံးနှစ် ဖြစ်သည်။
ထိုကျောင်းသည် ကျောင်းသူပေါင်း ထောင်ချီရှိသည့် မိန်းကလေး ကျောင်းဖြစ်ပါသည် မြန်မာဟူ၍
ရှားရှားပါးပါး ကျောင်းလာတတ်သည်မှာ ထိုနှစ်ဦးသာ ရှိပါသည်။
ပထမနှစ်ကျောင်းသူ လေးသည် နောက်ဆုံးနှစ်ကျောင်းသူ လေးကိုတွေ့၍ မြန်မာအချင်းချင်း အားရဝမ်းသာ
သွားနှုတ်ဆက်ပါသည်။ နောက်ဆုံး နှစ်ကျောင်းသူလေး ဘာပြန်ပြောသည် ထင်ပါသလဲ။ သူ့ကိုမြန်မာလို စကားလာမပြောပါနဲ့
အင်္ဂလိပ်လိုပြောပါ မြန်မာဆိုတာ  ရိပ်မိမှာစိုးလို့ပါတဲ့။ ပထမနှစ်ကျောင်းသူလေး မှာအံသြသွားပါသည်။ မြန်မာဖြစ်တာ သေသွား
မလား မြန်မာပြည်ကို စော်ကားပါလား လို့ဒေါသဖြစ်ပြီး ဘာမှဆက်မပြောဘည်း လှည့်ထွက်ခဲ့ပါသည်။ သူ့လှည့်ပြန်ပြီး လမ်းတလျှောက်
စဉ်းစားနေချိန်၌ သူ့ဘေးသို့ မိန်းခလေးတစ်ဦး ရောက်လာ၏။ ခုဏတုန်းက နောက်ဆုံးနှစ်မြန်မာမလေး ဘေးကသူငယ်ချင်း ဖြစ်၏။
ထိုကျောင်းသူလေးက သူဟာဗိယက်နမ် နိုင်ငံလာတဲ့ ကျောင်းသူပါတဲ့ ပထမနှစ်မြန်မာမလေး လိုအပ်တာသူကူညီ ပါရစေဆိုပြီး
သူရဲ့ဖုန်းနံပါတ် ၊ E.mail ပေးသွားတယ်။ နောက်ဆုံးနှစ် ကျောင်းသူလေးရဲ့ အသက်ဟာ အလွန်ဆုံး (၂၃)နှစ် မကျော်ပါဘူး။
တတ်ရောက်တဲ့ နိုင်ငံနဲ့သူ့ရဲ့ စိတ်ဓာတ်ဟာ မထိုက်တန်အောင် ဖြစ်နေတယ်။ မြန်မာအချင်းချင်း မကူညီချင်တဲ့ စိတ်ဓာတ် လူနေဘုံဖျား
စိတ်နေချုံကြား ၊ အသားထဲကလောက်ထွက်တာ ဒါမျိုးထင်ပါရဲ့ ၊ ဒါကြောင့် ပထမနှစ် ကျောင်းသူလေးဟာ သူ့စိတ်ထဲမှာ တစ်စုံတစ်ခုကို
ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချ နိုင်ခဲ့တယ်….။ အဲ့ဒါကတော့ သူပညာသင်ပြီးရင် ဘယ်လောက်ဒေါ်လာ ရရမယူဘူး။ ကိုယ့်တိုင်းပြည်
ကိုယ်ပြန်ပြီး အလုပ်အကျွေးပြုမယ် ဆိုတာကိုပေါ့။ အများမိုးခါးရေ သောက်ပေမဲ့ သူမသောက်ဘူးလို့ ဂတိပြုလိုက်တယ်။ သူများနိုင်ငံက
ပညာတွေလေ့လာသင်ယူပြီး မြန်မာပြည်ကို ပြန်လာမယ်ဆိုတာ သူသေသေချာချာ ဆန္ဒပြုမိနေရှာတယ်…။
              U.S.A မှာ ပထမနှစ် တတ်နေသည့် ကျောင်းသူလေးသည် ယ္ခုတတိယနှစ် ရောက်ပါပြီ။ 2013ဆိုလျှင် သူဘွဲ့ရပါပြီ။ သူဘွဲ့ရပြီး
master တတ်ပြီးလျှင် မြန်မာပြည်ပြန်လာမှာ အမှန်ဖြစ်ပါသည်။ သူနေသောတက္ကသိုလ် ကျောင်းသည် သူ့ကြောင့် မြန်မာခလေးများ
မညံပါ။ စာတော်ကြောင်း ၊ လိမ္မာကြောင်း ၊ ဆရာကိုလေးစား တန်ဖိုးထာကြောင်း သိရှိခဲ့ပါသည်။ နိုင်ငံခြားကျောင်း
တတ်သောသူများသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသော သူများဖြစ်ပါသည်။ နိုင်ငံပေါင်းစုံ လူမျိုးစုံက မြန်မာကျောင်းသားသည်
ဒီလိုပါလားဟု ကြည့်မည် သိမည်ဖြစ်ပါသည်။ ထို့ကြောင့်မိသားစု ကိုယ်စားပြု နိုင်ငံကိုယ်စားပြု၍ နိုင်ငံခြား၌ စာသင်ယူသည်ကို
သတိရှိစေချင်ပါသည်။ အောက်ခြေလွတ်၍ ဘဝင်မြင့်ကာ သတိလက်လွှတ် မော်ကြွားစော်ကား
မပြုသင့်ပါ။ မြန်မာသည် မြန်မာသာဖြစ်ပါသည်။ အမိမြေကိုနင်း အမိရေကိုသောက်၍
ကြီးလာပြီးမှ မြန်မာမကောင်းပါဟု စော်ကားခြင်းတော့ မဖြစ်သင့်ပါ။ အမိမြေကို တနည်းတစ်ဖုံနှင့် ကျေးဇူးဆပ်သင့်ပါသည်။
မိမိစိတ်ဓာတ်ကို မိမိရှက်သင့်ပါသည်။ ကျောင်းတတ်သည်ဖြစ်စေ၊ အလုပ်လုပ်သည် ဖြစ်စေ၊ အလည်သွားသည်ဖြစ်စေ ၊ နိုင်ငံဂုဏ်၊
လူမျိုးဂုဏ် ကိုတော့ စောင့်ရှောက်သင့်ပါသည်။ ငွေမက်၍ လူဖျက်မခံသင့်ပါ။ ငွေသည်ရှာတတ်အောင် ကြိုးစားသူထံ၌
စွဲစွဲမြဲမြဲ နေပါသည်။ များများ ကြိုးစားလျှင် များများအောင်မြင်မည်။ များများအောင်မြင်လျှင် ဝင်ငွေသည် လက်ယက်တွင်းကဲ့သို့
ဝင်လာပါမည်။
               ကျွန်မဟာခရီးသွားတာကို အလွန်ခုံမင်ပါသည်။ ခရီးသွားသည့် စရိတ်များစုထားလျှင် တစ်နှစ်တစ် နှစ်မနည်းပါ။
ခရီးသွား၍ရလာသော အဖြစ်အပျက်များကို သေချာလေ့လာပြီး မိမိဘာလုပ်သင့်သည်ကို အမြဲတွေးပါသည်။ ပြည်တွင်းပြည်ပ
ခရီးစဉ်များတွင် ဘဝအစုံစုံ ၊ ဇာတ်လမ်းအဖုံဖုံ တွေ့ရပါသည်။ ဖြူစင်ရိုးသား သောသူများတွေ့လျှင် ဝမ်းသာကြည်နူး၍
ဤနေရာသို့ နောက်တစ်ကြိမ် ထပ်လာနိုင်အောင် စိတ်၌မှတ်ထားပါသည်။ စိတ်မအေးချမ်း စိတ်အားမရသော နေရာများကိုတော့
သိပ်ပြီးပြန်မသွားချင်တော့ပါ။ ပြည်ပခရီးတစ်ခါ သွားတုန်းကဆိုလျှင် ကျွန်မတို့မိသားစုနှင့်အတူ မြန်မာပြည်မှ ဆရာတော်ကြီး
သုံးပါးပါလာသည်။ အမေကတော့ ဆရာတော်ကြီးများကို ဘုန်းကြီးကျောင်း ပို့ထားပါသည်။ မိတ်ဆွေများကို ဆရာတော်များ
ပါလာကြောင်း ပြောပေမဲ့ အချို့လူများသည် ဘုန်းကြီးများနှင့် မပတ်သတ်ချင်သည့် ပုံစံပြောဆိုပါသည်။ မြန်မာပြည်မှ
ဆရာတော်များသည် နိုင်ငံခြား၌ မည်သူ့မှ အကြာကြီးမနေပါ။ ခေတ္တခဏလာချင်  ဖြစ်ပါသည်။ ခေတ္တခဏလာသည့်
ဆရာတော်များကို မြန်မာလူမျိုးဖြစ်ပြီး ဘာသာရေး ခေါင်းပါးမှုဖြင့် မတွေ့ချင်ကြောင်း ပြောသည့်အတွက် အံသြမိ၏။ အများထဲမှာ
တစ်ယောက်ဆိုသည့် စုန်းပြူးဆိုတာ ရှိစမြဲလူသဘာဝမို့ သဘောပေါက် နားလည်သွားပါသည်။ နိုင်ငံခြားငွေကိုင်သုံး ရ၍သွေးနား
ထင်ရောက်အောက်ခြေ လွတ်လွတ်သွားလား မသိပါ။ ပြည်ပခရီးစဉ်တစ်ခုမှာ ဆရာတော်တစ်ပါးနှင့် တွေ့ခဲ့ဖူးပါသည်။
ဆရာတော်သည် ဒေါက်တာဘွဲ့ ရထားပါသည်။ ထိုဆရာတော်သည်
၁။တရားဟောပါသည်။
၂။တရားထိုင်၊ တရားမှတ်၊ တရားကျင့် နည်းသင်ကြားပေးပါသည်။
၃။လာသမျှဒကာ၊ ဒကာမ များအားအခက်အခဲ ရှိပါကတတ်နိုင်သမျှ လမ်းညွှန်၊ ကူညီစောင့်ရှောက်   
ဆုံးမသွန်သင် ပြသဟောကြားပါသည်။
၎။မြန်မာနိုင်ငံက လာသည့်ရဟန်းသံဃာများကို သူ၏ကျောင်း၌ အခမဲ့တည်းခိုခွင့် ပြုထားပါသည်။
တကယ့်ဝံသာနု စိတ်ဓာတ်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့ခဲ့ရပါသည်။ ကျွန်မကိုတော့ ဆရာတော်သည် ရောက်သည့်အခါတိုင်း
သူ၏ပရဟိတလုပ်ငန်း၌ ကူညီခိုင်းပါသည်။ နေထိုင်မှုအဆင်မပြေသူများ ၊ လုပ်ငန်းအဆင်မပြေသူများ မမှားမယွင်းအောင်
ကူညီခိုင်းပါသည်။ မသွားတတ်မလာတတ်သူများ အတွက် guideလုပ်ခိုင်းပါသည်။ ကျွန်မလည်း ခဏလာသည့်အချိန်
အတွင်းကူညီခဲ့ပါသည်။ မြန်မာအချင်းချင်း ကူညီရ၍ အရမ်းဝမ်းသာပါသည်။ ဆရာတော်က ပြောပါတယ် နိုင်ငံခြားမှာက သိပ်မကူညီချင်
ကြဘူးတဲ့…။ မိမိအသိနဲ့မိမိ ကူညီတဲ့သူ ရှားတယ်တဲ့။ ခက်သည်ကကျွန်မသည် အမိနိုင်ငံမှလွဲ၍ မည်သည့်နိုင်ငံတွင်မှ မနေချင်ပါ။
                 ကျွန်မတိုင်းပြည်တွင် နွေးထွေးသော နေ၊လ၊ကြယ် စုံအောင်မြင်ရသည်။ အေးချမ်းသော အရသာရှိသည်။ ဆိုးပါသည်ဟု
ထင်သောသူသည် တစ်ခြားနိုင်ငံက ကောင်းပါသည်ဟု ဆိုသည့်လူနှင့် ယှဉ်နိုင်ပါသည်။ မြန်မာလူမျိုးသည် တစ်ဖက်သားအပေါ်
လိုသည်ထက်ပို၍ ဧည့်ဝတ်ကျေသော လူမျိုးများဖြစ်သည်။ တစ်ကမ္ဘာလုံး မရှိသည့် စေတနာ ၊ မေတ္တာ ၊
သဒ္ဒါအပြုံးများသည် မြန်မာနိုင်ငံတွင်သာ ပေါပေါများများ ရသောဖြူစင်သည့် လူအရင်းအမြစ် ဖြစ်ပါသည်။
လက်တွဲမှုကောင်းလျှင် ခေါင်းဆောင်မှု ကောင်းလျှင် ကြိုးစားနိုင်တာ ကျွန်မတို့လူမျိုးများ သာဖြစ်ပါသည်။ သွားပါများခရီးရောက်
၊ မေးပါများစကားရ ဆိုသကဲ့သို့ ကျွန်မသည်အမေနှင့် ခရီးသွားတိုင်း အမြဲစပ်စပ်စုစု မေးမြန်းတာ
ဝါသနာပါပါသည်။မည်သည့် နေရာရောက်ရောက် ကျွန်မတို့လူမျိုးကို ကျွန်မချစ်ပါသည်။ ဘယ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ်မှ
ကျွန်မမခံယူချင်ပါ။ မယူနိုင်ပါ။ ကျွန်မသည် မြန်မာသာဖြစ်၍ မြန်မာမကောင်းဘူး ပြောလျှင်မကြိုက်ပါ…။
မကောင်းတာကို ကောင်းအောင်ကျွန်မတို့ ကြိုးစားရပါမည်။ မည်သည့်အခက်အခဲ ဖြစ်ပါစေ ပြိုင်တူတွန်းလျှင် ရွေ့သွားပါမည်။
ကမ္ဘာတွင်နိုင်ငံပေါင်း မြောက်များစွာရှိပေမဲ့ ကျွန်မတို့ တိုင်းပြည်လောက် သဘောကောင်းသော လူမျိုးမရှိပါ။ ကျွန်မတို့တိုင်ပြည်တွင်
အိုဇာတာအတွက် အခမဲ့ဘိုးဘွားရိပ်သာ ရှိပါသည်။ အခမဲ့ဆေးကုခန်း ရှိပါသည်။ အခမဲ့စာသင်ကျောင်း ရှိပါသည်။ အခမဲ့ဆိုသည့်
စာလုံးသည် နိုင်ငံခြား တိုင်းပြည်၌ မရနိုင်သော မသုံးနိုင်သော စကားလုံး ဖြစ်ပါသည်။ ရှိတော့ရှိမည် ဒါပေမဲ့ ရှားပါသည်။ ကျွန်မကတော့
အပျိုကြီးများကို ချစ်၍အပျိုကြီးများ အသက်ကြီးလျှင် နွေးထွေးမှုပေးမည့်သူ စောင့်ရှောက်မှုပေးမည့်သူ မရှိမှာကြောက်၍ အပျိုကြီးများ
အတွက်နားခိုရာ ရိပ်သာလေးတော့ တည်ထောင်ချင်ပါသည်။ ကျွန်မစိတ်၏ ဆန္ဒသည်မည်ကဲ့သို့ ဖြစ်မည်မသိပေမဲ့ တကယ်လုပ်လျှင်
တစ်နေ့ဖြစ်လာမည် ထင်ပါသည်။ ဘာကြောင့်ဆိုသော် အပျိုကြီးများသည် မိဘမောင်နှမအပေါ် အနှိုင်းမဲ့ ဖြူစင်သော
သူများဖြစ်၍ ဖြစ်ပါသည်။
         ကျွန်မကိုယ်တိုင် အပျိုကြီးအဒေါ်နှင့် ငယ်ငယ်ထဲက ယ္ခုထိအတူနေ၍ သိရခြင်းဖြစ်ပါသည်။ ခရီးသွားလျှင် အမေထက်ပင်
အပျိုကြီးများက ပိုလုံခြုံစိတ်ချရပါသည်။ ဘာသာတရား လူမှုရေး ချစ်ခြင်းမေတ္တာ ၊ စိတ်ဓါတ်ရေးရာ ပြည့်ဝသော အပျိုကြီးများကို
အသက်ကြီးလျှင် ကျွန်မတို့က တစ်ဖန်ပြန်လည် ကျေးဇူးဆပ်ရပါမည်။ အတူနေစိတ်ဓါတ် ဒီလောက်မသိပါ ခရီးသွားလျှင်
တစ်ဦးနှင့်တစ်ဦး စိတ်ဓာတ်ပိုသိပါသည်။ ခရီးရှည်ရက်ရှည်ရှည် ခက်ခဲသောခရီး သွားလျှင်ပို၍ သိပါသည်။ စိတ်ပျို၍ ကိုယ်နုချင်
လျှင်ခရီးသွားပေးသင့်ပါသည်။ မြန်မာနိုင်ငံသည် ခရီးသွားလည်ပတ်စရာ နေရာများပြားပါသည်။ စကားလေးတစ်ခု ရှိပါသည်။
အထက်တွင်ကောင်းမှုလုံ ၊ အလည်တွင် ရွှေစည်းခုံ ၊ အောက်တွင်ရွှေတိဂုံ ဟူ၍ဖြစ်ပါသည်။ မြန်မာနိုင်ငံမြောက်ဖျား ကပူတာအိုမြို့တွင်
ရှိသောကောင်းမှုလုံဘုရား ၊ မြန်မာပြည် အလယ်ပိုင်း ပုဂံမြို့ရှိသော ရွှေစည်းခုံဘုရား ၊ မြန်မာနိုင်ငံအောက်ပိုင်း
ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကိုတော့ မြန်မာနိုင်ငံတွင် လူလာဖြစ်ခိုက် ရောက်အောင်သွားဖူး သင့်ပါသည်။ အစစအရာရာ ချွေတာ၍မြန်မာ
လူမျိုးဖြစ်ခိုက် မြန်မာပြည်အနှံအပြားရှိ ရှုမဆုံးအံသြဖွယ်ရာ စေတီပုထိုး ၊ သဘာဝရှုခင်း ၊ သဘာဝအနေအထား များကိုတစ်မြို့ဝင်
တစ်မြို့ထွက် လူ့ဘဝမပြီးဆုံး ခင်စပ်ကြား သွားရောက်လည်ပတ် အနားယူသင့်ပါသည်။ ဘဝအမောများ ခရီးသွားခြင်းဖြင့်
အပန်းဖြေနိုင်ကြပါစေဟု ဆုတောင်းလိုက်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့