Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

သီလနုဿတိ

အခုတစ်ခါ သီလနုဿတိ မိမိဆောက်တည်ရတဲ့ သီလရဲ့ဂုဏ် အာရုံပြုပြီး ပွားများကြဦးစို့။
မေ-ဘုရားတပည့်တော်၏၊
သီလံ-ယနေ့ကျင့်သုံးဆောက်တည်ရသော၊
န၀င်္ဂသီလ-ထူးမြတ်လှသော သီလတရားသည်၊
အစဏ္ဍံ-အ၀တ်အနား ပြတ်သည့်လားသို့ အနားမြိတ်စပ် ကျိုးအပြတ်လည်း မရှိပါပေ၊
အဆိဒ္ဒံ-အ၀တ်အလယ် ပေါက်သည့်နှယ်သို့ အလယ်သိက္ခာ အရာရာတွင် အပေါက်လည်း မမြင်ပါတကား၊
အသဗလံ-နွာကြောင်နွားကြား ပုံအလားသို့ အများဆက်လက် အကြားအကွက်လည်း မရှိပါပေတကား၊
အကမ္မာသံ-၀ါစေ့ပျောက်နွား ပုံအလားသို့ ကြိုးကြားပေါက်အင် အပြောက်လည်း မထင်ပါပေတကား၊
ဘုဇဿံ-လူနတ်ချမ်းသာ မမှန်းပါပဲ တဏှာ၏ကျွန် တာဝန်မဲ့ကင်း သန့်ရှင်းလေစွတကား၊
အပရာမသံ-တစ်စုံတစ်ရာ ပြစ်အနာကို ဖွေရှာသုံးသပ် မစွဲအပ်ပေစွတကား၊
သဗ္ဗ၀ိညူဟိ-အဘိဇ္ဖျာကင်း ဣဿာရှင်း၍ ဤကောင်းခြင်းလိုလား ပညာရှိများတို့သည်
ပသတ္တံ-နည်းလမ်း ချီးမွှန်းထိုက်သည်ဖြစ်၍၊
သမာဓိ သံဝတ္တနကံ-သမာဓိ၏ အခြေခံ ဧကန်ဖြစ်၍ စင်စစ် မြတ်လှပါပေစွတကား။
သာဓု၊ သာဓု၊ သာဓု
(သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)
                                                                 တင်ပြသူ-မာလာထွေး
(သီလနုဿတိကျတော့ မိမိဆောက်တည်တဲ့ သီလကို မိမိသိတော့
အားကောင်းရင် ကောင်းသလောက် ပွားများလို့ရတာပေါ့၊
အားမကောင်းရင်လည်း မကောင်းသေးတာသိတာပေါ့၊
ဆင်ခြေမပေးပဲ အားကောင်းအောင် ကြိုးစားဖြစ်တာပေါ့။)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့