Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

တစ်ဘက်တည်း….. ...

တစ်ဘက်တည်း
ဖြစ်နေတဲ့
ငါ့ရဲ့ကွပ်လပ်
ချစ်သူ… ဘယ်တော့မှဖြည့်စည်းပေးမှာလည်း
တစ်ခြမ်းတည်း
ရိုက်ထားတဲ့
ဖိတ်စာ..
ချစ်သူ… ဘယ်တော့မှဖြည့်စည်းပေးမှာလည်း
တစ်ဘက်တည်း
ထိုးထားတဲ့
လက်မှတ်
ချစ်သူ… ဘယ်တော့မှဖြည့်စည်းပေးမှာလည်း
တစ်ဘက်တည်း
လင်းနေတဲ့
ငါ့ရဲ့ကောင်းကင်
ချစ်သူ… ဘယ်တော့မှဖြည့်စည်းပေးမှာလည်း
ဟုတ်ပါတယ်လေ…
အရာအားလုံးကိုလင်းပေးနိုင်တဲ့
နေမင်းကတောင်
တစ်ခြမ်းတည်းလင်းပေးနိုင်သေးတာပဲ
ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့
ဘယ်တော့မှ မဖြစ်လာနိုင်တော့တဲ့
ငါရဲ့ တစ်ဘက်လပ်ကွပ်လပ်ကို
ဒီအတိုင်းပဲ ငါ ငေးကြည့်နေတော့မယ်ဟာ
အဝေးကနေပါပဲ ချစ်သူရယ်….။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့