Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

လူမသိငိုချိန်

အိပ်တန်းတက် ငှက်တွေ ပျံကုန်ပြီ
အိမ်ပြန်လမ်း ခြေမဟန်လို့
လမ်းတစ်ဝက်မှာတင်ပြုတ်ကျပြီး
ကျန်ခဲ့တယ်..

အချစ်ဆိုတာဟာ
မနက်ခင်းနိုးထချိန်တွေ့တဲ့နေမင်းလို
ဝင်ပြီး ပြန်ထွက်သွားတက်တာပဲလာ
ပူလည်းပူတယ်
တစ်ခါတစ်ခါ
နှလုံးသားကြွေမတက်ပါ..

ငါကိုးစားတဲ့ချစ်ဟာ
ငါရေးသားတဲ့အချစ်သမိုင်းဟာ
စာမျက်နှာ ၁၅၀၀ မပြည့်သေးခင်
၅၂၈ ကျော်ကျော်လေးမှာပင်
စုတ်ပြဲခဲ့လေပြီ..
အသစ်ကပြန်စရအောင်လဲ
နှလုံးသားအတိတ်မေ့နေတယ်
ရောက်တဲ့နေရာကရေးရအောင်လည်း
သမိုင်းမကောင်းဖြစ်တယ်

ငါဒီအချစ်သမိုင်း
ဆက်မရေးချင်လို့
အပိုင်ပိုင်ဖြဲစုတ်
မျက်ရည်တွေကို ဓါတ်ဆီလုပ်
နှလုံးသားကိုထင်းလုပ်ပြီး
မရို့ချင်ရို့ချင်နဲ့
ငါကိုယ်တိုင် လောင်ကျွမ်းစေခဲ့တယ်...

ပြာပုံဘ၀ နဲ့ ဒီဇတ်လမ်း
ဒီမှာတင်ပဲ အဆုံးသတ်တယ်
နှလုံးသားမရှိမှတော့
အချစ်လည်းမရှိနိုင်တော့ဘူး
ဒီတိုင်းဆို..ရင်
ဇတ်သိမ်းမှာ
လွမ်းခန်းတွေ
အဆွေးခန်းတွေ
ကြေကွဲသံတွေ
ငိုရိုက်သံတွေ
မပါတော့ပဲ
အဝေး အဝေးမှာ တစ်ယောက်တည်းနေရင်း
အချိန်တွေ တစ်ရွေ့ရွေ့နဲ့
နေမင်းကြီး အနောက်ကနေ ပြန်ထွက်သွားလေပြီ............

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့