Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 April 2012

'အယူခံ......လွမ်းချင်း"


ကောင်မလေးရယ်........
ငါယစ်မူးတဲ့ အတိတ်နေ့ရက်တွေကို
ရက်စက်စွာ နာကျင်စေခဲ့သူလားကွယ်.....
အသံမဲ့နေတဲ့ ငါ့နှုတ်ဖျားက
ဖွင့်ဟခွင့်ရှိရင် မေးလိုက်ချင်ပါရဲ့
တောင့်တမှု့တစ်ခုအတွက်
ငါမျှော်လင့်လာမဲ့ အိမ်မတ်တခုကို
မင်းတမင်သက်သက် ဖန်ဆင်းခဲ့တာလားလို့
ဝေဒနာနဲ့လူတစ်ယောက်
အချစ်ရဲ့ ခြေရာကောက်ကြောင်းနောက်မှာ
ရင်ခုန်ခြင်းနဲ့ ကြေကွဲခြင်း
ထပ်တူညီသွားလိမ့်မယ်ဆိုတာ
မင်းနည်းနည်းမှ မစဉ်းစားခဲ့မိဘူးလား
ဒါနဲ့များ..လူတချို့ကပြောကြသေးတယ်
ရင်ခုန်ရင် အချစ်တဲ့.....
မဖြစ်နိုင်ပေမယ့် ဖြစ်နေတဲ့သဘောတရားကိုလက်ခံပြီး
မျက်စိမှိတ် ယုံကြည်လိုက်ပါမယ်
သြော်....ရင်ခုန်ရင်အချစ်ကို ..လို့
မဖြေသာပေမယ့် အကြင်နာလွန်ကဲ
သံယောဇဉ် အစိုင်အခဲလေးတွေကြောင့်
ငါ့ရင်ထဲ ဝေဒနာမစဲတာပဲ အဖတ်တင်တယ်...
ချိုအီနေတဲ့ မင်းနှုတ်ဖျားက
အပြုံးခွန်အား ပေးသနားမဲ့စကား
နှလုံးသားမဲ့ ပြောထားရက်တဲ့ မင်းကို
အံ့သြတာထက် ပိုလို့တုန်လှုပ်ခဲ့မိတယ်
မတည်မတံ့နဲ့ ခပ်ပျက်ပျက်နေတက်တဲ့
မင်းပုံရိပ်တွေက
ချစ်တက်တဲ့ ငါ့အတွက်
ရင်ကွဲစရာ ပုံရိပ်ရှင်တွေပါ
ငါ့ရင်ထဲကို ၀င်ကြည့်လိုက်စမ်းပါ
မင်းအကြောင်းကို မတွေးတော့ဘူးဆိုပေမယ့် တွေး
မင်းမျက်နှာလေးကို မတွေ့တော့ဘူးဆိုပေမယ့်
ငေးကြည့်နေမိတဲ့ ငါ့အဖြစ်
မင်းထောက်ထား ညှာတာသင့်ပါတယ်...
ဘယ်လိုဖြေရမလဲကွာ.....
စိမ်းကားရက်စက်တဲ့ မင်းစကားလုံးတွေအောက်မှာ
ငါ့နှလုံးသား ၀န်ပိသွားတာတော့
မင်းထူပေးကြည့်မှသိလိမ့်မယ်.....
ဒါ့ကြောင့် ငါ့နှလုံးသားကို အပြာရောင်ပြောင်းပြီး
သံရေကျိုလောင်းလိုက်မိတဲ့ ငါ့ကို
မင်းခွင့်လွှတ်လိုက်ပါတော့.........
ခွင့်လွှတ်နိုင်ပါစေကွာ....
အိပ်ပျော်နေတဲ့ နှလုံးသားကိုမှ
တသွေး၊တသံ၊တမိန့်နဲ့ ဒါဏ်ခတ်ပြီး
အအိပ်ပျတ်အောင် ဖမ်းစားခဲ့တာလည်း
မင်းရဲ့"မာယာ" ဇာတ်ဝင်ခန်း တခန်းလား
ခံစားချက်နဲ့ အသက်ရှုလိုက်တိုင်း
လေပြေရဲ့ အနံ့အသက်တခုကြောင့်
ငါရူးမိုက်စွာနဲ့ပဲ ပေါတ်ကွဲလိုက်ချင်ပါရဲ့
ဒါပေမယ့်လည်းလေ.......
မင်းရဲ့တားမြစ်ဖူးတဲ့ စကားတခွန်းထဲနဲ့
ငါ့ရဲ့ ရင်နာစရာတွေကို
ရေစုန်မှာ လှေကြုံနဲ့အတူ မျှောလိုက်ပါမယ်
မေတ္တာတရားဆိုတာကို ငတ်မွတ်နေတဲ့ငါ
အကြင်နာတရားဆိုတာကို ကမ်းလင့်နေတဲ့ ငါ
ဘာပဲဖြစ်ဖြစ်
တကယ်တမ်းတော့ ငါမရရှိခဲ့ပါဘူး
မရှိခြင်း အကြောင်းအရာတွေထဲမှ
ဘာမှမရှိတဲ့ ငါ
ခုတော့ ရင်နာရတာပဲ အနာရွတ်ထင်တယ်...
မင်းကိုမေးချင်တဲ့စကား
ငါပြောပြလိုက် ချင်ပါရဲ့
အချစ်တခုကို ငွေကြေးနဲ့ တိုင်းတာမလား...
နှလုံးသားနဲ့ ခံစားမလား.......
ဂုဏ်ဓနနဲ့ တိုင်းတာရင်
ရင်ချင်းဆတ်မဲ့ ဇာတ်လမ်း
ဇာတ်သိမ်းခန်းကို ရောက်သွားလိမ့်မယ်
ခံစားချက်ကိုရှေ့တန်းတင်ရင်
မာန်ဝင့်နေတဲ့ ခြေလှမ်းတောင်
တဖြည်းဖြည်း နောက်ပြန်လှမ်းမိလိမ့်မယ်
ကဲ မင်းဆုံးဖြတ်ပါတော့.......
မတုန်လှုပ်တက်ဘူး ဆိုရင်
ရက်စက်တဲ့ အမူအရာတွေနဲ့
ငါ့ရင်ကို ဝေဒနာတွေမပေးပဲ
မင်းဖွေရှာရမဲ့ အသစ်အသစ်တွေနဲ့
ငါ့အရှုံးကို ပြုံးပြုံးလေးစားသုံးလိုက်ပါ....
လွမ်းတက်တဲ့ ငါ့ကိုမှ
မျတ်စိမှိတ် နားပိတ်ခိုင်းပြီး
ချောက်ထဲ တွန်းချတဲ့အဖြစ်
ဘယ်လိုအရာတွေနဲ့များ
ဖြေသာအောင်ရပ်တည်ရမလဲကွာ
ငါ့အသဲကို ပါးပါးလှီးပြီး
မင်းပေးမဲ့ ဝေဒနာတွေကိုပဲ
ရင်ကော့ပြီး ခံယူလိုက်ချင်ပါရဲ့
တကယ်ပါ မင်းအတွက်နဲ့ဆိုရင်
အကျဉ်းချခံနေရတဲ့ ငါ့နှလုံးသားကိုတောင်
အဆိုတင်သွင်းချက်တွေနဲ့
ငါအယူခံ မ၀င်ချင်တော့ပါဘူး.......။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့