Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

ချစ်သူ နှင့် လက်ထပ်သူ

“ ချစ်သူကို လရောင်အောက်မှာ ရှာရမည် ’’ “ လက်ထပ်သူကို နေရောင်အောက်မှာ ရှာရမည် ” အထပ်ပါ စာနှစ်ကြောင်းကို
 မိန်းခလေးတို့ ၏ အော်တိုစာအုပ်များ၌ မကြာခဏတွေ့ ရတတ်သည်။

ကဗျာဆန်ဆန်နှင့် ဆို၍ ဖတ်၍ ကောင်းသလို အဓိပ္ပါယ်မှာလည်း သာမန်အားဖြင့် မှန်သည်၊ကောင်းသည်ဟုထင်ရသည်။
သို့ သော် အလေးအနက် စဉ်းစားကြည့်သောအခါ လက်တွေ့  ဘ၀မှာ ဆင်ခြင်စရာများစွာ ဖြစ်လာရသည်။ထိုစာကြောင်း
နှစ်ကြောင်း၏ ဆိုလိုချက်မှာ ချစ်သူသည်စိတ်ကူးယဉ် ကြည်နူးစရာ ဖြစ်သည်။လရောင်နှင့်တူသည်။ လရောင်အောက်မှ
အချစ်၏ သာယာမှု့  ကြည်နှုးမှု့ ကို အပြည့်အ၀ခံယူရမည်။အချစ်၏အရသာကို တန်အောင်ခံစားရမည်။သို့ သော် ချစ်သူ
သည် ချစ်ရုံသာ ချစ်ဖို့ ဖြစ်သည်။လက်ထပ်ဖို့ မဟုပ်။ချစ်ပြီးလျှင် ခေါက်ထားခဲ့ လက်ထပ်ယူရမည် သူကတော့ စိတ်ကူး
ယဉ်ပြီး ရွေးချယ်၍မရ။နေရောင်နှင့် တူစွာ အသုံးချ၍ ရမည့်သူ၊စားဝတ်နေရေး၊ပြည့်စုံ ဖူလုံစွာ ထားနိုင်သူကိုယူရမည်။

လက်ထပ်သူသည် နေရောင်အောက်မှာ တင့်တင့်တယ်တယ်နှင့် ဘ၀အာမခံချက်ရှိသူ ဖြစ်မည်ဟု အဓိပ္ပါယ်ရပါသည်။
ထို အဓိပ္ပါယ်ကိုပင် တစ်ချို့ က ချစ်သူကို နှလုံးသားဖြင် ရွေးရမည် လက်ထပ်မည့်သူကို ဦးနှောက်ဖြင့်ရွေးချယ်ရမည်
ဟုပြောကြရေးကြသည်။ချစ်သူကို ရော လက်ထပ်သူကိုပါ မရိုးမသား သစ္စာမရှိရာရောက်စေပါသည်။တစ်ဖက်သက်
ကျသော သဘောထားများဖြစ်သည်။အခြေခံစိတ်ထား မကောင်းသောအယူအဆများသည် လက်တွေ့ ဘ၀တွင်
ကောင်းကျိုးမရနိုင်သည်ကို သထိထားသင့်သည်။

ချစ်၍ ချစ်သူဖြစ်လျှင် လက်ထပ်ဝံ့သော သတ္တိရှိရမည်။လက်မထပ်နိုင်လျှင် လက်ထပ်ဖို့ စိတ်ကူးမရှိလျှင် အစကထဲ
က မချစ်သင့်ပါ။ချစ်သူဖြစ်ပြီးမှ မလွဲမရှေင်သာသော အဖြစ်ကိုမဆိုလိုပါ။ သို့ သော်အစကထဲက ချစ်ရုံသာချစ်မည်၊
လက်ထပ်ဖို့ အထိတော့ မစဉ်းစားနိုင်။လက်ထပ်သောအခါကြတော့ စွန့် ခွါ၍ထားခဲ့မည်ဟူသော အယူအဆများမှာ
 မရိုးသားရုံမကကောက်ကျစ်စဉ်းလဲရာလည်းကျသည်။ချစ်သူကိုသစ္စာမရှိခြင်း၊ကြိုတင်၍်သစ္စာဖောက်ထားခြင်းဖြစ်
သည်။ထိုသဘောများမှာလည်း တစ်ကယ်စစ်မှန်သော အချစ်၏ အနှစ်သာရနှင့် သာယာကြည်နှုးမှု့ တို့ ကို ခံစားရ
မည်မဟုပ်ပါ။

ထိုအယူအဆသည် ချစ်သူကိုသစ္စာဖောက်သလို လက်ထပ်ယူမည့်သူကိုလည်း သစ္စာမဲ့ရာ ရောက်စေသည်။သူ့ ကို
လက်မထပ်မှီ အခြားသူကို ကြိုတင်ကြံစည် ချက်နှင့်ပင် အချစ်ကုန်ချစ်ခဲ့ပြီ။လက်ထပ်သူမှာ ချစ်၍မဟုပ် သူ့ ဘဝ
တင့်တယ်ရေးအတွက် အသုံးချဖို့  ခိုင်းစားဖို့ အတွက်သာ ဖြစ်သည်။ နှလုံးသား ဆန္ဒမပါပဲ ဦးနှောက်အသိသက်
သက်ဖြင့် ရွေးချယ်လိုက်ခြင်းသာဖြစ်သည်။ထိုသို့ အားဖြင့် အခြေခံစိတ်ထားမကောင်းပဲ လက်ထပ်သောအိမ်
ထောင်ရေးမျိုးသည်လည်း ရုပ်ပစ္စည်း များပြည့်စုံလျှင် ပြည့်စုံမည်၊စစ်မှန်သော မေတ္တာသစ္စာမပါ၍ သာယာချမ်း
မြေ့သော အိမ်ထောင်ရေးဖြစ်နိုင်မည်မဟုပ်ပါ။

ထိုသဘောထားကို မိန်းခလေးများက ခံယူကျင့်သုံးရန် အကြံပြုထားခြင်းများမှာလည်း ပို၍အန္တယ်ရယ်များပါသည်။
တစ်ကယ့်လက်တွေ့ ဘ၀တွင် ချစ်သူကို လရောင်အောက်မှာချစ်ပြီး လရောင်အောက်မှာ ထားခဲ့ရမည် ဆိုသည်မှာ
အပြောလွယ်သလောက်အလုပ်ခက်သည်။ချစ်သူမှာသက်ရှိလူသားဖြစ်သည်၊ခံစားတက်သောနှလုံးသားရှိသူဖြစ်သည်။
ကိုယ်ကလွယ်လွယ်ထားခဲ့သော်လည်း သူကလွယ်လွယ်နှင့်နေခဲ့မည်ဟု ယူဆ၍မရ။

သူကပါကိုယ့်လို သဘောထား ကိုယ့်ကိုစွန့် ခွါခြင်မှသာလွယ်မည်။ သူကမခွါခြင်လျှင် အခက်တွေ့ မည် ။ သူ့ ဖက်က
လည်း မခွာရအောင်နည်းအမျိုးမျိုး လုပ်စရာတွေရှိသည်။ မိန်းခလေးများ သတိထားသင့်သည်။

ယူဆပုံလွဲလျှင်လရောင်အောက်လည်းမရောက်၊နေရောင်အောက်လည်းမရောက်ပဲအမှောင်ထုအောက်မှာဒုက္ခရောက်နိုင်
သည်။အငိုလွယ်ပြီး အရှိုက်ခက်နိုင်သည်။မိန်းခလေးဘက်က မရိုးသားသောအခြေခံဖြင့် လူလည်လုပ်လျှင်လည်း လည်
လွန်းသည့်ဘီး ချီးသင့်နိုင်သည်သာ ဖြစ်ပါ၏။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့