Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

သင်္ကြန်လွမ်းချင်း

ပိတောက်ပန်းတွေနဲ့အိမ်ရှေ့တံခါး
(တချိန်ကလို)
ကို့ခြေရာတွေ့မလားလို့
သင်္ကြန်ရောက်တိုင်းမျှော်မိသူ
အလွမ်းပြေ
ကို့အပြုံးတပွင့်လောက်
မြင်ခွင့်ရချင်ခဲ့သူ
အချမ်းပြေ
ကို့ရင်ခွင်အနွေးဓာတ်
ခိုလှုံခွင့်ရချင်ခဲ့သူ
အနမ်းတွေ
ကိုပေးခဲ့တဲ့အမှတ်တရ
သိမ်းဆည်းကာထားမိသူပါ
ဘယ်လောက်ပဲနှစ်တွေကြာ
မမေ့နိုင်တဲ့နှလုံးသားမှာ
ကို့တယောက်တည်းရှိခဲ့တာ
ငုဝါပန်းတွေအသိဆုံးပါ.............ချစ်သူရယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့