Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

ချန် ရစ် ခဲ့ သူ

ချစ်သူ- - - - -
ငါလေ နင့်ကိုသိပ်ချစ်ခဲ့တယ်။
ဒါပေမဲ့
ကျောခိုင်းစွန့်လွှတ်
ချန်ထားခဲ့ပါရစေတော့ ။
ဘယ်တော့မှ
မဆုံတွေ့နိုင်မဲ့အတူ
အခုကတည်းက
လမ်းခွဲထားခဲ့တာ
ငါတို့နှစ်ယောက်အတွက်
အကောင်းဆုံးဆိုတာ
နင်လဲ သိခဲ့မှာပါ။
မိဘအသိုင်းအ၀ိုင်းနှစ်ခုကြား
မြေဇာပင်ဖြစ်ရတော့မဲ့
ငါတို့နှစ်ယောက်အတွက်
အချစ်ဆိုတာ အပူပြင်ဆုံး
မီးတောက်တစ်ခုဆိုတာ
သိနေရက်နဲ့ ဇွတ်အတင်း
တိုးမ၀င်ချင်တော့ဘူးးးးး။
အချစ်စိတ်ကို ကွယ်ဝှက်
အိမ်မက်တွေကို သိမ်းဆည်း
ဆန္ဒတွေကို ဖယ်ထုတ်
မှားခဲ့တဲ့
အပြစ်တွေအတွက်  တောင်းပန်ရင်းးးး
ဟန်ဆောင်အပြုံးလေးနဲ့
“ Good bye ” လို့  နှုတ်ဆက်ခဲ့မိတယ်။

ကျန်ရစ်ခဲ့သူနဲ့ ချန်ရစ်ခဲ့သူ
ဘယ်သူက ပိုခံစားရမယ်ထင်သလဲ???
ကျန်ရစ်ခဲ့တဲ့ နင်ကတော့မသိ
ချန်ရစ်ခဲ့တဲ့ ငါကတော့
နင့်အနားက
ကျောခိုင်းစွန့်ခွာလိုက်တာနဲ့
ငါ့အသည်းဟာ
တစ်စုံတစ်ခုရဲ့
ရက်ရက်စက်စက်
ခွဲထုတ်ခြင်း 
ခံလိုက်ရတယ်။
နာကြင်လွန်းလို့
ငုံ့ကြည့်လိုက် မိချိန်။
“ အိုးးးးးးးးးးးငါ့လက်ထဲမှာ
သွေးတွေပေကျံနေတဲ့
ချွန်ထက်တဲ့
  ဓားတစ်ချောင်းနဲ့ပါ့လားးးးးး ”။
မဆုံတွေ့နိုင်မဲ့အတူ
သိပ် ချစ်နေရက်နဲ့
အကြောင်းပြချက်အမျိုးမျိုးနဲ့
ငါကအရင် ကျောခိုင်းးးးး
ငါ့အသည်းကို ငါကိုယ်တိုင်
ခွဲခဲ့တာပါလားးးးးးးးးးးး။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့