Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

ပျော်နေမှာလားးးးးးးးးးးးးးးး။

လွန်ခဲ့တဲ့ ၃နှစ်လောက်ကပေါ့…………………
ချန်ထားရစ်ခဲ့တဲ့ ချစ်သူကို သတိရတဲ့ စိတ်ကို မေ့ပစ်လိုက်ဖို့ကြိုးစားနေတဲ့
သူမဆီကို မဖိတ်ခေါ်ပေမဲ့ သူအလိုလို ကောင်လေးတစ်ယောက်ရောက်ရှိလာခဲ့တယ်………….
နေမျိုးဆိုတဲ့ကောင်လေးတစ်ယောက် သူမဘ၀ထဲကို စတင်ဝင်ရောက်လာတဲ့အချိန်ဆိုလည်း မမှားပါဘူး။
သူမအလုပ်က အိမ်နဲ့ နီးနီးလေးမို့ အလုပ်သွားအလုပ်ပြန် လှမ်းလျှောက်နေကြပါ……………
အလုပ်မှာ သူမကို သိပ်ခင်တဲ့ သူမကလည်းသိပ်ခင်တဲ့ ခိုင်လေးဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိခဲ့တယ်။
 တစ်နေ့သူမ အလုပ်က အပြန်မှာ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်…………….။

အခန်း(၁)

ဟိတ် -------နာမည်လေးသိပါရစေ ဆိုပြီး အနောက်ကလိုက်လာတဲ့ကောင်လေးတစ်ယောက်ကြောင့်
သူမလှမ်းနေတဲ့ ခြေလှမ်းကို မပြေးယုံတမယ် ခပ်သွက်သွက်ကလေး လှမ်းလိုက်မိတယ်…
နေပါအုံးဟာာာ -----ငါကနင့်နာမည်လေးသိယုံလောက်ပါ။ တဲ့ မဖြေပါရစေနဲ့တော့။ နာမည်သိတော့ကော
ဘာလုပ်မှာလဲ။ဘ၀မှာ သိပ်ချစ်ရတဲ့ ချစ်သူက ထားခဲ့ပြီးပြီလေ.နောက်ထက်ချစ်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်တော့ဘူးးး။ ဖြစ်နိုင်ရင်ဘယ်ယောင်္ကျားလေးနဲ့မှ မပတ်သတ်ချင်တော့တာပါ……..
နောက်တစ်ကြိမ် ပြန်ချစ်မိလို့ နောက်ထပ်အသည်းကွဲမှာကိုလည်း သေလောက်အောင် ကြောက်ခဲ့တာပါ။

အခန်း(၂)

အလုပ်သွားတဲ့အချိန်……….သူငယ်ချင်းခိုင်လေးနဲ့ လမ်းအတူတူလျောက်ရင်းးးတစ်နေရာအရောက်….

ဟိတ်……..ခနလေးပါ။ဒီစာလေးတော့ယူသွားပေးပါဟာာာာာာ………
နင်ယူပြီး မဖတ်ချင်တော့ရင် လွှင့်ပစ်လိုက်ပါ…… နင့်သဘောပါ……..

အဲကောင်လေး လူကိုတွေ့ရင် အနောက်ကလိုက်ပြီး
စာပေးလိုက်နာမည်မေးလိုက်နဲ့ရက်တွေမနည်းတော့ဘူး……..
 စိတ်လည်းတကယ်တိုသွားမိတယ်။ ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်တော့
 လူတစ်ချို့က စိတ်ဝင်စားသလိုလှမ်းကြည့်နေတာမို့
ကျွတ်---------နင်သိပ်ရှုပ်တာဘဲ တစ်နေ့တစ်နေ့ မပြီးနိုင်ဘူး………………
အဲစာပေးပြီးရင်ပြီးရောမလားးးးပေးးးပြီးရင်သွားတော့…………

ဟုတ်ကဲ့ …….ကျေးဇူးပါ။

ထွက်သွားတဲ့ကောင်းလေးကို စိတ်ရှုပ်သလိုကြည့်ရင်းးးးးး
စာလေးကို  လွင့်ပစ်မယ်လိုရွယ်လိုက်တဲ့ သူမလက်ကို ဖမ်းဆွဲလိုက်သူက ခိုင်လေး။

ပေးပေးအဲစာ နင်မဖတ်ရင်ငါဖတ်မယ်ဟွန်းးးးးးးးးးးးနင်ဟာလေသိပ်ရက်စက်တတ်တဲ့မိန်းမသိလားးး။
သူများကတကူးတကလက်အညောင်းခံပြီးရေးထားတာ စိတ်ထဲမှာရှိရှိ မရှိရှိဖတ်ကြည့်လိုက်ပါ့လား့း

ပြောရင်းစာလေးကို ပိုက်ဆံအိတ်ထဲထည့်လိုက်တာမို့ သူမဘာမှပြောလို့မရတော့ဘူး။
ပြောလဲမပြောချင်တော့တာပါ။ လူတွေအများကြီးကြည့်နေတော့ ဆက်ပြောနေလည်းအပိုဘဲလေ။

ဟူးးးးးးးးးမောလိုက်တာဟာ အမောပြေ ရည်စားစာ ဖတ်လိုက်အုံးမယ်။ဖတ်ပြမယ်နားထောင်နော်။

နင်ဟာနင်ဖတ်ပါလားခိုင်လေးရယ်

မရဘူး။နင့်ကိုပေးတဲ့ စာလေ ငါ့ကိုပေးတာမဟုတ်ဘူး။ရှာမရှည်နဲ့ နားထောင်


မ လို့ဘဲခေါ်ပါရစေနော်….. မရယ် ကျွန်တော်လေ မကိုသိပ်ချစ်တယ်………..
 မြင်မြင်ချင်းဘယ်သူ့ကိုမှ မချစ်ဘူးတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့တာပါ………….
မက ကျွန်တော့ဘ၀အတွက် ပထမဆုံးနဲ့ နောက်ဆုံးအချစ်ပါ…………..
 မရယ် ကျွန်တော်က ဆေးသုတ်တဲ့ လူတစ်ယောက်မို့ အလုပ်လုပ်ရတာမတည်ငြိမ်ဘူး……
ခနလေးနေရင်နောက်တစ်နေရာကိုပြောင်းတတ်တာပါ………..
ကျွန်တော်မနဲ့စကားပြောချင်တယ်။ ကျွန်တော့ဆီကို ဖုန်းဆက်ပေးပါ့လားမရယ်………………
 ဖုန်းနံပါတ်က 01- - - - - - ပါ။
မဆီက ဖုန်းကိုမျှော်လင့်နေပါရစေနော်…………….
                                                                            နေမျိုး


ဟဲဟဲ …………ငါ့သူငယ်ချင်းစွံပုံကတော့ကွာ မ တဲ့ ဟိဟိလာပြန်ပြီနောက်တစ်ယောက်………………
အနားမှာလူတွေအများကြီးဘဲ ………. အားကျတယ်ကွာ။
ဘယ်လိုလဲဒီတစ်ယောက်ကိုကော နင်သဘောကျလားးးး။သိပ်တော့မဆိုးဘူးနော်။

မကြိုက်ပါဘူး ဟာာာာ………..လောလောဆယ်ကွဲနေတဲ့အသည်းတောင်မပျောက်သေးဘူး။
 ပြီးတော့ သူ့ကိုလည်း ငါစိတ်မ၀င်စားဘူး………………..

နင်ကလဲအဲလိုမလုပ်ပါနဲ့ဟာ။သူကနင့်ကိုတကယ်ချစ်နေတာဘဲဟာ…………..

သူ့ဘက်ကနေရအောင် နင်ရှေ့နေခဘယ်လောက်ရလဲ ………………..
ဟွန်းးးးးးးးးးးးးးးးးပြောလိုက်ချင်ဘူးးးးးးးးးးးးတော်ပြီဟာ အဲအကြောင်းမပြောချင်ဘူး…………..

အပိုင်း(၃)

သူမကို ဖုန်းဆိုင်ထဲ အတင်းစွဲခေါ်နေသော ခိုင်လေးကြောင့် သူမ စိတ်ရှုပ်နေ၏။
ခိုင်လေးရယ်မလုပ်ပါနဲ့ဟာ------ငါမချစ်တဲ့ သူတစ်ယောက်ကို ဒဏ်ရာမပေးချင်ဘူး။
နေပါစေသူ့ ဟာသူ……………။

လုပ်ပါ သိဂီ င်္ရယ်  ငါခေါ်ပေးမယ် နင်ပြောနော်။

ပြောရင် ဖုန်းခေါ်နေသော ခိုင်လေးကြောင့် သူမစိတ်ညစ်နေစဉ်…………

ရော့ ရော့---လာနေပြီ……………. ပြောလိုက်ပါနော်။ လိမ်မာတယ်………မုန့်ဝယ်ကျွေးမယ်သိလားးးးးးး

ဇွတ်အတင်းတိုက်တွန်းနေသောခိုင်လေးကြောင့် သူမဖုန်းကို ကိုင်ကာ

ဟဲလို ……………..

မမလားဟင်………….
အင်းဟုတ်တယ်……………..

ပျော်လိုက်တာဗျာ တကယ်မထင်ထားဘူးးးမ ဖုန်းဆက်လိမ့်မယ်လို့………………

ဟုတ်လားးးး ငါ့နာမည်က သိဂီ င်္ပါ။

ဟုတ်ကဲ့…………… ကျွန်တော်လေ မ ကို အရမ်းသတိရနေတာ----------

ဒါဘဲနော် တာ့တာ့ …………..သူမ ဖုန်းကိုချလိုက်စဉ်

ဟဲ့ နင့်ဟာကလည်းစကားပြောပါဆိုမှ ငါ့နာမည်ကသိဂီ င်္ဆိုပြီး ချလိုက်စရာလားး။

အင်းလေ---------ငါကနောက်ဘာပြောရအုံးမှာလဲ……………..
ငါတကယ်မချစ်နိုင်ဘဲ လူတစ်ယောက်ရဲ့အသည်းကို မကစားချင်ဘူးခိုင်လေးရယ် …………
နင်ငါ့ကိုနာလည်ပေးပါဟာ…………….။

နင်က ကိုယ့်ကို ထားခဲ့တဲ့ သူတစ်ယောက်ကို တမ်းတနေတာ ငါမမြင်ချင်ဘူးသိဂီ င်္ရယ် ……
တကယ်ပြောတာပါ။ နင့်ကိုပျော်ရွှင်စေချင်တယ်………….

နင့်စေတနာကို ငါနားလည်ပါတယ်။ ဒါပေမဲ့………….

တော်ပြီ………..နင်ပြောမဲ့အကြောင်းက နင်ချစ်နေတဲ့သူကို မမေ့နိုင်သေးဘူးလို့ပြောမှာ ငါသိတယ်။
မပြောနဲ့တော့နော်……………

အပိုင်း(၄)

သိဂီ င်္

ကိုယ်အတွေးနဲ့ကိုယ်လမ်းလျောက်ရင်းးအနားရောက်လာသောနေမျိုး၏ ခေါ်သံကြောင့်
အော် ဘယ်သူများလဲလို့……………..

ဟုတ် သိဂီ င်္နေကောင်းလား မတွေ့တာတောင်ကြာပြီနော်……….
ကျွန်တော့်ဆီဘာလို့ ဖုန်းမဆက်တော့တာ လဲ……………
…………………………………
မခိုင်လေးတော့နေ့တိုင်းဆက်ပြီး သိဂီ င်္အကြောင်းတွေပြောတယ်……………..

ဟင်-------ဟုတ်လားးးးးးးးးးး

ဟုတ်တယ် -------- သိဂီ င်္က ကျွန်တော့ကိုဘယ်လိုသတိရတဲ့အကြောင်းတွေပေါ့………….

ဟုတ်လို့လားသူဖုန်းဆက်တာ………..

အော် တကယ်ပြောတာပါဆိုမှ မယုံရင် မခိုင်လေးလာရင်မေးကြည့်ပါအုံး မမရဲ့။

မဟုတ်ဘူးးးးးးးနင်မှားနေပြီ နေမျိုး …………
ငါကလေ နင့်ကိုငါဘယ်တုန်းကမှလည်းသတိမရခဲ့သလို ဘယ်တုန်းကမှလည်းမမေးခဲ့ဖူးဘူး………….
ငါ့စိတ်ထဲမှာ နင်က ရှိကိုမရှိခဲ့တာ ……………….
ရှင်းရှင်းပြောရရင် ငါ့မှာ နင့်ကိုချစ်ဖို့မပြောနဲ့ ခင်တဲ့စိတ်ကလေးတောင်မရှိခဲ့ဘူး တကယ်ပြောတာ။

ဗျာ သိဂီ င်္ တကယ်ပြောနေတာလားးးးးးးးးးး
သိပ်ရက်စက်တယ်ဗျာ………………
ကိုယ့်ကိုသိပ်ချစ်ခဲ့တဲ့လူတစ်ယောက်ကို သိဂီ င်္မို့အဲ့လိုစကားမျိုးတွေပြောထွက်တယ်နော်။
ကျွန်တော့ကို ချစ်ဖို့မပြောနဲ့ မခင်ဘူးဆိုတာ ကျွန်တော်ယုံပါပြီ……………….
 နှုတ်ဆက်ခဲ့ပါတယ် သိဂီ င်္…………..
နောက် ကျွန်တော့်မျက်နှာကို ဘယ်တော့မှ မမြင်စေရဘူး…………….
သိဂီ င်္မမြင်နိုင်တော့တဲ့ နေရာတစ်ခုကိုဘဲ သွားပါတော့မယ်……….
 သိပ်ချစ်မိခဲ့တဲ့ လူတစ်ယောက်အတွက် အမှတ်တရလေးတစ်ခုတော့ ယူသွားခွင့်ပြုပါနော် ။

အဲလိုပြောရင်းးးးးးးသူမလက်ကလေးကိုလှမ်းဆွဲလိုက်တာမို့ ရုတ်တရက်ဘာပြောရမှန်းမသိဖြစ်သွားခင်
သူမရဲ့ လက်ဖမိုးလေးပေါ်ရောက်လာတဲ့ နူးညံ့နွေးထွေးတဲ့ နှုတ်ခမ်းတစ်စုံကြောင့်
 ရပ်နေရင်းနဲ့ လေဟာနယ်တစ်ခုထဲကိုရောက်ရှိသွားခဲ့တယ်…………
အဲဒီတုန်းက သူပေးခဲ့တဲ့ အနမ်းက နှုတ်ဆက်အနမ်းဆိုတာ သူမ မသိခဲ့ဘူးးးးးးးးး။

အခန်း(၅)

မြင်တွေ့နေကျ ပုံရိပ်လေးတစ်ခုကို မမြင်လိုက်တာမို့ ရင်ထဲမှာ တစ်ခုခုလိုနေုသလို ခံစားလိုက်ရချိန်…..

သိဂီ င်္ ----------နင်ဘယ်သူ့ကိုမျှော်နေတာလဲ……
အော် ခိုင်လေး မမျှော်ပါဘူးးးးးးးးးး။
ငါသိပါတယ် သူငယ်ချင်းရယ် နင်နဲ့ ငါနဲ့ခင်နေတာလဲကြာပြီ နင့်မျက်လုံးတွေကို ငါဖတ်တတ်နေပြီ……..
နေမျိုးကိုဆိုရင်မမျှော်နဲ့တော့နော်………
နင်က သူ့ကို မုန်းနေတယ်လို့ ထင်သွားခဲ့တာလေ……….
နင်ဘာတွေပြောလိုက်မှန်းတော့ငါလည်းမသိဘူး…………..
သူကတော့ နင့်ကိုသိပ်ချစ်ပေမဲ့ နင့်အမုန်းကို မခံနိုင်ဘူးတဲ့…………..
သူသိပ်ချစ်ရတဲ့ နင့်ဆီက ခင်တယ်ဆိုတဲ့ စိတ်ကလေးတောင် မရခဲ့ဘူးတဲ့………..
နောက်ဘယ်တော့မှ နင့်ရှေ့ကို မလာတော့ဘူးတဲ့…………..
 ရော့-----သူပေးသွားခဲ့တဲ့ စာ။ ငါကနင့်အတွက်စေတနာနဲ့ မှားခဲ့တဲ့ အမှားကြောင့်
လူတစ်ယောက် ဘ၀ပျက်သွားမယ်ဆိုတာ ကြိုသိခဲ့ရင် ဒီဇာတ်လမ်းကို မစခဲ့ပါဘူးသူငယ်ချင်းရယ် ……
နင်ရဲ့ သိနေတဲ့စိတ်က လူတစ်ယောက်ကိုမမေ့နိုင်ပေမဲ့……………
 မသိစိတ်ထဲမှာ နေမျိုးဆိုတဲ့ ကောင်လေးတစ်ယောက်ရှိနေခဲ့တာ
နင်သူငယ်ချင်းဖြစ်တဲ့ ငါ တောင်သိနေခဲ့တယ်လေ…………

ငိုချင်နေတဲ့ စိတ်ကို ဖယ်ထုတ်ပြီး နေမျိုးပေးခဲ့တဲ့ စာလေးကိုဖွင့်ကြည့်လိုက်ချိန်…………..
ကဗျာလေးတစ်ပုဒ်ပါ့လားးးးးးးးးးးးးးးးး
ခေါင်းစဉ်မတတ်ထားပေမဲ့ စာရဲ့ ထိပ်ဆုံးမှာ သူမနာမည်လေးရေးထားတယ်။

သိဂီ င်္- - - -
မောင့်ရဲ့  အချစ် -ဒီတစ်သက်ဖြစ်၏။
ဆယ်သက်ချစ်လည်း -သိဂီ င်္ အမုန်း
မောင့်နှလုံးကို -အပ်ကွဲကြွေကျ
မြေသို့ ကျ၏။
လောကဆန်းကြယ် -မောင့်ရင်ခွင်ဝယ်
ဝေဖန်သောက -ပြောရပြန်လည်း
ရင်ခွင်နှလုံး - သေဆုံးပြီမို့
အလွမ်းတွေဝေ - အပန်းဖြေဖို့
ကမ်းခြေ ဆီမဟုတ်။
ဆန်းနေတဒီ - ကြမ်းလေရာသီ
မှန်းနေသည်က - သချိုင်းဆီသာ
ဖြစ်နေ၏။
ဒီနေ့ ဒီည - ဒီအချိန်မှာ
ဒီလိုဖြစ်မျိုး- အဖြစ်ဆိုးတွေ
တွေ့ကြူံလေရ - ဒီဘ၀မှာ
မောင်သာသေသင့် - မနေသင့်၍
ကြိမ်ဖန်များစွာ - စေရာဆီသို့
မောင်သာသွားခဲ့ - တရားမဲ့၏ ။
သာယာလောက -  လူ့ဘ၀မှာ
စည်ကားတစ်လူ - အများသူတို့
ပျော်နေလေရာ - ဒီကမ္ဘာမှာ
မောင်သာမသိ - ဆိပ်မျှားမိရန်
အိပ်စက်နေမှာ - သချိုင်းမှာ ။
ဒီဘ၀မသိ -နောင်ဘ၀ထိ
ချစ်မိနေမှာ - မောင့်အချစ်ဟာ
လူသူမသုံး - မောင့်နှလုံးကို
ပျက်ဆီးနေရ - ၀ဋ်ဒုက္ခမှ
အလွတ်ကင်းနိုင်တာ - နောင်သံသရာထိ 
တန်ရာမှန်းကြည့် - သေရာထိ
တစ်သက်သေဆုံး - ဆယ်သက်လုံးထိ
ခံမည့်နေမှာ - မောင့်အချစ်ဟာ
မောင့်လိုအဖြစ်မျိုး - အချစ်ဆိုးတွေ
ဒီဘ၀-ဒီမျှ -ဤမျှလောက်သာ
ခံနေပါရစေ ချစ်သူရေ- - - -။
                           နေမျိုး

ကဗျာလေးကိုဖတ်ရင်း သူမ မျက်လုံးမှာ မျက်ရည်တွေ သူ့အလိုလို စီးကျလာခဲ့တယ်……..
ကဗျာလေးကိုသူကိုယ်တိုင်ရေးထားခဲ့တာလားတစ်နေရာက ကူးထားခဲ့တာလားဆိုတာ
 သေချာမသိပေမဲ့ သူမအတွက်သူရဲ့ နောက်ဆုံးလက်ဆောင်ပေးခဲ့တဲ့ ကဗျာလေးပါ။
အနားမှာလူတစ်ယောက်ရှိနေရင် သူ့ရဲ့ တန်းဖိုးကို မသိပေမဲ့
အနားမှာမရှိတော့မှ အဲဒီလူဟာ ဘ၀မှာ ဘယ်လောက်အရေးပါခဲ့လဲဆိုတာ သိလိုက်ရပါပြီ……
ဒါပေမဲ့ သူ့မကို သိပ်ချစ်ပါတယ်လို့ ပြောခဲ့တဲ့ နေမျိုးဆိုတဲ့ကောင်လေးကတော့
သူ့ကို သူမက သိပ်မုန်းနေတယ်လို့ထင်နေလိမ့်မယ်………
ပြတ်သွားခဲ့တဲ့ ကြိုးတစ်ချောင်းကို ပြန်မဆက်ချင်တော့ပါဘူး…………
မုန်းနေတယ်လို့ ထင်နေတယ် သူ့စိတ်ကိုလည်း ဖြေရှင်းချက်မပေးချင်တော့ပါဘူး။
 နေမျိုးဆိုတဲ့ ကောင်လေးတစ်ယောက်ကတော့ ဘယ်ရောက်နေမှန်း ဒီနေ့အထိမသိရပေမဲ့
သူမကတော့ သူပေးခဲ့တဲ့ ကဗျာလေးနဲ့ သူပေးခဲ့တဲ့ လက်ဖမိုးပေါ်က အနမ်းလေးတစ်ခုကို
 အခုချိန်ထိ မှတ်မိနေပါသေးတယ် ဆိုရင်………..ပျော်နေမှာလားးးးးးးးးး ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့