ကမ်းခြေတွင် လေက တဖြူးဖြူးဖြင့်တိုက်နေ လေသည် ။ နွေရာသီမို့ လည်း ရာသီဥတုက ပူပြင်း လွန်းနေကာ နေဧ။်
အလင်းရောင်များကလည်း ဖြန့် ကျဲလို့ နေသည် ။ ဇင်ယော်ငှက်ကလေးတွေကလည်း ကမ်းခြေမှာ လျှောက်သွားနေကြ
လေသည် ။ ရေလှိုင်းသံတ၀ုန်းဝုန်းနှင့် ပင်လယ်ကမ်းခြေဧ။် အလှက ကြည်နူးဖွယ်ကောင်းလှပေသည်။
နှင်းဝေေ၀ တစ်ယောက်လည်း ပုလင်းလွတ်တစ်လုံးကို ကိုင်ကာ တစ်ဖက်ကလည်း စာရွက် အခေါက်ကလေး
တစ်ရွက်ကို ကိုင်လာပြီး ကျောက်ဆောင်တွေရှိရာဖက်သို့  စိတ်လှုပ်ရှားစွာဖြင့် လမ်းလျှောက်လာနေလေသည် ။
" ပဲာ့..နှင်းဝေေ၀ နင်ဒီပုလင်းကို လွှတ်ပစ်ရင် သစ္စာဆို အာရုံပြုပြီးမှ ပင်လယ်ထဲကို လွှတ်ပစ်လိုက်လို့ "ဆိုတဲ့ သူငယ်ချင်း
ဖြစ်သူရဲ့ မှာ ကြားချက်ကို နှင်းဝေေ၀ တစ်ယောက် နားထဲမှာ အထပ်ထပ်အခါခါ ကြားယောင်လို့ နေလေသည်။
စာရွက်ခေါက်ကလေးကို ပုလင်းထဲထည့် ၊ ပုလင်းအဆို့ လေးကို ပိတ်ပြီး နှင်းဝေေ၀ သူငယ်ချင်း ပြောတဲ့အတိုင်း"
ဤပုလင်းကိုကောက် ရပြီး ပုလင်းထဲကစာကို တစ်နေ့ ပြန်လာပေးသောသူသည် ကျွန်မဧ။် ဘ၀ လက်တွဲဖော် ဖူးစာရှင်
ချစ်သူ ဖြစ်ပါစေသား" လို့ တိုင်တည်သစ္စာဆိုပြီး ကျောက်ဆောင်ပေါ် ကနေ မတ်တပ်ရပ်ရင်း အားကုန် ပုလင်းလေးကို
ပင်လယ်ထဲသို့ လွှတ်ပစ်လိုက်လေသည် ။
ပုလင်းလေး ပါသွားရာ ပင်လယ်လှိုင်းကို နှင်းဝေေ၀ ကြည့် ပြီး အလာလမ်းအတိုင်း ခေတ္တတည်းခိုးရာ ဘန်ဂလို
သို့ ပြန်လာခဲ့ရင်း" ငါတော့ သူပြောတဲ့ အတိုင်း ယုံယုံကြည်ကြည်နဲ့ လုပ်ပြီးပြီ ။ တကယ်ဖြစ်လား မလားဆိုတာတော့
စောင့်ကြည့် ရမယ် ။ တကယ် ဖြစ်လာရင်တော့ သူငယ်ချင်းရေ ငါနင့်ကို မစမှာပါ.."လို့ စိတ်ထဲမှာ ပြောနေမိသည် ။
" ပော့ကောင်..မင်းထက်အောင်..ဘာလုပ်နေလဲ ။ကမ်းခြေဘက်လမ်းထွက်လျှောက်ရအောင်လေ."
" လျှောက်ချင်ဘူးကွာ..ပျင်းတယ်"
" မင်းကလည်း ကွာ ငါတစ်ယောက်တည်း လျှောက်ရမှာ ပျင်းလို့ ပါကွာ."
" ဒါဆိုလည်း လာပြီ.."
" ဒီကမ်းခြေလေးက သာယာပြီး အရမ်းကို နေချင်စရာကောင်းတဲ့ နေရာလေးနော်.."
" ဒါပေါ့ သူငယ်ချင်းရဲ့ ..."
" ပိာုနားက ကျောက်ဆောင်တွေဘက်ကို သွားကြရအောင်.."
" နေဦး..ပိာုသဲသောင် ပြင်နားကနေ ဖြတ်လျှောက်သွားကြမယ်လေ.."
" ကောင်းတာပေါ့..ခရုခွံတွေလည်း လှတာတွေ့ ရင် ကောက်ကြတာပေါ့.."
" ပာင်..ပိာုနားက ရေလှိုင်းလေးနဲ့ အတူ ပုလင်းလေးတစ်ပုလင်း သဲသောင်ပြင်ပေါ်မှာ ပါလား ။
ငါသွားကြည့် ဦးမှ .."
" ပော့ကောင်..ဘယ်သွားမလို့ လဲ..ကွ.."
" ပိာုနားက ပုလင်းလေး သွားကောက်မလို့ .."
" အေး..အေး "
" ဘာတဲ့...ဒီပုလင်းကို ကောက်ရပြီး ဒီစာကို ပထမဆုံး ဖတ်မိတဲ့သူက သူမရဲ့ ဖူးစာရှင်ဘ၀လက်တွဲ ဖော်ချစ်သူ
တဲ့။ ဘယ်က ရူးကြောင် မူးကြောင် ကောင်မလေး သိဘူး..ပေါက်ပါက်ရှာရှာဒီ ပုံစံအတိုင်းဆို ငါက သူ့ ဖူးစာရှင်ပေါ့..။
ရယ်ဖို့ ကောင်းလိုက်တာ..။
ဘာပဲဖြစ်ဖြစ် ဒီစာကို အမှတ်တရအနေနဲ့ ငါ သိမ်းထားမှ..."
" ပော့..ပုလင်း သွားကောက်မယ်ဆိုပြီး ဘာလုပ်နေတာတုန်း.."
" ဘာမှ မပာုတ်ဘူးပော့..လာပြီ..လာပြီ..."
အမေရိကန် ပြည်ထောင်စု ၊ နယူးယောက်မြို့ သို့ ကျွန်တော် ကျောင်းတက်ရန် ရောက်ရှိလာလေသည်။ တိုက်မြင့်
များစွာကို ကျွန်တော်တစ်ချက်လောက် မော့ကြည့် လိုက်ရင်း အဖေမှာလိုက်သော " အမေရိကား ဆိုတာ အတော့်တကာ
တွေကို စုထားတဲ့နေရာ..။ ကမ္ဘာပေါ်မှာ ရှိတဲ့ တော်သမျှ ကျောင်းသား ၊ ကျောင်းသူ တွေ အားလုံးပာာ အမေရိကားက
တက္ကသိုလ်တွေမှာ စုပြုံနေကြတယ် ။ အဲ့ထဲမှာငါ့သားကလည်း မြန်မာနိုင်ငံက လာတဲ့ ကျောင်းသားတွေ...တော်ကြောင်း
ပြသရမယ် ။ ဒါမှ မြန်မာဆိုပြီး ကမ္ဘာမှာ လက်မ ထောင်နိုင်မှာ..။ ဒါကြောင့် ငါ့သား စာကိုပြင်းပြင်းထန် ထန်ကြိုးစား "
ဆိုတာ ကို ကျွန်တော့်နားထဲမှာ ကြားယောင်လို့ နေ လေသည် ။
ကျွန်မ တက်ရတော့..နယူးယောက် ကျောင်းတော်ကြီးရဲ့  အ၀င်ပေါက်တံခါးဝမကြီးကို မော့ကြည့် ရင်း အမေ
့ကျွန်မကို လေဆိပ်ကထွက်ခါနီးမှာ ပြောကြားလိုက်သော " ငါ့ သမီး အမေရိကားဆိုတာ အတော့်တကာ အတော်တွေကို
စုထားတဲ့နေရာ ။ ငါ့သမီး ဒေါ်အောင်ဆန်းစုကြည် ကိုသိတယ်မလား ။ သမီးလည်း သူ့ လိုပဲ ကြိုးစား ။ သူ့ လိုပဲ
အောင်မြင်တဲ့ ကမ္ဘာကျော် မြန်မာအမျိုး သမီး တစ်ယောက်ဖြစ်အောင် ကြိုးစား ။ ဒါမှ မြန်မာဆိုတာ ပထမဆိုပြီး လက်
မထောင်ပြနိုင်မှာ " ကို ကျွန်မ ကြက်သီး မွှေးညှင်းတွေတောင် ထရင်း ကြားယောင် နေမိသည်။
ကျောင်းစာကြည့် တိုက်ထဲမှာတော့..လက်ပ်တော့..များနှင့် ..ကိုယ့် ပာာကိုယ် အလုပ်ရှုပ်နေကြ သောကျောင်း
သားများ ။ စာအုပ်များကို ပိာုလှန်ဒီလှန်စွာဖြင့် ဖတ်ရှုနေကြသော ကျောင်းသား ၊ ကျောင်းသူ များဖြင့် ပြည့် 
နှက်နေကြလေသည် ။
"အမလေး.."
" ဆောရီး...အယ် ..မြန်မာလို ပြောတယ် ။ မြန်မာက လာတာလားပာင်..."
" ပာုတ်ပါတယ်.."
" နာမည်ဘယ်လို ခေါ်လဲ.."
" နှင်းဝေေ၀ ပါရှင်."
" နှင်းဝေ လို့ ခေါ်လို့ ရ မလား."
" ရပါတယ်....ဒါ့ ထက် ပြုတ်ကျသွားတဲ့ စာအုပ်တွေ ကို ကောက်ပေးလို့ ရမလားပာင်.."
" ပာာ..ပာုတ်သားပဲ..။ ကျွန်တော့်ကြောင့် ဖြစ်သွားတာ...ပြန်ကောက်ပေးရမှာပေါ့.."
" နာမည်ဘယ်လိုခေါ်လဲပာင်.."
" မင်းထက်အောင်.လို့ ခေါ်ပါတယ်.."
" စာအုပ်တွေကို ကောက်ပေးတာ..ကျေးဇူးပဲနော်.."
"..ရပါတယ်..."
မင်းထက်အောင်..ဆိုတဲ့..ကျွန်မလို မြန်မာနိုင်ငံ ကလာရောက် ပညာသင်ကြားတဲ့သူပာာ ကျွန်မကို အရမ်း
အကူအညီ ပေးပါတယ် ။ စာတွေ နားမလည်တာရှိရင်လည်း ကျွန်မတို့ နှစ်ယောက်က မေဂျာ တူကြတာမို့ ..သူ့ ကို
မေးရင် စိတ်ရှည်ရှည်နဲ့  ဖြေပေးပါတယ်..။ ကျွန်မ လျှာရှည်ပြီး အောက်မကြည့် ဘဲ လမ်းလျှောက်ရာ အဆောင်လှေ
ကားပေါ်ကနေ ပြုတ် ကျပြီး ခြေထောက်ကျိုးတုန်းကလည်း သူကိုယ်တိုင်ကျွန်မကို ထမ်းပြီး ဆေးခန်းကို
အပြေးပို့ ခဲ့တာပါပဲ ။
ဂစ်တာတီးရတာ ၀ါသနာပါတဲ့ ကျွန်မအတွက် အဖော်ကလဲ သူပါပဲ ။ ဂစ်တာသာ တီးတတ်ပြီး ဂစ်တာကြိုးတွေ
ပျက်ရင် ပြန်မတပ် တတ်တဲ့ ကျွန်မရဲ့  ဂစ်တာကိုလည်း ကြိုးတွေပျက်တိုင်း သူကပဲ ပြန်တပ်ပေးနေတာပဲ ။ စိတ်ညစ်လို့ 
မြို့ ထဲ လျှောက်လည် မယ်ဆိုရင်လည်း သူကပဲ အဖော်လိုက်ပေးတာပါ..။ ကျွန်မ ရဲ့ ဓာတ်ပုံတွေကိုလည်း သူကပဲ ရိုက်
ပေးနေကြပါ ။ ရှော့ ပင်းဆိုလည်း မိန်းကလေးဖြစ်တဲ့ ကျွန်မထက်တောင် ပိုရွေးတတ်ပြီး ကျွန်မအတွက် အ၀တ်တွေရွေး
ပေးတတ်တဲ့ သူပါ ။ ယောကျာ်းလည်း ပီသပြီး လူတွေကိုလည်း အကူအညီပေးတတ်ကာ ကျွန်အပေါ်မှာလဲ အမြဲတမ်း
ကြင်နာ စွာဆက်ဆံတဲ့သူကို အမှန်အတိုင်းပြောရရင် ကျွန်မ ချစ်နေမိပါပြီ ။ ကျွန်မ စိတ်ထဲမှာလည်း ပိာုပုလင်း ချစ်သူ
ကတော့ အလကားမှားနေပြီလို့ ထင်နေမိပါပြီ ။ ဘာပဲဖြစ်ဖြစ် ကျွန်မဒါတွေကို ဂရုမစိုက်တော့ပါ။ ကျွန်မရင်ထဲမှာ
သူရှိနေပြီဘဲ..ဥစ္စာ ။
" နှင်းဝေရေ..နောက်တစ်ပတ်ကျရင်..စာမေးပွဲရှိတယ်နော်..။ စာတွေကော ရပြီလား.."
" ရပြီး..မောင်ရေ.."
" မောင်လို့ တောင်..အစ်ကိုမင်းထက်ကို ခေါ်နေပြီလား.."
"မင်းထက်နော်..ငါကနင့်ကို ချစ်လို့ မောင်လို့ ခေါ်တာကို.."
" ချစ်ရင် လည်းပာာ နင်ကလည်း.."
" လျှပ်တစ်ပြက် မောင်ကျွန်မကိုယ်ကို ဖက်လိုက်သောကြောင့် လန့် ဖျတ်သွားပြီ မောင်ဧ။်ကိုယ်ကို ကျွန်မ တင်းကြပ်နေ
အောင် ဖက်ထားမိသည်.....။ ကျွန်မဧ။် ဆံပင်များကို ဖယ်ကာ နဖူးကို ပွတ်သပ်နေသော မောင်ကို ကြည့် ရင်း..........
ကျွန်မအလိုလို ကြည်နူးမိ နေလေသည်.."
" ရုတ်တရက်..အာဘွားဆိုပြီး..နဖူးကို နမ်းလိုက်သော မောင်ကြောင့် ကျွန်မ မောင်ရဲ့ မျက်လုံးတွေကို ကြည့် ရင်း
အလိုလို မောင့်ကို ပြုံးပြမိလေသည်.."
" ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အပြုံးနဲ့ ကြည့် နေကြရင်း..မောင့်ရဲ့ ရင်ခွင်ထဲကိုကျွန်မ
ခေါင်းလေးတိုးဝင် မိလိုက်လေသည်...."
နောက်ဆုံး စာမေးပွဲကြီးလည်း ပြီးဆုံးလို့ သွားပြီ ။ လေးနှစ်ဆိုတဲ့ အချိန်ကာလကြီးကို ဖြတ်သန်းပြီးသော
အခါ ကျွန်မတို့ လည်း ကျောင်းပြီးကြလေသည် ။ မောင်နဲ့ ကျွန်မကလည်း ဂုဏ်ထူးတန်းကနေ..အောင်မြင်ခဲ့ကြကာ
မြန်မာဆိုတာ ပထမကို ပြနိုင်ခဲ့ကြလေသည် ။ ဒီနေ့ ..မောင်..ကျွန်မကို Brooklyn တံတားကြီးအောက်ကို လာခဲ့ပာု ချိန်း
ထာသောကြောင့် ကျွန်မ တံတားကြီးအောက်က မောင်ရှိရာသို့  အမှီလာခဲ့လေသည် ။ ချိန်းတွေ့ တိုင်း အမြဲတမ်း အရင်
ရောက်တတ်သောမောင်ကနေ ကျွန်မကို အပြုံးနဲ့ ဆီးကြိုလျက်ရှိကာ မောင်က ကျွန်မကို သူ့ ဘေးနားမှာ
ထိုင်စေလေသည်။
" ကိုယ်တို့ နှစ်ယောက် လက်ထပ်ကြရအောင်..." ဆိုတဲ့ မောင်ရဲ့ စကားကြောင့် ကျွန်မလေထဲမှာ ထခုန်ချင်
မတတ်အောင်..ပျော်ရွှင်မိကာ မောင့်ကို ဖက်လို့ နေမိသည် ။ မောင်..ကျွန်မ လက်မှာဝတ်ပေးသော ငွေရောင်လက်စွပ်
လေးကို ကြည့် ကာ မင်္ဂလာ လက်ဆောင် အကြိုဖြင့်ပေးသော မောင်ကိုကျွန်မ အလွန်အမင်း ကျေးဇူးတင်လို့ မဆုံးပါ..။
မောင့်ရဲ့ ပခုံးလေးကို မှီကာ ထိုင်နေရင်း လက်တွေကိုလည်း ချိတ်ထား မိသည် ။
" မောင်....နှင်းဝေ ကို ပြစရာ တစ်ခုရှိတယ်..."
" ပြလေး .မောင်.ဘာများလဲ့လို့ ...။ထူးဆန်းတာ တစ်ခုများလားလို့ .."
" နှင်းဝေ....ဒီမှာလေ....အဲ့စာရွက်ခေါက်ကလေးထဲက ရေးထားတဲ့ စာတွေကိုလည်း ဖတ်ကြည့် လေ.."
" ဘုရားရေ..ဒါ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ငါပုလင်းထဲကိုထည့် ပြီး ရေးခဲ့တဲ့စာတွေပဲ.."
" စာတွေက အရမ်း ရယ်ဖို့ ကောင်းတယ်မလား...ပုံစံအတိုင်းဆို မောင်က အဲ့စာပိုင်ရှင်ရဲ့ ဖူးစာရှင်ချစ်သူပေါ့..."
" မောင်...ဒီစာရွက်ကို ရတာ ဘယ်လောက် ကြာပြီလဲ..."
" ငါးနှစ်လောက်ရှိရောပေါ့.."
" မောင်...ကျွန်မ ဒီစာကို ရေးတယ်ဆိုရင် ကောယုံလား.."
" အင်း...ဒီစာကို ရေးတယ်ဆိုရင် ပောာ့ဒီ မောင်ချစ်သူ နှင်းဝေေ၀ကနေ အရမ်းကိုရူးတဲ့
အရူးအပေါကောင်မလေးဖြစ်သွားလိမ့်မယ်..."
" မောင် မယုံရင် ဒီမှာကြည့်..ကျွန်မ ဒီလက်ရေးနဲ့ ချွတ်စွပ်တူအောင် ရေးပြမယ်.."
" ဒါဆို နှင်းဝေက..."
" မောင်ပြောတဲ့ အရမ်းကို ရူးတဲ့ အရူးအပေါ ကောင်မလေးပေါ့.."
" တကယ်ရေးတာကော ပာုတ်ရဲ့ လား..ပာယ်.."
" တကယ်ပါဆို....အင်း...ဒါဆိုရင် သူငယ်ချင်း ပြောနေတာက မှန်နေပြီဘဲ.."
" မောင်က...ဒီစာကို ပြန်လာပေးတဲ့သူဆိုတော့.."
" မောင်ရယ်...ပြောစရာ ရှိသေးလား..မောင်က ကျွန်မရဲ့ ဖူးစာရှင် ဘ၀လက်တွဲဖော်ချစ်သူပေါ့.."
" မောင်...ကျွန်မကို သူ့ ရင်ခွင်ထဲဆွဲပြီး အကြင်နာပေးလိုက်သောကြောင့် ကျွန်မ အတိုင်းမသိအောင်ခံစားရပြီး ကျွန်မ
လည်း မောင့်ကို တင်းကြပ်နေအောင် ဖက်ထားမိလေသည်....."
" ထိုနေ့ ညနေခင်းကတော့ ကျွန်မနဲ့ မောင်အတွက်.............................................................
No comments:
Post a Comment