ချစ်တတ်ကြောင်းလေး ပြောပြမယ်
သူကချစ်တယ် ပြောတုန်းကတော့
မေ့မော လှိုင်ဝေ ရစ်မှုးနေခဲ့
သူက လွမ်းတယ် ပြောတုန်းကတော့
တမ်းတမိတယ် ချစ်ဦးမောင်ရယ်
သူက နွမ်းတယ်ပြောတုန်းကတော့
ရင်ဝယ်လန်းဆန်း ဖြစ်ချင်ခဲ့တယ်
သူက ဝေးမယ်ပြောတုန်းကတော့
မဖြစ်ဘူးထင်တယ် ချစ်ဦးသူရယ်
သူက တွဲ ကာလျှောက်လာပြတော့
ခံစားရတယ် မေ့အသည်းဘ၀င်မယ်
ဖြစ်ချင်တာဖြစ် စဉ်းစားပြန်တော့
ရက်စက်တာလား မေးမှာဆိုးတယ်
အခုတော့လည်း ကွယ်နာကျင်စရာ
ဒီပေလွာမှာ
နာကျည်းမှု့ ကိုခုတုံးလုပ်
ပုန်းခိုခွင့်လေးပေးပါကွယ်
ချစ်တတ်ကြောင်းတွေပြောချင်သေးတယ်....
No comments:
Post a Comment