Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

ကျီစားရာမှ ကြေကွဲရ

ကျီစားရာမှ ကြေကွဲရ
ဖြစ်ရပ်မှန်(၁)
ကျွန်တော်တွင်အလွန်အစအနောက်သန်သော သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါသည် သူငယ်ချင်းအလုပ်မှ ညနေ
ကားဖြင့ှ်ပြန်လာတိုင်း အိမ်ရှေ့မှစောင့်ကြိုနေသော ဇနီးကို ကားဖြင့်တိုက်မည်ပြုပြီးမှ ရုတ်တရက် ဘရိတ်အုပ်ပြီး
ကျီစယ်လေ့ရှိသည်။ဇနီးဖြစ်သူကလည်း သူ ယောက်ျားကိုအပြည့်အ၀ယုံကြည်သည်။ရှေင်ခြင်းတိမ်းခြင်းမရှိ
ရပ်နေလေ့ရှိသည်။
သူတို့ လင်မယားမှာတစ်ဦးကိုတစ်ဦးအလွန် ချစ်ကြသည်။တစ်နေ့ တွင်သူငယ်ချင်းအလုပ်မှ ပြန်လာသောအခါ
ထွက်ကြိုသည်မှာ ဇနီးသည်တစ်ယောက်ထဲမဟုပ်။ရှစ်နှစ်အရွယ်သမီးလေးနှင့်အတူ ဖြစ်သည်။
လင်ဖြစ်သူက ဇနီးနှင့်သမီးကို မြင်သောအခါ ထုံးဆံအတိုင်းကျီစယ်ခြင်၍ မောတော်ကားကို ဇနီးနှင့်သမီးထံ ဦး
တည်လိုက်သည်။ ဇနီးနှင့်သမီးက နောက်ပြောင်နေကြဖြစ်၍ မကြောက် လမ်းဘေးမှ သစ်ပင်ကြီးကိုမှီပြီးပြုံးပြုံးကြီး
ကြည့်နေကြသည်။နောက်ပြောင်လိုသူက ကားကိုစက်ရှိန်မြင့်ပြီး တည့်တည့်မောင်းဝင်လိုက်သည် အနီးသို့ ရောက်
မှ ကျွမ်းကျင်စွာ ဘရိတ်န၊ှင်းပြီးရပ်လိုက်သည်။သို့ သော် ကားကခါတိုင်းလိုတိကနဲ ရပ်မသွား ဘရီတ်ပေါက်ပြီး
ဇနီးနှင့်သမီးကို ပြင်းထန်စွာတိုက်ပြစ်လိုက်သည်။နောက်မှာ သစ်ပင်ကြီးရှိနေ၍ ဇနီးရောသမီးပါ သေဆုံးသွားကြ
သည်။
ကားမောင်းသူမှာ အပြစ်ဒဏ်လည်းခံရသည် တစ်သတ်လုံးမည်သို့ မျှဖြေ၍ ဖြေနိုင်စရာမရှိသည် ကြေကွဲဝမ်း
နည်းမှု့ မျိုးကိုလည်း ခံစားရသည်။ဆင်ခြင်တုံတရားကင်းမဲ့စွာ ကျီစားသန်မိ၍ ကိုယ်အလွန်ခစ်သော ဇနီးနှင့်
သမီးကို ကိုယ်တိုင်ကားဖြင့် တိုက်သလိုဖြစ်သွားရသည့် မိုက်မဲလွန်းသော ကျီစားမှု့ ပင်ဖြစ်သည်။
ဖြစ်ရန်မှန်(၂)
ရန်ကုန်အမြန်လမ်းဖောက်လုပ်စဉ်က ပဲခူး-ရန်ကုန်လမ်းပိုင်းမှာ ဖြစ်သွားခဲ့တာပါ။ ရွာနာမည်ကိုတော့ မဖေါ်ပြတော့
သလို နာမည်တွေလည်းလွဲထားခဲ့ပါတယ်။ ကောင်လေးက ရန်ကုန်ကပါ အမြန်လမ်းပိုင်းဖောက်လုပ်ရာမှာ ကောင်
မလေးနေတဲ့ ရွာနားလေးမှာ တာဝန်ကြရင်း တစ်ယေက်ကိုတစ်ယောက်ချစ်ကြိုက်ခဲ့တယ်။မြင်မြင်ခြင်းပဲ
ချစ်မိသွားတာတော့ ရှေးရေစက်လို့ ပဲ ဆိုရမှာပေါ့။ နေတိုင်းလိုလိုတွေမိကြတော့ သံယောဇဉ်ကအရမ်း ခိုင်မာခဲ့ပါ
တယ်။
ကောင်လေးကကောင်မလေးကို အရမ်းချစ်တော့ သမီးရည်းစားအဆင့်ထက်မပိုသလို ကောင်မလေးကလည်း
ဗိုင်းကောင်းကျောက်ဖိမိန်းခလေးပီသခဲ့ပါတယ်။မိဘတွေကအစသိရှိပြီးဖြစ်သွားလို့ ဘ၀ဟာအရမ်းကိုလှပခဲ့ပါတယ်
ဗျာ။ဆိုးရွားတဲ့အချက်က ကောင်လေးကအကျီစားအရမ်းသန်တယ်။သူစရင်အနည်းဆုံး ကောင်မလေးငိုမှ
ရပ်တယ်။ငိုပြီးရင်သူကိုယ်တိုင်ချော့တယ် စိတ်ဆိုးမပြေမခြင်းချော့တယ်။ ချစ်သူဘ၀မှာ အရမ်းပျော်ရွင်စရာဆိုပေမဲ့
……….ဘယ်လိုဆိုဆို ပျော်စရာနေ့ ရက်တွေပါပဲ။
လမ်းပိုင်းကလည်းပြီးတော့မှာ ဖြစ်သလို အချိန်တန်လို့ ဌာနေမပြန်ခင် ကောင်မလေးကို မင်္ဂလာဆောင်တော့မှာမို့
သူကတောင်းဆိုခဲ့တာပါ။ ငါတို့ တွေရှေ့ တစ်လကျော်ရင် မင်္ဂလာဆောင်တော့မယ် ငါနင်နဲ့ အတူတူ ညပိုင်းတွေ
တစ်ခါမှ မချိမ်းခဲ့သလို သူများရည်းစားတွေလို လင်မယားအရာ မရောက်သေးဘူးနော် ။ငါ့ကို ချစ်ရင်ဒီည (၁၂)
နာရီလောက်ရွာထိပ်ကို ထွက်ခဲ့ပါလားဆိုပြီး နောက်ပြောင်ကျီစယ်မှု့ ကိုလုပ်ခဲ့တယ်။သူ့ စိတ်ထဲကတော့ ဘာစိတ်
မှမရှိသလို ဗိုင်းကောင်းကျောက်ဖိလေးမို့  မလာဘူးလို့ တွက်ထားပြီးသားပါ။ထုံးဆံအတိုင်း ကောင်မလေးကငြင်း
သူကမခံနိုင်အောင်ပြော ပြောရင်းပြောရင်း ကောင်မလေးက သူ့ ရဲ့အပျိုဘ၀လေးကို မင်္ဂလာမဆောင်ခင်မှာ
တောင်းတော့ အရမ်းဝမ်းနည်းပြီးတော့ ငိုပြီး ထွက်ပြေးသွားခဲ့တယ်။အဲဒါတောင် ကောင်လေးက လှမ်းအော်လိုက်
တာက ငါ့ဒီညစောင့် နေမှာနော်တဲ့။ ကောင်လေးကစိတ်ထဲမှာ ဘယ်လိုမှမနေဘူး မနတ်ကျမှပဲကောင်မလေးကို
ချော့မယ် ဆိုပြီးအေးအေးဆေးဆေးပြန်သွားခဲ့တယ်။ သူကတော့ရှင်းတယ်ဆိုတာ နောက်ပြောင်ကျီစားမှု့ သတ်
သတ်ဆိုတော့ ဘယ်လိုမှမဖြစ်ဘူး မေ့မေ့ပျောက်ပျောက်ပဲနေခဲ့တယ်။
ကံများမကောင်းတာက ကောင်မလေးရဲ့ မိဘတွေက ပဲခူးမြို့ ကသူ့ အစ်မနေမကောင်းဘူး အသည်းအသန်ဖြစ်နေ
တယ်ဆိုတာနဲ့  ညနေပိုင်းထဲက မြို့ ပေါ်တက်သွားခဲ့တယ်။အိမ်ရောက်တော့ ဘယ်သူမှ မရှိဘူး။အဲဒီအချိန်ကောင်
မလေးက စဉ်းစားတယ် သူ့ ချစ်သူကချစ်လာကြတဲ့ သက်တမ်းတစ်လျှေက်လုံးမှာ အခွင့်အရေးဆိုတာတစ်ခါမှ
မယူခဲ့ဘူးအဆုံးစွန်းယူရင်ပါးကလေးပဲနမ်းခဲ့တယ်။ပြီးတော့ယူကြတော့မှာဖြစ်တဲ့အတွက်ရဲ့တောင်းဆိုမှု့ ကိုလိုက်လျှော
သင့်တယ်။ငါသူချိမ်းတဲ့ အချိန်နေရာကို သွားမယ်ဆိုပြီး သွားခဲ့တယ်။အရမ်းချစ်တော့ အမှောင်ဆိုတာမကြောက်ဘူး
သူ့ ရင်ထဲမှာသိတာက သူ့ ချစ်သူပျော်ရွင်ဖို့ အတွက် သူလုပ်နိုင်တာလေးကိုလုပ်ပေးဖို့ ပဲ။
ရွာထိပ်မှာ (၁၁ နာရီ ၄၅ မိနစ်) ထဲကချစ်သူကိုစောင့်ခဲ့တယ် လာမယ်ပေါ့။ချစ်သူကတော့ မလာပဲ (၁၂ နာရီ )တိ
တိလောက်မှာ လူယုတ်မာအမှုးသမားတွေရဲ့ လက်ချက်နဲ့  ကောင်မလေးရေတိမ်နှစ်ခဲ့ရတယ်။ကယ်သူဝေးတဲ့
လမိုက်ညပေါ့။
နေ့ လည်လောက်ကျမှ ကောင်လေးသူ့ အိမ်ကိုရောက်သွားခဲ့တယ်။ ချော့မယ်ပေါ့..တစ်အိမ်လုံးခြောက်ကပ်ပြီး
တိတ်ဆိတ်နေတဲ့ အိမ်အခြေအနေကြောင့် နေမကောင်းဘူးလားဆိုတဲ့ ပူပန်တဲ့စိတ်နဲ့ အိမ်ပေါ်ကိုအပြေးလေး
တက်ကြည့်တော့ အိပ်ရာပေါ်မှာ ပတ်လက်ကလေးသေနေတဲ့ အရမ်းချစ်တဲ့ ချစ်ရသူ ရင်ဖက်ပေါ်မှာ စာလေး
တစ်စောင်….. စာထဲမှာအရမ်းချစ်တဲ့ စိတ်ကြောင့်ချိန်းတဲ့နေရာကို သူအရောက်လာခဲ့တယ်ဆိုတဲ့အကြောင်း
ဒါပေမယ့် မောင်မလာခဲ့ဘူး မောင်အရမ်းစိတ်ဆိုးပြီးစိတ်မကောင်းဖြစ်သွားမှာကိုသူသိတဲ့အကြေင်းဒါကြောင့်ချစ်
တာတစ်ခုထဲနဲ့ ရောက်ခဲ့တယ့်အချိန်မှာအမှုးသမား တွေပဲရောက်လာပြီး သူ့ ကိုဝိုင်းပြီး စော်ကားခဲ့တယ်
ဆိုတဲ့အကြောင်းသူတို့ က(၃)ယောက်မို့ လို့ အားမတန်လို့ မန်လျှော့ခဲ့ရတယ် ဆိုတဲ့အကြောင်းနဲ့ သူအရမ်းတန်ဖိုး
ထားတဲ့ အပျိုဘ၀လေး လူယုတ်မာတွေကြောင့် ပျက်စီးခဲ့ရလို့  မသန့် စင်တဲ့ဘ၀လေးကို မောင်ကို မပေးရက်ဘူး
စသည်ဖြင့်ပေါ့။
ကောင်လေးအရမ်းခံစားသွားရတယ်ထင်ပါတယ်ဗျာ။ကောင်မလေးမိဘတွေပြန်လာတဲ့အချိန်တစ်ယောက်ကို
တစ်ယောက်ဖက်ပြီး သေနေတဲ့ ချစ်သူနှစ်ဦး ကောင်မလေး ရေးခဲ့တဲ့ စာကြောင့်အဖြစ်မှန်ကိုသိခဲ့ရပေမယ့်။အခု
ချိန်ထိတော့ပြောစမှတ်ပါ။ ကိုယ်ချစ်သူကို အမှုးသမားတွေရဲ့လက်ထဲ ထည့်ခဲ့သလိုဖြစ်နေတဲ့ နောက်ပြောင်မှု့ 
ကျီးစားမှု့ ။
သူငယ်ချင်းတို့ အတွက် တစ်ခုခုများ ဆင်ခြင်စရာလေးရမယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်ဗျာ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့