Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

ဟာသလေးများ အပိုင်း - (၂)

“ကမ္ဘာကြီး ရွာဖြစ်သွားရင်”
 
ယောက်ျား။ ။ မိန်းမရေ..ဒီဆောင်းပါးကို ကြည့်စမ်း။
 
ကမ္ဘာကြီးက ရွာတစ်ရွာ ဖြစ်သွားပြီတဲ့။ ကမ္ဘာ့ရှေ့ခြမ်းက အော်သံကို ကမ္ဘာ့ အနောက်ခြမ်းက
 
စက္ကန့်အပိုင်းအခြားနဲ့တင်ကြားနေရပြီတဲ့။

မိန်းမ။ ။ ဟင်... အဲ့ဒါမှ ဒုက္ခပဲ။ကျွန်မ ခုနက အီးကျယ်ကျယ် ပေါက်လိုက်မိတယ်...။
 
 
 
“၀ိသာခါကို မှီချင်တယ်”

မိန်းမ။ ။ ယောက်ျားရေ...ရာသီဥတုက ပူလိုက်တာ။ လူတစ်ကိုယ်လုံးလည်း ပူနေတာပဲ။

ယောက်ျား။ ။ မင်းကလည်း...ကွာ။အိုက်တယ်လို့ ပြောစမ်းပါ။ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း                                   
 
သြဘာနိမိတ်ထွန်းသတဲ့။မင်းက ပူတယ် ပူတယ်ပြောလိုက် ကလေးတစ်ယောက် မွေးလိုက်နဲ့

ခုတောင် ငါ ကလေး ကိုးယောက် အဖေ ဖြစ်နေပြီဟ။


မိန်းမ။ ။ အိုတော်.... ဘာများလဲလို့။ရှင်နော်.. ကျွန်မ “၀ိသာခါ” ကို မမှီသေးဘူး ရှင့်။
 
 
 
 
“ဒီ ဥပမာကို သိတယ်”

ဧည့်ခန်းတွင်ထိုင်ကာ အဖေနဲ့သား ဘ၀အကြောင်းကို ဆွေးနွေးနေကြ၏။

အဖေ။ ။ ဘ၀ဆိုတာ တိုက်ပွဲပဲ သားရဲ့။ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်တိုက်ခြင်းဟာ ဘ၀ပေါ့။

သား။ ။ အင်း...ဟုတ်မယ်နော်။ အဲ့ဒါကြောင့် အဖေနဲ့ အမေ ခဏ...ခဏ ရန်ဖြစ်တာ။
 
 
 
 
“ကဗျာ အလှဘွဲ့”

သူဌေးမ ၀၀ကြီးတစ်ယောက် ဆင်းရဲသော လူငယ်လေး တစ်ယောက်အား လက်ထပ်ယူလိုက်၏။ ထိုသူငယ်မှာ
 
သူမနဲ့ မယူခင်တည်းက ကဗျာရေးခြင်း ၀ါသနာပါမှန်း သူမ သိ၏။ ထို့ကြောင့် သူ့အား မင်္ဂလာဦးညတွင် သူမ၏
 
အလှအတွက် ကဗျာစပ်ခိုင်းလေသည်။ ထိုသူငယ်မှာလည်း ကြိုးစားပမ်းစား စပ်ပေးရှာပါ၏။ ၎င်းကဗျာမှာ

“လိပ်ခါး ဖားဖင်

ဆင်ခန္ဓာ ၀က်ကိုယ်လုံး

“၀” ကမ္ဘာ အလှမယ်မို့

စဥ့်အိုးက “ရှုံး”
 
 
 
 
“စကား မဆုံးသေးဘူး”

မနီ၏ အိမ်ရှေ့သို့ ရဲတစ်ယောက် ရောက်လာခဲ့၏။ ထိုရဲက မနီအားမြင်သောအခါ ၀မ်းနည်းသော လေသံဖြင့်

ရဲ။ ။ ဒီအိမ်က မနီရဲ့ အိမ်လား ခင်ဗျာ။

မနီ။ ။ ဟုတ်ပါတယ်ရှင့်။ ဘာများ အကြောင်းထူးလို့လဲ။

ရဲ။ ။ ခင်ဗျား ယောက်ျား ခင်ဗျားသုံးဖို့ ကားအသစ် တစ်စီး ၀ယ်လာတယ်ဗျ။

မနီ။ ။ အော်... ဘာများလဲလို့။ ဒါ ၀မ်းသာစရာ သတင်းပဲဟာ။ ရှင်က ဘာဖြစ်လို့ မျက်နှာမကောင်း ဖြစ်နေရတာလဲ။

ရဲ။ ။ နေအုံးလေ...ကျွန်တော် စကား မဆုံးသေးဘူးဗျ။ ကျွန်တော် အဓိက ပြောချင်တာက ခင်ဗျား ယောက်ျား
 
ကားအသစ်ကို စမ်းမောင်းရင်း ချောက်ထဲကျသွားတာ ပြောမလို့ပါ။
 
 
 
 
 
“ငါး အမြန်ကြော်နည်း”

ကုမ္ပဏီတစ်ခု၌ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပျှော်ပွဲရွှင်ပွဲများ ကျင်းပပေး၏။ ထိုပျှော်ပွဲရွှင်ပွဲထဲမှ ထူးထူးခြားခြား
 
ငါးအမြန်ကြော်နိုင်သူအား ဆုပေးမည့် အစီအစဉ်လည်း ပါဝင်၏။
 
ထိုပြိုင်ပွဲပြီးဆုံးချိန်တွင် ဆုရရှိသူမှာ ငါးအား တစ်စက္ကန့်တည်းဖြင့် အမြန် ကြော်နိုင်သူဖြစ်၏။
 
အဘယ်ကြောင့်ဆိုသော် ထိုသူက ငါးအား အောက်ကိုချ၍ ဟိုဘက် ဒီဘက် ခုန်ကျော်လိုက်သောကြောင့်ပင်။
 
 
 
 
“ဟုတ်သားပဲ”

ကျောင်း၌ သင်ထားသော သင်ခန်းစားများကို သားအား အမေက စစ်၏။

အမေ။ ။ သားရေ...ကမ္ဘာကြီးလုံးတယ်လို့ ဘယ်သူက ပြောခဲ့သလဲ။

သား ။ ။ ပထ၀ီသင်တဲ့ ဆရာမပါ...အမေ။
 
 
 
 
"အမွေဆက်ခံမိလို့"

" ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "

" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား "

" ဟင့်အင်း..ကျွှန်တော့်မိန်းမရဲ့ ပထမ ယောင်္ကျားပါ "
 
 
 
 
 
"ဆိုမှဆိုတက်ပဲဟာ"

" ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က
 
သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ "

" အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ "

" ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ "
 
 
 
 
"နည်းနည်းစောင့်ပါ"

ပထ၀ီဝင်ဆရာမ - " ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့သိသမျှ ပြောပြစမ်းကွာ "

တပည့် - " လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း ပြောပြပါ့မယ် "
 
 
 

"အချစ်အတွက်ဆိုရင်"

" အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ
 
လာပြီး တားလို့ မရဘူးကွ "

" ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် "

" စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ "
 
 
 
 
"သိနားလည်မှု"

" မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ "

" ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား တီးတက်ပါတယ် ။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ်ခင်ဗျာ "

" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ "
 
 
 
 
"သူ မှာထားခဲ့လို့"

" ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ "

" ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့
 
ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့
 
 
 


"အပူကိုယ်စားလှယ်"

" အခုတလော ကျုပ်မှာ ပူပင်စရာတွေများလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ "

" ကိုင်း.......ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ "

" အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ "
 
 
 


"မေမေ့ တာဝန်ထားလိုက်"

" အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက ငရဲရှိတယ် ဆိုတာကို
 
မယုံဘူးလို့ အကြောက်အကန် ပြောတယ် မေမေရဲ့ "

" လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်စမ်းပါ "
 
 
အားလုံးကိုလေးစားစွာဖြင့်...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့