Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

စိတ္တဇ အလွမ်း

ကောင်းကင်ရေ.............
မင်းဖြန့် ကျက်ထားတဲ့ ၀တ်ရုံလွှာရဲ့

အသေးငယ်ဆုံးသော ထောင့်တစ်နေရာမှာ
ငါမှီတွယ်ခွင့်ရခဲ့ရင်တောင်
ချစ်သူ့ ပုံရိပ် ငါအမြဲမြင်တွေ့ ခွင့်ရမှာနော်။
လေညင်းရေ.......
နူးညံ့စွာတိုက်ခတ်နေတဲ့ မင်းရဲ့အဟုန်မှာ
ငါ စီးမျောခွင့်ရခဲ့ရင်တောင်
ချစ်သူ့ ဆံနွယ်တွေ
ငါ နမ်းရှိုက်ခွင့်ရမှာနော်။
ဂစ်တာလေးရေ.........
ငါလည်းလေ မင်းလိုသာ
သံစဉ်တွေ ဖန်ဆင်းနိုင်ရင်
ချစ်သူ့ ရင်ခွင်မှာ ငါမှေးစက်ခွင့်ရမှာနော်။
အဓိပ္ပါယ်မဲ့တဲ့ အတွေးတွေနဲ့ အတူ
အကြိမ်ပေါင်းများစွာ သတိရစိတ်ကို
“အလွမ်း”ဆိုတဲ့ခေါင်းစဉ်အောက်
ထိုးသွင်းနေမိပြီ ချစ်သူရယ်............။        ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့